နန္ဒသိန်းဇံ
တစ်ချိန်က
ရွက်ဝါတွေ
မောမောဟိုက်ဟိုက်ဝဲယိုင်
လွင့်မျှောနေတတ်သည့်
ချောင်းရေပြင်တွင်
စာရေးခဲ့ဖူး၏
မိုးထိအောင်
လှေကားထောင်၍
တိမ်အရုပ်ကို
ဖမ်းဆုပ်ဖို့လည်း စိတ်ကူးခဲ့ဖူး၏
အခု…….
လူ့ဘဝဟူသည်
ရွက်ကြွေလိုလွင့်မျောခြင်း
အမှန်တရားဟူသည်
ရေစီး၌ စာရေးခြင်း
ဒဿနဟူသည်
တိမ်အရုပ်ကို ဖမ်းဆုပ်ခြင်း
မျှသာ………
နန္ဒသိန်းဇံ
Comments
Post a Comment