မမြင်ရသေးတဲ့ ဟိုဘက်ကမ်းခြေ
မမြင်ရသေးတဲ့ ဟိုဘက်ကမ်းခြေ
ပင်ပန်းမှုဟူသည် မြုမှုန်တစ်မျှမရှိရအောင်
အတန်းသင်ညာ ကျောင်းတော်တိုင်းမှာ
သင်ယူပို့ချ တို့တစ်တွေဘဝ
သက်သာပါစေ စေတနာတွေဝေခဲ့
ထားစေကုန်စေ အချိန်တွေငွေကြေးတွေ
ကြိုတင်ရင်နှီး ဘဝခရီးအတွက်
စိတ်လိုလက်ရ ပေးဆပ်ခဲ့ရဒီဘဝတွေ
အသောသောနဲ့မျှောနေဆဲပါလေ
မမျှော်လင့်ဘူးဆိုတဲ့
အပြောနဲ့
တလူလူတက်လာတဲ့ အညွှန်တွေ
လေဒဏ်မိုးဒဏ် ဒဏ်သတ်တဲ့
ရာသီခွင်မှိုင်တွေ ငုံဆဲပါလေ
လောကသဘာဝ တစ်ပြီးရင်နှစ်
ပြောလို့ကောင်းပါတယ်
ကြည့်လို့လည်းကောင်းပါတယ်
တကယ့်ဘဝက ဟိုမရောက်ဒီမရောက်
ဒသမကိန်းတွေ ရောနေဆဲပါ
ဟိုခရီးဒီခရီး အကူးအလူးအကြား
တဒင်္ဂ အံချော်မှုတွေ
နားခိုမှု ရပ်တန့်မှုတွေ
ဒူးတုန်လို့ ရပ်နေတာမဟုတ်ပါဘူး
ရွှေ့လျားခြင်းအတွက် အလျားလိုက်
ဖြတ်ကူးမှု မြစ်တစ်စင်းပါ
မြင်စေချင်တဲ့အရာ
ချစေချင်တဲ့ခြေရာ
အလိုရမ္မက်တွေရဲ့ ချဉ်ခြင်းတပ်မှုမှာ
ရင်ဘတ်တစ်ခုမှာနာကြင်စွာကပ်တွဲဆဲပါ
ပိုးပေါက်(ရွှေထိမြေ)
နည်းပညာတက္ကသိုလ်(မုံရွှာ)
Comments
Post a Comment