မှတစ်ပါး အခြားမရှိပြီ

စာဖတ် ပရိတ်သတ်ကို မိတ်ဆက်ပေးချင်တဲ့ စာအုပ်ကလေးကတော့ မိုးမိုး(အင်းလျား) ရေးသားထားသော
မှတစ်ပါး အခြား မရှိပြီ ဆိုတဲ့ သတ္တမအကြိမ်မြောက် လုံးချင်းဝတ္ထုဖြစ်ပါသည်။
ဝတ္ထုတွင် အပိုင်းသုံးပိုင်းဖြင့် ရေးသားထားသည်ကိုတွေ့ရပါသည်။ အပိုင်း(တစ်) တွင် အစ်ကိုထွန်း ဟုခေါ်သော ကိုအောင်ထွန်း။ မယ်မြ ၏ ချစ်လှစွာသော ခင်ပွန်း ဆုံးပါးသောအခန်းဖြင့် စတင်ဖွင့်ထားပါသည်။ စကားလုံးသိပ်သည်းအားကောင်းခြင်း ရှင်းလင်းခြင်းကြောင့် စာဖတ်သည် မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်စေပါသည်။
ဖခင်ဆုံးပါးချိန်တွင် အရွယ်မရောက် လူလားမပြောက်သေးသော သမီးအငယ်ဆုံး မိသက်၊ဂျစ်ကန်ကန် ဖြင့် စိတ်ရင်းကောင်းသော မိခင်အချစ်ဆုံးဟု သတ်မှတ်ခံရသော အောင်စိုး၊ အစ်ကိုကြီး အဖ ရာ ဟု သတ်မှတ်တည်ကြည် သော အစ်ကိုကြီး မျိုးထွန်း၊စာအသင့်အသင့် တော်သူ နှင့် ဖခင်ချီးမွမ်းခံရဆုံး နှစ်ယောက်
ခင်ကြိုင် နှင့် အောင်တိုး။
မိဘမဲ့လာရှာသော မမြအေး ကြီးတော် တွေ အုပ်ထိန်းသူတွေ က တွန်းတွန်း ထိုးထိုး ဖြင့် ပေးစားလိုက်သဖြင့် ယောင်လည်လည်ဖြင့် ယောကျာ်းရ။ ယောကျ်ားအား ချစ်ကြောက်ရိုသေ ဖြင့် မထိန်းနိုင် မသိမ်းနိုင်၊
နောက်ဆုံး မြေချ ချိန် သားသမီး ငါးဦး ဖြင့် အိမ်ကြီး ရခိုင်ဘဝမှ အောက်ခြေ လူတန်းစားတစ်ရပ်အဖြစ် လှုပ်ရှား ရုန်းကန်ပုံ။
အပိုင်း(၂) အနေဖြင့်
ယောက်ျား မရှိတော့သည့်နောက်ပိုင်း မိန်းမ တစ်ယောက် မာန မိန်းမတစ်ယောက် ချစ်ခြင်းမေတ္တာတရား၊ မိခင်တစ်ယောက် ဇွဲနပဲ ကြီးပုံ၊ သမီးတစ်ကောင်း နွားတစ်ထောင် ထိန်းရသကဲ့သို့ ခက်ခဲ့ပုံ။
ဆိုးသွမ်းသော သားအောင်စိုးကို အချစ်ပိုလျှက် အလိုလိုက်တတ်သော မိခင်တစ်ယောက်၊ မျှော်လင့်ထားသလို ဖြစ်မလာသော သားသမီးတွေ ပညာရေး၊ ပညာတတ်ဖြစ်ပြီး ပြောင်းလဲ သွားသော သားသမီး စိတ်ထားများ
သမီးဖြစ်ချိန်တွင် မိခင်တစ်ယောက် ဆိုးဆုံမသံသည် ထိန်းချုပ်မှု အားကြီးခြင်း၊ စီးပွားရေး တစ်ဖက် ၊ သားရေးသမီးရေး တစ်ဖက် ဖြင့် မိခင်အိုတစ်ယောက်ကို နားလည် မပေးနိုင်၊ မိမိကိုယ်တိုင် မိခင်တစ်ယောက်ဖြစ်ချိန် ပြန်လည် ခံစား မျိုသိပ်ခဲ့ရသော ဝဋ္ဋ်ကြွေး ၊ လင်ယောက်ျား ကောင်း ဟူသည် အဘယ်မျှဖြင့် လို့ ပေါ့ပေါ့ပါးပါး သတ်မှတ်ခဲ့သော သမီး ခင်ကြိုင်၊ နောက်ဆုံးအချိန်ထိ နောက်ဆုံးတင်း စိတ်မချဖြစ်သော သား အောင်စိုး၊ အစ်ကို ကြီး ပီသလွန်းသော မျိုးထွန်း၊ အလုံးက မျှော်အလင့်ဆုံး အောင်တိုး၊
အငယ်ဆုံးလေး မိသက် ၊ သားသမီး များ နှင့် မိခင်အို၊ မိခင်အို ပူလောင်မှု ၊ မိခင်အိုကြီး ရုန်းကန်မှု၊ မိခင်အိုကြီး ထားရှိသော မေတ္တာ တရား ၊ ဘယ်သူ နားချလို့ မှ သာသမီးတွေ ပညာရေး အတွက် နောက်မတွန့်သော မိခင်၊
အပိုင်း(၃)
ဘယ်လို အခြေအနေ မျိုး ရောက်နေပါစေ။
မိခင်အိုတို့ နှလုံးသား သည် အမြဲတစေ သားသမီးတို့ အပေါ်တွင် ပေးဆပ်လိုသော အဖြူရောင် ကြယ်တာရာ အလင်းတန်း တစ်ခုလိုပါ။
ဝတ္ထုကောင်းတစ်ပုဒ်ဟု ညွန်းဆိုချင်ပါသည်။ 


စာအုပ်အမည်-မှတစ်ပါး အခြား မရှိပြီ။
ရေးသူ-မိုးမိုး(အင်းလျား)
အကြိမ်ရေ-ဒုတိယအကြိမ်-၁၉၉၈ (ပထမအကြိမ်-၁၉၇၈)
ထုတ်ဝေသည့်စာပေ-အင်းလျား
စာအုပ်တန်ဖိုး -၁၂၀၀
ကိုလတ်စာပေမှ ဝယ်ယူခဲ့သည်။

သာဝတ္ထိ-လူငယ့်အားမာန်စာကြည့်တိုက်
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်
ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်