ဝတ္ထုနဲ့ဘ၀ခြားတဲ့ တံလျှပ်





ကျောင်းသားဘ၀မှာတော့
အိမ်ပြန်ချိန်ငွေထုတ်ပိုက်
အချိန်တွေကိုဂရုမစိုက်
စူးစူးစိုက်စိုက်မိုက်နေခဲ့ပေါ့
အချိန်တန်တော့အိမ်ပြန်
ဘွဲ့ဓာတ်ပုံတိုက်မှာချိပ်
အကြွေးတွေနဲ့ပိတ်နေခဲံ့ပေါ့
အတွေးတွေနဲ့လည်းအိပ်နေခဲ့ပေါ့
ကဲပါလေ
ဇာတ်ကိုတော့ဆုံးအောင်ကမယ်ကြံရင်း
လယ်ကန်သင်းတွေထိုးအပ်ခဲ့
မြို့ကြီးရောက်သင်တန်းတွေတက်
အလုပ်တွေလုပ်မယ်ပေါ့
အိပ်မက်တွေထဲကအတိုင်းလှပနေပေါ့
တကယ့်လက်တွေ့ဘ၀က
လမင်းကြီးလည်းမပြုံးသာဘူး
မင်းသာလည်းကားမစီးနိုင်ဘူး
မင်းသမီးလည်းအချစ်သူရဲကောင်းမဟုတ်ဘူး
ဝတ္ထုက၀တ္ထု
ဘ၀ဟာဘဝ
အခုမှကျောင်းသားနဲ့လောက
ဟန်ချက်ညီဖို့
သင်ခန်းစာအတွက်ခြေတစ်လှမ်း
……………..ခြေတစ်လှမ်း
လှမ်းနေပြီပေါ့

နည်းပညာတက္ကသိုလ်(မုံရွာ)
ပိုးပေါက်(လမင်းကြယ်စင်)

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ