စာဖတ်ရင်ဘာရမှာလဲ?

စာကြည့်တိုက်သွားလို့ ဘာထူးမှာလဲဆိုတဲ့ အမေးကို ဖြေဖို့ ကြိုးစားနေပါတယ်။ Community Center နှင့် စာကြည့်တိုက်ဆိုတာ မနက်ဖြန် သဖက်ခါ ပွင့်မယ့် ပန်းခင်းမဟုတ်ပါဘူး။ တစ်သက်လုံးစာ အစွမ်းကုန်ပွင့် မယ့် လူသားအရင်းအမြစ် ဆိုင်ရာ အိုအေစစ် ဌာနဖြစ်ပါတယ်။ ၂၀၁၂ က ကျွန်တော် ဒီလို ပြောခဲ့တယ်။ ပညာရေးကို အားပေးပါ လို့ တစ်အိမ်တက်ဆင်း မပြောနိုင်ဘူးလေ အသိဉာဏ်ဗဟုသုတအတွက် စာကြည့်တိုက်ဖွင့်လိုက်တယ် ၂၀၂၀ မှာ ကျွန်တော် ဒီလို ပြောနိုင်ဖို့ကြိုးစားနေပါတယ်။ ပညာရေးကို အားပေးပါလို့ ကျေးရွာအပြင် တစ်နယ်လုံး ပြောနိုင်ဖို့ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းအတွက် စာကြည့်တိုက်အပြင် Youth's Strength Development & Community Center ဆောက်ခဲ့တယ်။ Community Center အဆောက်အဦး မပြီးသေးသော်လည်း Community Center တစ်ခု အနေဖြင့် ဆောင်ရွက်နေသော အကြောင်းအရာများ ၁)ပညာရေး *Computer သင်ကြားပေးခြင်း *Internet and Email သင်ကြားပေးခြင်း *Scratch Programming သင်ကြားပေးခြင်း *Youtube သုံးစွဲခြင်း (Child) *ရန်ကုန်မြို့ ဆရာကြီး ဦးမြကြိုင်ပညာဒါနဖြင့် ချိပ်ဆက်ပြီး အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်ခြင်း (၂၀၁၈,၂၀၁၉,၂၀၂၀) * လူငယ် နှင့် တက္ကသိုလ်ရွေးချယ်ခြင်း စကားဝိုင်း ၂)လူမူအရေး *စကားပြော စွမ်း ရည် မြင့်မားစေရန် *ဆွေးနွေးခြင်း စွမ်းရည် မြင့်မာစေရန် *ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်း စေရန် စကားပြော ဆွေးနွေးဝိုင်း များ ၊ စာဖတ်ဝိုင်းများကို အခါအားလျော်စွာ ဆောင်ရွက်ခြင်း ။ ၃)ကျန်းမာရေး *Covid-19 ကြိုတင်ကာကွယ်ခြင်း နှင့် ဆောင်ရန် ရှောင်ရန်များကို မြို့နယ် ဆေးရုံအုပ်ကြီး မှ လာရောက်ဟောပြောပေးခြင်း။ *Outdoor Gym Equipment များရရှိအောင် သက်ဆိုင်ရာမြို့နယ် လွတ်တော် အမတ်များ နှင့် အတူ ဆောင်ရွက်ခြင်း *ဆယ်ကျော်သက် မိန်းကလေးများ ကျန်းမာရေး အခါအားလျော်စွာ ဆွေးနွေးခြင်း *Covid-19 TharWutHti Team ဖြင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ခြင်း ၄)နိုင်ငံရေး *လက်ရှိအခြေအနေအထိ ကူညီနိုင်ခြင်း မရှိသေးပါ ။ အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်သွားပါ့မယ် (ဥပမာ ၊ စနစ်တကျ မဲပေးခြင်း) လက်ရှိအခြေအနေ အရ အနယ်နယ် အရပ်ရပ် မှာ လူငယ်တွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အင်မတန် မှ ရှားပါးနေပါတယ်။ ကျွန်တော် တို့ ညီအစ်ကို သွေးသားရင်းများ ဟာလည်း ရေကြည်ရာမြက်နုရာအဖြစ် အလုပ်အကိုင်အဆင်ပြေသော ရန်ကုန် မန်းလေး နှင့်အခြားသော နိုင်ငံများတွင် အကြောင်းအမျိုးမျိုးအကြောင့် ဝမ်းစာအတွက် သွားရောက်လုပ်ကိုင်နေရပါတယ် ။ တစ်ဘက်တွင် နိုင်ငံခြားဝင်ငွေ ရရှိပါသည်။ ကျွန်တော်တို့ နိုင်ငံသာ အလုပ်အကိုင်အခွင့်အလမ်းတွေသာ လမ်းပွင့်ခဲ့ရင် ကျွန်တော်တို့ တစ်တွေဟာ အမိမြန်မာပြည်အတွင်း မှာမိသားစု ဖြင့် မဝေးကွာပဲ အလုပ်လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။ မိသားစု နဲ့ ဘယ်သူ ဝေးကွာချင်မလဲ မဖြစ်လှသော အကြောင်းအကြောင်းများကြောင့် ဟိုးအဝေး မှာ သွားရောက် လုပ်ကိုင်နေကြခြင်း ဖြစ်ပါသည်။ သို့ပါသောကြောင့် တစ်နေရာတည်းတွင် တစ်ပေါင်းတစ်စည်းထဲ ဆောင်ရွက်နိုင်ပြီး သက်ဆိုင်ရာမြို့နယ်သည်လည်းကောင်း ရပ်ကျေးသည်လည်းကောင်း Community Center များမှ လူသားအရင်းအမြစ်များကို မွေးထုတ်ပေးမည်ဆိုရင် မိသားစုအတွက် ရပ်ရွာအတွက် နိုင်ငံအတွက် သားကောင်းသမီးကောင်း မွေးထုတ်ပေးနိုင်မည်ဟု များစွာ မျှော်လင့်မိပါသည်။ တတ်နိုင်သော တတ်စွမ်းသော မိတ်ဆွေများလည်း အတူလက်တွဲ ပူးပေါင်း ကူညီဆောင်ရွက် ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။ (အလုပ်အကိုင်အခွင့်အလမ်း ကိုယ်စီဖြင့် လူသားအရင်းအမြစ် ကို တန်ဖိုးထားကြပါစို့)

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ