ဦးမျှင် ငှက်ပျော မေတ္တာစာ
“ဆင်အန် ငှက်ပျော မေတ္တာစာ” ဝဏ္ဏဂန္ဓ ရသသြဇာ ထူပြောစွာ နှင့် မဟာနတ်ကန် ဆဒ္ဒန်မည်သည် အိုင်အနီးတွင် မြိုင်ကြီးအလယ် ဆင်စွယ်ဦးမော့ ဖျူးဖျူးကော့သကဲ့သို့ ကျော့လိုက်တဲ့ အသီး အဖီးပြန့်ကား အံ့တစ်ပါးပေပ ခန့်ထား ခိုင်ချော နတ်ငှက်ပျောနှင့် မြတ်လောကီဈာန် ပျံနိုင်သော ရသေ့တို့သည် မျိုးစေ့ရောက်အောင် ဤလူ့ဘောင်သို့ ယူဆောင်ခဲ့ရာ ရွှေထိရွာမှာ တစ်ပင်သာလျှင် ရောက်လာသည့်မျိုး ဖိုးကြီးဖိုးထိုက် မင်းကြိုက်စိုးတန် အမည်မှန် ဆင်အန် ချိုလိုက်သည့်အင်မတန် ဂန္ဓရုံကတိုးတုံး တစ်လုံးကို အခွံနွာ တစ်ရွာလုံး မွှေး အရေးတစ်ပါး လင်မှာစား မယားလည်လဲ့ညို အလိုလို ချိုသည့်သဘော ထိုငှက်ပျောကို မနှောနိုင်နိုင် ဇောပိုင်ပိုင်နှင့် တစ်ခိုင်လုံးလုံး လိုရာသုံးစေ ရွှင်ပြုံးစေတနာ လှူလိုက်ပါသည် လှူမှာမူကား တစ်ပါးကိစ္စ တစ်ဌာနကြောင့် ဝတ်ချပိုင်ပိုင် မရောက်နိုင်၍ မြိုင်မြိုင် ဝေဆာ ပဒေသာပင်နှင့် သံဃာတော်ထိုရဟန်းမြတ်ကို ဟောရွတ်ဖတ် ဒေသနာ ရောင်နီလာ နေတက်ခ ရေစက်ချ ဗျောသံကို မနောကံ အာရုံပြု၍ သာဓုခေါ်လိုက်ရပါတော့ ခင်ဗျား………. (သာဝတ္ထိရွာ စောသစ်(ခင်ဦး) (ခ) ဆရာဦးစောလွင်ထံမှ ကူးယူ မှတ်တမ်းတင် ပြန်လည်ဖြန့်ဝေပါသည်။ စာလုံးပေါင်းအမှားအယွင်းရှိပါက ကျွန်တော့် ...