Posts

Showing posts with the label ကိုယ္တိုင္ေရးကဗ်ာ

တက္ကသိုလ်နယ်မြေမှ အမျှဝေသံ

“နှစ်တွေ အလီလီပြောင်း ရွက်ဟောင်း ကြွေလို့ ရွက်သစ်ဝေလည်း ခိုင်မာတဲ့ အတွေး ကလေးနှင့် ဆီးကြို လက်ပြလည်း မင်းမငို အဟောင်းတွေပစ်မြဲ မနှစ်မခဲ ချစ်ဆဲပါ အမိတက္ကသိုလ် နှစ် သက္ကရာဇ်တွေ ပြောင်း သွားပေမယ့့်လည်း ကျောင်းသား ကျောင်းသူတို့ မည်သည် မိခင် တက္ကသိုလ်ကို မဆို  နည်းလမ်းအသွယ်သွယ်ဖြင့် လွမ်းဆွတ်ကြပေလိမ့်မည်။ တက္ကသိုလ်သက်တမ်း နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုပြီးသွားပေမည့်လည်း ကျောင်းတော်ကြီးကိုပဲ မခွဲနိုင်သလိုလို ဂိတ်တဲစောင့် ဦးလေးကိုပဲ လွမ်းသလိုလို ကျောင်းပြေးခဲ့တာကိုပဲ လွမ်းသလိုလို ကျောင်းကန်တင်းမှာ အကြွေးစာရင်းပဲ ကျန်သလိုလို  ငယ်ချစ်ကိုပဲ တမ်းတ သတိရနေသလို ခံစားချက် လွမ်းဆွတ်ချက် အချက်ပေါင်းများစွာဖြင့် ကျောင်းသားကျောင်းသူကြီးများသည် ကျောင်းပုရဝဏ်ကြီးနှင့်အတူ အမိတက္ကသိုလ်ကြီးကို  နှုတ်ဆက်ဖို့ ပြင်နေကြလေပြီ။ ပညာသင်နှစ်ပြီးဆုံးသွားပြီး နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများ ကျောင်းတော်ကြီကို စွန့်ခွာ အလုပ်ခွင်သို့ ဝင်ရောက်ရန် ဟန်ပြင် နေကြသလို ကျောင်းသားကျောင်းသူသစ် လေးများသည်လည်း ကျောင်းတော်ကြီးဖြင့် မရင်းနှီးဟန် စိမ်းသက်သက်အထက်တန်းကျောင်းသူပုံစံဖြင့် ရောက်ရှိလာကြပြန်သည်။ နှုတ်ဆက်သူမျာ...

စကားလုံးတွေ နဲ့ မြှင့်တဲ့ပညာရေး

အဆင့်မြင့်ပညာရေး စီမံကိန်း ကျောင်းတက်နှစ်တွေ ထပ်တိုးလာ နှစ်တိုးလို့တတ်လာမယ်ထင်သလား တိုးလိုက်ဒီထက်တိုးလိုက် အဲလိုဆိုဆယ်နှစ်လည်းတက်မယ် အစမ်းသပ်ခံတော့မလုပ်နဲ့ ခင်ဗျားတို့မှားတော့ ဆောရီး ကျုပ်တို့ဘဝတွေမှာတော့ခါးသီးလို့ ခေါင်းစဉ်တွေ့ပဲပြောင်းသွားတယ် အကြောင်းအရာတွေကတော့အရင်အတိုင်းပဲ သွားကြည့်လိုက် lab ခန်းတွေ သော့တန်းလန်းနဲ့ အခုထိအချုပ်ကျနေတုန်း ကွန်ပျူတာဆို ဟီရိုရှီးမားထက်ဆိုးသေး ပေါက်ကွဲပစ္စည်းအတိုင်း မတို့ရမထိရ နှစ်တွေဘယ်လောက်ညောင်းခဲ့ပြီထင်လဲ သင်ရိုးညွန်းတမ်း တွေအတွက် စာအုပ်ဖိုးတွေ သွင်းလိုက်ရတာ နှစ်ကုန်လို့တောင်မဲနှိုက်လို့မဆုံးဘူး အဲလိုအဆင်မပြေမှုတွေ နှစ်ဘယ်လောက် စံတေးခံကျောင်းသားတွေ ဖြတ်သန်းခဲ့ပြီလဲ နှစ်ဦးစကတည်းက အားကစားကြေးသွင်းခဲ့သေး ကျုပ်တို့ကစားတော့ကိုယ့်ငွေနဲ့ကိုယ် မသိလို့ပါ ကျုပ်တို့မကစားတဲ့နှစ်တွေ ဘယ်သူတွေကဝါးကြစားကြသလဲ နှစ်တွေနှစ်တွေမနည်းမနောပါ အကြောင်းအရာတစ်ခုအတွက်ဆို ဘယ်တော့မှကြိုတင်အကြောင်းမကြားဘူး မှောက်လိုကမှောက်လှန်လိုကလှန် ဒင်းတို့အကြံဒါအကုန်ပဲလား ပို့ပစ်လိုက်တာကျောင်းတွေကျောင်းတွေ မြို့စွန်မြို့ဝေးကိုယ့်ထူမ ှထရမယ့်ဘဝတွေ ကျောင်းစာကြည့်တိုက်တွေမရှိဘူး ကျောင်းသားတွေယာဉ...

ဘဝေတြျခားတဲ့ သေကၤတ

Image
ကလေး…လေးရေ မူလတန်း အလယ်တန်းမှာ မင်းဆော့ကစားပါ ပျော်ပါရွှင်ပါ အထက်ရောက်ရင် သတိထား အထက်တန်းဆိုတဲ့ အမည်နဲ့လိုက်အောင် မင်းကြိုးစားမှ   အထက်တန်းရောက်မယ် အဲဒီကောင်ကြီးက ဘဝတွေကိုခြားနားတဲ့ သင်္ကေတစ်ခုပါပဲ ညီငယ်…..လေးရေ မင်းတက္ကသိုလ်ဆိုတဲ့ ပညာဗိမ္မာန်ကြီးကိုသွားရတော့မယ် စဉ်းစားပါ ဆင်ခြင်ပါ သုံးသပ်ပါ မင်းတကယ် စိတ်ဝင်စားတဲ့ ဘာသာရပ်မှာတက်ပါ သင်ယူပါ အဲဒီမှာ မင်းပညာတစ်ခုထဲ ပေးသင်တယ် မထင်ပါနဲ့ လူမှုရေး၊စီးပွားရေး၊ပညာရေး၊ကြင်ယာရှာဖွေရေး နည်းလမ်းပေါင်းစုံ မင်းစိတ်ဝင်စားသလောက် သင်ယူနိုင်ပါတယ် တက္ကသိုလ်ပညာဆိုတာ တက်နေစဉ်အတွင်းသာ သင်ယူခွင့်ရှိတာပါ ပေါ့ပေါ့လေးလို့ မထင်လိုက်ပါနဲ့ ဘဝရဲ့ ဒုတိယ သင်္ကေတတစ်ခုပါ သူငယ်ချင်း….လေးရေ “ကျွန်မှာ ကုလား မယားတောသူ ” သစ္စာတရား စေ့စပ်တယ် သေချာတယ် လုပ်တတ် ကိုင်တတ်တယ် ဆိုတဲ့ ဂုဏ်ပုဒ်တွေကြောင့် ခုမှာတော့ ကုလားတွေက ကျွန်မလုပ်တော့ဘူး တောသူမယားတွေလည်း ကြီးကြီးကျယ်ကျယ် “သမီးလေးကို ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ထားတာ” ဆိုတဲ့ မပြိုင်သင့်တဲ့ဂုဏ်ပုဒ်တွေနဲ့ တောသူမယားတွေလည်...


နှစ်တွေအလီလီပြောင်း ရွက်ဟောင်းကြွေလို့ရွက်သစ်ဝေလည်း ခိုင်မာတဲ့အတွေးကလေးနှင့်ဆီးကြို လက်ပြလည်းမင်းမငို အဟောင်းတွေပစ် မြဲ အနှစ်မခဲ ချစ်ဆဲပါ အမိတက္ကသိုလ် ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

ဝတ္ထုနဲ့ဘ၀ခြားတဲ့ တံလျှပ်

ကျောင်းသားဘ၀မှာတော့ အိမ်ပြန်ချိန်ငွေထုတ်ပိုက် အချိန်တွေကိုဂရုမစိုက် စူးစူးစိုက်စိုက်မိုက်နေခဲ့ပေါ့ အချိန်တန်တော့အိမ်ပြန် ဘွဲ့ဓာတ်ပုံတိုက်မှာချိပ် အကြွေးတွေနဲ့ပိတ်နေခဲံ့ပေါ့ အတွေးတွေနဲ့လည်းအိပ်နေခဲ့ပေါ့ ကဲပါလေ ဇာတ်ကိုတော့ဆုံးအောင်ကမယ်ကြံရင်း လယ်ကန်သင်းတွေထိုးအပ်ခဲ့ မြို့ကြီးရောက်သင်တန်းတွေတက် အလုပ်တွေလုပ်မယ်ပေါ့ အိပ်မက်တွေထဲကအတိုင်းလှပနေပေါ့ တကယ့်လက်တွေ့ဘ၀က လမင်းကြီးလည်းမပြုံးသာဘူး မင်းသာလည်းကားမစီးနိုင်ဘူး မင်းသမီးလည်းအချစ်သူရဲကောင်းမဟုတ်ဘူး ၀တ္ထုက၀တ္ထု ဘ၀ဟာဘဝ အခုမှကျောင်းသားနဲ့လောက ဟန်ချက်ညီဖို့ သင်ခန်းစာအတွက်ခြေတစ်လှမ်း ……………..ခြေတစ်လှမ်း လှမ်းနေပြီပေါ့ နည်းပညာတက္ကသိုလ်(မုံရွာ) ပိုးပေါက်(လမင်းကြယ်စင်)

သာသနာ့ရောင်ဝါ ထွန်းကားစေ ဤသာဝတ်မြေ

Image
ပြည်တော်ဝင်ပေါက်ရယ် သွယ်တန်းကာမို့ ဝဲဘက်ဝဲယာယူကလစ်ပင်တန်းရယ်က ပျိုတော်တွေ ယိမ်းကသည့်နှယ် လွှမ်းထက်ကာမိုး ထုထည်ကြီးမား ဥဿဘုရားတွေမှ တချွင်ချွင်တရား ဓမ္မဆွဲလွဲသံတွေက အေးချမ်းခြင်းနိမိတ်ကိုဆောင် လောကသားကောင်တွေ ချေချွတ်သည့်နှယ် လမ်းတစ်လျှောက် ကျွဲခလောက်သံရယ်အစ ပျိုဦးရောင်နီ တက်ဆဲနေခြည်ရယ်က တောတက်မယ် ရွယ်ပျိုဖြူတစ်သိုက်ကိုလှ စွဲမက်ဖွယ်ဓလေ့တမ်းကိုပ လှမ်းခဲ့ပါစို့လေး “နှောင်ဝေဝေ…………..” “ဆွမ်းတော်ဗျို့……………………” ရွာဦးကျောင်းမှ သံဃာတော်များ စီတန်းကာ ကြွချီလာ တစ်အိမ်ဝင်တစ်အိမ်ထွက် အလှူရေစက်မကွာဆက်၍ လှူဖွယ် လှူဒါန်း ဒါနအစွမ်း ကုသိုလ်တွေက အတူမှန်းရန် နိဗ္ဗာန်လမ်းကိုပါ့ လှမ်းကြပါစို့ မြန်းကြပါစို့လေး………… ပိုးပေါက်(လမင်းကြယ်စင်) နည်းပညာတက္ကသိုလ်(မုံရွာ) ခင်ဦးမြို့နယ်သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက်