သာဝတ္ထိရွာ သမိုင်း ၊ဘုရားသမိုင်ုးအကျဉ်း

သာဝတ္ထိရွာ သမိုင်း ၊ဘုရားသမိုင်ုးအကျဉ်း

သာဝတ္ထိရွာသည် မူးမြစ်၏အရှေ့ဘက်ကမ်းပေါ်မှာတည်ရှိသည်။မူးမြစ်၏အနောက်ဘက်ကိုဒီပဲယင်းနယ်
အရှေ့ဘက်ကို `မြင်းနယ်´ ဟုရှေးကခေါ်သည်။မြန်မာမင်းများအလေးထားရသော
´ကင်းမြို့´(ခံတပ်မြို့)တစ်ခုလည်းဖြစ်သည်။သာဝတ္ထိကိုပုဂံခေတ်က ´ခင်လတ်´ခေါ်
တွင်ကြောင်းကျောက်စာအထောက်အထားများ၌တွေ့ရသည်
မူးမြစ်၏အနောက်ဘက်ကမ်း(သာဝတ္ထိ၏အနောက်မြောက်ယွန်းယွန်း)´လေးရွာ´
အနီး၌ ´ခင်သာ´ခေါ်သော ခံတပ်မြို့ဟောင်းရှိသည်။ ကင်းသာ ၊ကင်းလတ်၊ကင်းဦး
ခေါ်သည့်ရှေးဟောင်းကင်းမြို့သုံးမြို့ရှိခဲ့ရာနောင်တွင်(ခင်သာ၊ခင်လတ်၊ခင်ဦး) ဟု
ဟုပြောင်းလည်းခေါ်ကြသည်။
ခင်လတ်ရွာသည်အင်းဝခေတ် မှစ၍ သာဝတ္ထိ ဟူသောအမည်နှင့်
မှန်နန်းရာဇ၀င်၊ မဟာရာဇ၀င်ကြီးတို့၌ ထင်ရှားခဲ့သည်။ညောင်ရမ်းခေတ်
ဘုရင့်နောင် ကိုယ်တိုင် သာဝတ္ထိမြို့ သို့အရောက်ချီတက်ပြီးရန်သူများကို
တိုက်ခိုက်နှိမ်နင်းခဲ့ကြောင်းရာဇ၀င်အစောင်စောင်မှာတွေ့ရသည်။

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ