အင်္ဂလိပ်စာသင်တန်းအတွက် မတ်လကုန် စာရင်းပိတ်မည်။
လူငယ့်အားမာန်စာကြည့်တိုက် ကို သာဝတ္ထိပညာဒါန မှ ဆရာကြီး ဦးဝင်းကြိုင် နှင့် အတူ ဆရာ ဆရာမ များ ကျောင်းသား ကျောင်းသူ များက သန့်ရှင်း သပ်ရပ်သွားအောင် လာရောက် လုပ်ဆောင်ပေးခဲ့ပါသည်။
စာကြည့်တိုက် တစ်ပတ် သုံးရက်ဖွင့် ချိန်တွင် စာအုပ် ငှားရမ်းခြင်း စာအုပ်လက်ခံခြင်း စာအုပ်ရှာဖွေခြင်း စာအုပ်ငှားရမ်းသူဖြင့် စာအုပ်အကြောင်း စာပေအကြောင်း ဆွေးနွေးခြင်း ဖြင့် စာကြည့်တိုက် မှူး ခမျှာ နားရသည်ဟု မရှိပဲ စာကြည့်တိုက်ကို အဆင်ပြေသလို လည်ပတ်ထားလျှက်ရှိပါသည်။
ကွန်ပျူတာသင်တန်း(၁၁လုံး ရှိ- ၄ လုံးပျက် - ၇ လုံးဖြင့် သင်ကြားလည်ပတ်နေပါသည်။
ဆက်လက်၍ အမြန်ဆုံးပြင်ဆင်နေပါသည်။
အင်္ဂလိပ်စာ သင်တန်း ကို ရန်ကုန်မြို့ ဆရာကြီး ဦးမြကြိုင် ပညာဒါနမှ
ဆရာမ တစ်ယောက် လာရောက်သင်ကြားပေးမည် ဖြစ်ပါသည်။
မတ်လ ကုန် နောက်ဆုံးထားပြီး စာရင်းပေးသွင်းရန် လိုအပ်ပါသည်။
စာကြည့်တိုက် တစ်တိုက်ဖွင့်ခြင်းသည် ထောင်တံခါးတစ်ချပ်ပိတ်ခြင်းနှင့် တူပေးသည် ဟု ဖတ်ဖူးပါသည်။
ထိုစာကြည့်တိုက်သည် အမြဲတမ်း သက်ဝင်လှည်ပတ်နေသော စာကြည့်တိုက် ဖြစ်ရန် လိုအပ်သည်။
ထောင်ပိတ်သည် မပိတ်သည်တော့ မသိပါ။
နွေရာသီ ကျောင်းပိတ်ရန်တွင် ကလေးငယ်များ အသိပညာအတွက် နားခိုရန် အိုအေစစ်တစ်ခု အဖြင့် ဖန်တီးပေးနိုင်မည်ဆိုလျှင် ကျေနပ်နေပေတော့မည်။
လေးစားစွာဖြင့်
လူငယ့်အားမာန်စာကြည့်တိုက်
PhotoCredit:Nwe Nwge Yin Aye
Comments
Post a Comment