သာဝတ္ထိဦးကြီး(လွမ်းချင်း)
သာဝတ္ထိဦးကြီး(လွမ်းချင်း)
“ပျော်ပုံက သစ်သနှင့် “
ပျော်ပုံက သစ်သနှင့် ငယ်ချစ်ကယ်လိုက်ခဲ့တော့၊
အကြိုက်ကတဲ့ တို့တောရွာမှာ၊
မိုးအကာ ပင်ယံထက်ဆီက၊
ထန်းရွက်နှင့်ဆင်သည့်အိမ်၊
ခြုံတင်းတိမ် နွားရေခင်းလို့
ညဉ့်တွင်းကို ပုလွေကျော်နှင့်၊
ဖျော်ပမယ်လေး။
ပျော်ပုံက သစ်သနှင့် ငယ်ချစ်ကယ်လိုက်ခဲ့တော့၊
အကြိုက်ကတဲ့ တို့တောရွာမှာ၊
မိုးအကာ ပင်ယံထက်ဆီက၊
ထန်းရွက်နှင့်ဆင်သည့်အိမ်၊
ခြုံတင်းတိမ် နွားရေခင်းလို့
ညဉ့်တွင်းကို ပုလွေကျော်နှင့်၊
ဖျော်ပမယ်လေး။
ကိုက်ဖူးငယ်ညွန့်စီ ချဉ်ပေါင်နီကို၊
ရာသီဓလေ့ ပုစွန်လုံးခွံဖုံးထေ့လို့၊
တောလေ့ငယ်တဆင် လယ်ကြွက်ကင်နှင့်၊
တို့ခွင်ဖရုံ ဟင်းဘက်စုံလှ၊
မင်းပုံထယ်ထယ် နေစာပျို့အစ်ကို့ကိုတည်ပမယ်၊
ဆောင်းနယ်ဝင်သည်ချိန်ကို ယစ်စည်းစိမ်အဆီဖိန်းလို့၊
မှိန်းစေ့မယ်လေး။
ဦးကြီး(သာဝတ္ထိ)
Comments
Post a Comment