မျိုးဆက်သစ်လူငယ်များအတွက် လူငယ်ဖွံ့ဖြိုးရေး စင်တာ
ယနေ့ လူငယ် နောင်ဝယ်လူကြီး၊ ဟုဆိုပင်ငြားသော်လည်း လူငယ်များအတွက် ………. လူငယ်များအတွက် ……….. လူငယ်များအတွက် အစရှိသဖြင့် ……….. လူငယ်… လူငယ် … လူငယ် တသွင်သွင်ပြောဆိုနေပါသော်လည်း ။ ယနေ့ခေတ်တွင် လူငယ်များသည် အကြောင်းအမျိုးမျိုးကြောင့် တိုင်းတစ်ပါးတွင် သွားရောက် ကြိုးစား ရှာဖွေနေကြရပါသည်။ တစ်ဖက်တွင် ပြည်ပ နိုင်ငံခြား ဝင်ငွေ ရရှိပါသော်ငြားလည်းတစ်ဖက်တွင် လူသားအရင်အမြစ်များစွာ ဆုံးရှုံးနေသည်မှာ များစွာ ဝမ်းနည်းဖို့ ကောင်းပါသည်။ ထိုအချင်းအရာများကို တစ်ဖက်တစ်လက်မှ ထမ်းပိုးမည်ဟု စိတ်ရည်သန်လျှက်။ ၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းမှ စတင်၍ လူငယ့်အားမာန်စာကြည့်နှင့်လူငယ်ဖွံ့ဖြိုးရေး စင်တာ ပထမအဆင့်အနေဖြင့် စတင် ဆောင်ရွက် နေပါပြီဖြစ်ပါသည်။ ။ လူငယ်ဖွံ့ဖြိုးရေး စင်တာ ဆောက်လုပ်ရခြင်း ရည်ရွယ်ချက်မှာ ကျေးလက်နေ လူငယ်လူရွယ်များကို အလုပ်အကိုင် အခွင့်အလမ်းများတိုးတက်စေခြင်း၊ မူးယစ်ဆေးဝါးများ ရန်စွယ်မှ ကာကွယ် လွတ်မြောက်စေလိုခြင်း၊မိမိတို့ ဘဝများကို တန်ဖိုးထားတတ်စေခြင်း အလဟဿ ကုန်ဆုံးစေမည့် အချိန်များကို အသုံးချစေခြင်း၊ မိမိဘဝကိုမြင့်တင့်စေခြင်း မိမိ ပတ်ဝန်းကျင်ကို တိုးတက်ပြောင်းလဲနိုင် စွမ်းဆောင်စေခြင်း အစသဖ...