Posts

Showing posts from September, 2018

စာကြည့်တိုက်များအတွက် အထူးဈေးနှုန်းဖြင့် ကူညီဆောင်ရွက်ပေးဖို့ သတင်းကောင်းပါးအပ်ပါတယ်။

Image
စာကြည့်တိုက် တစ်ခု တည်ထောင်ခြင်းဟာ ခက်ခဲပါတယ်။ ဒီထက် ခက်ခဲတာ က ရေရှည်သွားဖို့ နည်းလမ်းပါ။ ကျွန်တော်တို့ လူငယ့်အားမာန် စာကြည့်တိုက် ကို အမြို့မြိ့အနယ်နယ်တိုင်း မှာ ရှိသော စာပေချစ်သူများ စာပေ မြတ်နိုးသူမျာ နှင့် ပြည်ပရောက် စာပေချစ်သူများ စာပေ မြတ်နိုးသူများ ထောက်ပံ့လှူဒါန်းငွေ ဖြင့် ရပ်တည် လည်ပတ် ရှင်သန်နေပါတယ် ။ ၆ နှစ် ထဲ ရောက်လို့ လာပါပြီ။ အလှူရှင်တွေ သည်လည် း လှူဒါန်းစရာသည် စာကြည့်တိုက် တစ်ခု တည်း မဟုတ်ပါ။ သာရေး နာရေး ရေဘေး မီးဘေး မိဘမဲ့ အစသဖြင့် လှူဒန်း စရာ အလီလီ ပေါများပါတယ်။ ဒီလို ပေါများ တဲ့ အခါ နှင့် စာကြည့်တိုက် ယဉ်ကျေးမှု က တောင်းဆိုတာတဲ့ တာဝန်ကြီးလာတဲ့အခါ ဝန်နှင့်အား မမျှတ တော့ပါဘူး။ စာကြည့်တိုက် သည် စာဖတ်ဖို့ တစ်ခု တည်းမဟုတ်တော့ဘူး။ ၁.တိကျတဲ့ သတင်းဖြန့်ဝေရာ တစ်ခု။ ၂.ကျန်းမာရေး စီးပွားရေး လူမှုရေး တစ်စုံတစ်ခု ထောက်ပံ့ပေးနိုင်ခြင်း။ ၃.လွတ်လပ်စွာ ဆော့ကစားလိုခြင်း။ ၄. နည်းပညာဖြင့် library စနစ်ကို မြင့်တင့်ခြင်း။ ၅. အလုပ်အကိုင် အခွင့်အလမ်းများ သင်တန်းများ ဖန်တီးပေးလိုခြင်း။ ၆.အင်္ဂလိပ်စာတတ် ကွန်ပျူတာ တတ်ဖြစ်စေချင်သောကြောင့် သင်တန်ဖွင့်လိုခြင်း အစသဖြင့် လိုအပ်မှုတွေ များပြားလျှ...

လူငယ့်အားမာန်တိုက် ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်ခဲ့ပုံ

Image
လူငယ့်အားမာန်တိုက် ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်ခဲ့ပုံလေးကို ပြန်လည်မျှဝေပါလို့ message ပို့လာလို့ပါ။ ၂၀၁၇ တုန်းက ရေးသားခဲ့သော အမှတ်တရလေးကို ပြန်လည် မျှဝေပါသည်။ အပိုင်း(၁) စာကြည့်တိုက် လုပ်ချင်စိတ်ဖြစ်လာအောင် တွန်းအားတစ်ခု ကတော့ မုံရွာ နည်းပညာတက္ကသိုလ် ကျောင်းစာကြည့်တိုက်မှာ အချိန်ပိုင်း ကူညီပေးဖြစ်ခဲ့ဖူးပါသည်။ စာကြည့်တိုက် သည် ကျောင်းစာကြည့်တိုက် ပြည်သူ့စာကြည့်တိုက် ရည် ညွန်းစာကြည့်တိုက် ဘယ်စာကြည့်တိုက်မျိုးမဆို ဖွင့်လှစ်ဖို့ အားပေးကြရမည်သာ။ တွန်းအားအဖြစ်ဆုံးကိစ္စရပ်နှစ်ရပ်ကတော့ မန္တလေးမြို့မှ အလည်လာသော ဦးလေးတစ်ယောက် ပြောဆိုတဲ့ စကား “မင်းတို့ရွာ ရိုင်းလိုက်တာ ရိုင်းမှာပေါ့ စာကြည့်တိုက်မှ မရှိတာဆိုတဲ့ စကားလုံးရယ် “ နည်းပညာတက္ကသိုလ်မုံရွာ ကျောင်းတက်နေစဉ်က ကျောင်းသားဆိုးတစ်ယောက် ဖြစ်ခဲ့သည့်အတိုင်း တစ်ဖိုင်းဖိုင်း စာမေးပွဲ ကျ တော့ ရပ်ရွာက နာမည်ပေးထားတာ “ကိုငွေတောင်းကြီးလာပြီဟေ့၊ ကုန်သည်ကြီးလာပြီဟေ့(ကုန်ရင်လာသည်သည့် ကုန်သည်)” တက္ကသိုလ်ကျောင်းထား စာစား မိဘများ မွဲဆေးဖော် တက္ကသိုလ် နော်။ ဟုတ် ဟုတ် မဟုတ်ဟုတ်။ ပညာရေးကို အားမပေးမှာ စိုးရိမ်မိပါသည်။ ဟုတ်တာတွေ ရှိခဲ့သလို မဟုတ်တာတွေလည်း ရှိခဲ့ပါ...