ဒီကဗျာလေးကိုကြိုက်လို့ပြန်တင်ထားတာပါ
မုန်တိုင်းမိငှက်ငယ်ရဲ့
ငိုငြီးသံ
အမေ,
ဟိုး…ခပ်ဝေးဝေး
ယုဂန်စွန်းက
နေ၀န်းကွယ်ကာပျောက်လို့
လမသာသေးတဲ့
အချိန်မှာပေါ့
မရေရာတဲ့အတွေးနဲ့
highway ပေါ်မှာ
ပြန်စရာအိမ်
မရှိရှာဘူး အမေ…………။
မွန်းကြပ်လှတဲ့
မြို့ပြစနစ်မှာ
အကုသိုလ်ပန်းတွေ
ဝေပုံကလည်း
အဖူးပေါ်အညွှန့်တက်လို့
တပ်မက်စရာပါလား………………။
အမှောင်စိတ်ကို
ချောင်ပိတ်ပြီး
လောကဓံက တည်ခင်းတဲ့
အသီးအပွင့်တွေကို
မစားမိရလေအောင်
သား
ကြိုးစားပြီး
ရှောင်ရှားခဲ့ပါတယ်………။
ဒါပေမယ့်
အမေရယ်
အာကာပြင်မှာ
မိုးတိမ်ကင်းစင်ပြီး
လေတွေထန်နေလေလေ
သားမှာ ကြေကွဲရလေလေပါပဲ…………။
မုန်တိုင်းထန်တယ်ဆိုတာလဲ
တကယ်တော့
လောကဓံ တရားပါလား…………။
အိပ်စရာ မရှိတဲ့ညတွေမှာဆို
မိုးတွေ သိပ်ရွာတာပဲ
အမေရယ်………။
ဒါတွေကိုလည်း
အားမငယ်ပါဘူး
သား စိတ်ကူးထဲမှာ
မိုးခိုစရာ
အမေ့မေတ္တာ
ရှိနေတာပဲ………။
သား စိတ်ထဲမှာ
ပေါက်ကွဲချင်နေတာ
အမေ မသိဘူးလား…
လူတွေရဲ့
အပြုံးမှာ
ကုန်ဈေးနှုန်းတွေ
ပါနေတယ် အမေရဲ့……။
background
နဲ့ အ၀တ်စားကောင်းမှ
ဆက်ဆံတတ်တဲ့
လူတွေရဲ့
သဘောထားကို
သား
တူးတူးခါးခါး
မုန်းတယ် အမေ……။
ဒါပေမယ့်
အမေရယ်
သားကပဲ ရိုးသားခဲ့လို့လား
ဒါမှမဟုတ်
ဆွံ့အခဲ့လို့လား…
အဲဒီအပြုံးတွေကြားက
ရုန်းထွက်လို့
မရခဲ့ပြန်ဘူး………။
တစ်ခါတစ်လေလဲလေ
သားစိတ်ကူးထဲမှာ
သံသရာတေးတွေ
သီကျူးနေတဲ့
ငှက်ငယ်လေးတွေလိုပဲ
မွန်းကြပ်မှု့ကြားက
လွတ်လပ်စွာ
ပျံထွက်သွားချင်တယ်…………။
ထားပါလေ
ဘာပဲဖြစ်ဖြစ်ပေါ့
360 ဒီဂရီ
ရှိတဲ့ လူ့ဘ၀စက်ဝန်းကြားမှာ
သားဟာ
ရိုးသားခဲ့ပါတယ်
အမေ…
ဒီစကား တစ်ခွန်းဟာ
သားရဲ့ နှလုံးသားထဲမှာ
ပဲ့တင် ထပ်နေပါလိမ့်မယ်…………။
»»» သူစင်ကြယ်
«««
*** ဒီကဗျာလေးကို
ဆရာမောင်ချောနွယ်ရဲ့ ' ကြယ်ပြာလေးနဲ့ထမင်းစားပြီတဲ့နောက်' ကဗျာကို မှိငြမ်းရေးထားတာပါ…
မူရင်းကဗျာမှ
စကားလုံးတချို့( တော်တော်များများလဲဖြစ်ချင်ဖြစ်မှာပါ )
Comments
Post a Comment