ဦးမျှင်ရဲ့ မေတ္တာစာ


ဆင်အံငှက်ပျောမေတ္တာစာ


ဝဏ္ဏဂန္ဓ ရသသြဇာထူပြောစွာ
မဟာနတ်ကန် ဆဒ္ဒန်မည်သီး
အိုင်အနီး မြို င်ကြီးအလယ်
ဆင်စွယ်ဦးမော့ဖြူးဖြူးကော့သလို
ကြော့လိုက်တဲ့အသီး
အဖြီးပြန့် ကား အံ့တပါးပေပါ့
ခန့် ထွားခိုင်ချောနတ်ငှက်ပျောငဲ့
မြတ်လောကီဈာန် ပျံနိုင်သောရသေ့
တို့ သည် မျိုးစေ့ရောက်အောင်
ဤလူ့ ဘောင်သို့ ယူဆောင်ခဲ့ရာ
ရွှေထိရွာ၌တစ်ပင်သာလျှင်
ပေါက်လာသည့်မျိုး
ဖိုးကြီးထိုက်တန် အမည်မှာဆင်အံ
ချို လိုက်သည်အင်မတန်
ဂန္ဓာရုံကတိုးတုံး
တစ်လုံးကိုအခွံနွှာတစ်ရွာလုံးမွှေး
အရေးတစ်ပါး လင်မွန်စား
မယားလဲ့ညို အလိုလိုချို ရသည့်သဘောထိုငှက်ပျောကို
မနောနိုင်နိုင်ဇောပိုင်ပိုင်နှင့်
တစ်ခိုင်လုံးလုံး လိုရာသုံးစေ
ရွှင်ပြုံးစေတနာ ကူလိုက်ပါသည်
လူမှာမူကားတစ်ပါးကိစ္စ
တစ်ဌာနကြောင့်မရောက်နိုင်ပါ
ရောင်နီလာနေတက်စ
ရေစက်ချဗြောသံကိ
မနောကံအာရုံပြု ၍
သာဓုခေါ်လိုကါပကြောင်းခင်ဗျား။ု


ဦးမျှင်ရဲ့ မေတ္တာစာ

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ