Posts

Showing posts with the label သတင်း

လူကို လူဖြင့် ပြန်လည် ကုစားခြင်း

၁)များပြားလာတဲ့ အလုပ်တာဝန်တွေ နဲ့ စာကြည့်တိုက်မှူး လူငယ့်အားမာန်စာကြည့်တိုက်မှူး ဟာ ခေတ်ပညာတတ် မိန်းကလေးတစ်ဦးပါ။ သူဟာ သာဝတ္ထိ တစ်ယောက်ဖြစ်ကြောင်း အထူးထောက်ခံချက် မလိုပါဘူး ။ ဘူးတီး နဲ့ ဝက်တား ဆိုရင် သာဝတ္ထိသူ သာဝတ္ထိသားပါပဲ ဒါဟာလည်း ငယ်စဉ်က ရှက်စရာ ကောင်းလို့ ပီပြင်အောင်ပြောခဲ့ကြသလို အသက်ရွယ်ရလာချိန်မှာ တစ်နည်း ချစ်စရာ့ စကားသံ တစ်ခု ဖြစ်လာခဲ့တာပါပဲ။ သူမဟာ အသက်အရွယ်အားဖြင့် သုံးဆယ်ဝန်းကျင် ၊ အသားညိုညို ၊ ဆံပင်ရှည်ရှည် ၊ အရပ်အမောင်း ကောင်းကောင်း နဲ့ ကလေးတွေကို ပြုစုပျိုးထောင်ပေးနေသူ တစ်ယောက်ပါ။ စာကြည့်တိုက်တာဝန်ဝတ္တရားများ အနေဖြင့် ၊ အသစ်ဝင်သော စာဖတ်သူ အသစ်များ စာရင်းသွင်းခြင်း၊စာအုပ်အသစ်များ ရရှိလာခဲ့သော် စာရင်းသွင်းခြင်း၊ တံဆိပ်တုံးထုခြင်း၊တစ်ပတ် နှစ်ရက် စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ စာအုပ်ငှား၊စာအုပ်အပ်၊စာကြည့်တိုက်စာလာဖတ်သူ စာရင်း၊စာဖတ်ရှိန် မြင့်တင့်ခြင်း Activity တစ်လတစ်ကြိမ်ဆောင်ရွက်ခြင်း၊ပုံပြောပြောခြင်း၊ပုံဆွဲလေ့ကျင့်စေခြင်း၊နှစ်ယောက် တစ်တွဲ သုံးယောက်တစ်တွဲ စာဖတ်စေခြင်း၊အုပ်စုလိုက်စာဖတ်ပြီး ပြန်လည် ရှင်းပြစေခြင်း၊ကွန်ပျူတာ အခြေခံသင်တန်း၊Scratch Programming အခြေခံ သင်တန်း၊အင်တာ...

အားကောင်းမောင်းသန် စီးဆင်းလာသော မြစ်တစ်စင်းအတွက် ရပ်တန့်စေသော Covid-19

Image
ရွှေဘိုမြောက်ခြမ်း မှ ရွာကလေးတစ်ရွာ ၊ ပညာရေးကို ကြိုးစားမြင့်တင့်လိုသော ရွာကလေး။ စာကြည့်တိုက်ဦးဆောင်သူများ မှ တဆင့် ချိပ်ဆက်ကာ ရန်ကုန်မြို့ ဆရာကြီး ဦးမြကြိုင် ပညာဒါန သို့ နှစ်စဉ် နှစ်တိုင်း လျှောက်လွှာတင်ပြီး လျှောက်ထားခဲ့ပါသည်။ ယခုနှစ်ပါဖြင့်ဆို သုံးနှစ်မြောက် သုံးကြိမ်မြောက် ရှိခဲ့ပါပြီ ။ (၂၀၁၈,၂၀၁၉,၂၀၂၀) တစ်ဆက်တည်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ တစ်နှစ် နှင့် တစ်နှစ် ပြောင်းလဲလာ၊ စိတ်ဝင်စားမှုမြင့်လာပြီး ပညာရေး ကို တိုးတက်မြင့်မားလိုသော နီးစပ်ရာ ကျေးရွာများဖြင့် ပူးပေါင်းခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ကျောင်းသားအင်အား ခန့်မှန်း ၄၀၀ ဝန်းကျင်ခန့် တက်ရောက်လာသည်ကို တွေ့ရပါသည်။ အခက်အခဲပေါင်းများစွာဖြင့် ချိပ်ဆက်ဆောင်ရွက်ရသည်ဖြစ်သည့်အတွက် စိတ်မော လူမော ဖြစ်ခဲ့ရသည်များလည်း ရှိပါသည်။ မည်သို့ပင် ခက်ခဲစေသော်လည်း အင်္ဂလိပ် နှင့် အင်တာနက် မတတ် မြို့မတက် နဲ့ လို့ ပြောမယ်ဆိုရင် ပြောလို့ရပါသည်။ တစ်ဆက်တည်း တက္ကသိုလ်ပညာရေး ကိုပဲ သွားသွား အပြင်အလုပ်အကိုင်အခွင့်အလမ်းဘက်ကိုပဲ သွားသွား ထို နှစ်ချက် သည် များစွာ လိုအပ်ပါသည်။ သာဝတ္ထိအပြင် ၊ ရွှေကာ ၊ မုံလှ ၊ သရက်ကုန်း ၊ မြင်းကျ ရွာများ ဖြင့် ပူးပေါင်းပြီး နောက်နှစ်များ...

စာဖတ်ရင်ဘာရမှာလဲ?

စာကြည့်တိုက်သွားလို့ ဘာထူးမှာလဲဆိုတဲ့ အမေးကို ဖြေဖို့ ကြိုးစားနေပါတယ်။ Community Center နှင့် စာကြည့်တိုက်ဆိုတာ မနက်ဖြန် သဖက်ခါ ပွင့်မယ့် ပန်းခင်းမဟုတ်ပါဘူး။ တစ်သက်လုံးစာ အစွမ်းကုန်ပွင့် မယ့် လူသားအရင်းအမြစ် ဆိုင်ရာ အိုအေစစ် ဌာနဖြစ်ပါတယ်။ ၂၀၁၂ က ကျွန်တော် ဒီလို ပြောခဲ့တယ်။ ပညာရေးကို အားပေးပါ လို့ တစ်အိမ်တက်ဆင်း မပြောနိုင်ဘူးလေ အသိဉာဏ်ဗဟုသုတအတွက် စာကြည့်တိုက်ဖွင့်လိုက်တယ် ၂၀၂၀ မှာ ကျွန်တော် ဒီလို ပြောနိုင်ဖို့ကြိုးစားနေပါတယ်။ ပညာရေးကို အားပေးပါလို့ ကျေးရွာအပြင် တစ်နယ်လုံး ပြောနိုင်ဖို့ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းအတွက် စာကြည့်တိုက်အပြင် Youth's Strength Development & Community Center ဆောက်ခဲ့တယ်။ Community Center အဆောက်အဦး မပြီးသေးသော်လည်း Community Center တစ်ခု အနေဖြင့် ဆောင်ရွက်နေသော အကြောင်းအရာများ ၁)ပညာရေး *Computer သင်ကြားပေးခြင်း *Internet and Email သင်ကြားပေးခြင်း *Scratch Programming သင်ကြားပေးခြင်း *Youtube သုံးစွဲခြင်း (Child) *ရန်ကုန်မြို့ ဆရာကြီး ဦးမြကြိုင်ပညာဒါနဖြင့် ချိပ်ဆက်ပြီး အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်ခြင်း (၂၀၁၈,၂၀၁၉,၂၀၂၀) * လူငယ် နှင...