ဒီအိမ်ကလေးကတော့ သာဝတ္ထိရွာက အိမ်ကလေးပါ
ဒီအိမ်ကလေးကတော့
သာဝတ္ထိရွာက အိမ်ကလေးပါ
ဦးမြင့်တိုး+ဒေါ်လှလှတို့အိမ်ကလေးပါ(နာမည်လွှဲပါ)
ဒီအိမ်ကလေးကတော့ဇာတ်လမ်းလေးအနည်းငယ်ရှိပါတယ်
ဒီမိသားစုအိမ်ထောင်စကျခါစတုန်းကအမျိုးသားကသိပ်အလုပ်မလုပ်ပါဘူး
အနည်းငယ်စီးပွားရေးကလည်းမပြေလည်ပါဘူး
တစ်ညနေရောက်တော့
အမျိုးသမီးက ဟင်းစားမရှိလို့
လင်ယောက်ျားဖမ်းထား
တဲ့ငါးအရှင်တွေ ကိုချက်စားလိုက်မိတယ်
အဲဒီမှာလင်ယောက်ျားကပေါက်ကွဲပြီးမိန်းမကို
ချက်ထားတဲ့ငါးတွေကိုပြန်ရှင်အောင်လုပ်ခိုင်းပါတယ်
ငါးတွေမရှင်မချင်း
မိန်းမကိုရိုက်ပါတယ် အဲဒါနဲ့မိန်းမကစိတ်ဆိုးပြီး အိမ်ပေါ်ကနေဆင်းသွားပါတယ်
အဲဒီအချိန်
မှာ လသားကလေးအရွယ် သားလေးတစ်ယောက်ထွန်းကားထားပါတယ်
အမျိုးသမီး
ကလည်းပြတ်သားပါတယ် ကလေးငယ်ပါရင်လိုက်ခေါ်မှာမို့ ကလေးငယ်ရောယောက်ျားပါပစ်သွားပါတယ်
တစ်နေ့အဲဒီကလေးငယ်
နဲ့အလုပ်အတူတူလုပ်ကရင်းစကားစပ်မိပြော သူ့အကြောင်းကိုယ့်အကြောင်းပြောမိကြ တာပေါ့ ကလေးငယ်က
ရိုးသားပါတယ်
အလုပ်လည်းအရမ်း
လုပ်နိုင်ပါတယ် ဒါကြောင့် ကျွန်တော့အမျိုးတွေ အိမ်မှာ သူ့အတွက်
စားအိမ်သောက်အိမ်လည်းဖြစ်လာပါတယ်
ဒီလိုနဲ့
မင်းရည်ရွယ်ချက် ရှိလားလို့ မေးမိပါတယ် မဆိုင်းမတွပါပဲ ရှိပါတယ်တဲ့
ကျွန်တော်
အရွယ်ရောက် လို့ သွားတတ်လာတတ်ရင်
ကျွန်တော်
အမေ့ကိုမရ ရအောင် ရှာပြီး အဖေနဲ့ပေါင်းခိုင်းမယ်လို့
သူစိတ်ကူးကို
ပြောပါတယ် သူ့စိတ်ကူး သူ့အတွေး တစ်ထပ်တည်းကျပါတယ်
လူငယ်တစ်ယောက်
အတွေးစိတ်ကူးလက်တွေ့ကျပုံတွေကတကယ်ချီုးကျူးဖို့ကောင်းပါတယ်
သူ့အမေ ကသူ့လသားအရွယ်
ကထွက်သွားတာ ဖြစ်တဲ့အတွက် သူ့အမေကို မမှတ်မိပါဘူး
တောနယ်ဖြစ်တဲ့အတွက်
ဓာတ်ပုံတွေလည်း ရိုက်မထားမိဘူး သူ့အသက်နှင့်အမျှ ပါပဲ
အခုချိန် ကောင်လေးက အသက်နှစ်ဆယ်အရွယ် ပါ
ဒီလိုပါပဲ
ရွာ ထဲကအသက်ကြီးကြီးတွေ သူ့အမေနဲ့သိတဲ့အသိမိတ်တွေဆီကတဆင့်
နှစ်တွေအများကြီး
ကြာအောင်စုံစမ်းပြီး မှသူ့အမေကိုတွေ့ခဲ့တာပါ
အခုများဆိုရင်
ယောက်ျားကလည်း အသက်ကြီးပြီ မိန်းမ ကလည်းရင့်ကျက်သွာပြီ
နောက်ပြီး
တော့ ပျော်ရွှင်စရာကောာင်းတဲ့ မိသားစုလေးအဖြစ်ရပ်တည်နိုင်ပါပြီ
အားလုံးကိုကျေးဇူးတင်ပါတယ်
(တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ)
စိတ်ကလေး(ရွှေထိသား)
Comments
Post a Comment