စာပေဟောပြောပွဲအတွက် အစည်းဝေးကျင်းပခြင်း

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ
စာပေဟောပြောပွဲ အတွက်

၎-၁၀-၂၀၁၄ ရက်နေ့ နေ့လည် ၁၂ နာရီ ရွှေကျောင်း ဘုန်းကြီးကျောင်းကွင်း
အတွင်း အစည်းအဝေးပွဲ ကျင်းပခဲ့ပါသည်။
၆-၁၁-၂၀၁၄ ဆရာအောင်ဟိန်း၊ဆရာနေဝင်းမြင့်
၇-၁၁-၂၀၁၄ ဆရာဦးဘုန်း၊ဆရာရန်ငြိမ်းသူ
တို့ ဆရာလေးယောက်ကေတော့ လာရောက်ဟောပြောမှာသေချာပါသည်

၈-၁၁-၂၀၁၄ ဆရာချစ်ဦးညို၊ ဆရာ မောင်သာချို
ဒီစာရေးဆရာကြီးနှစ်ယောက် ဆရာချစ်ဦးညို ကျန်းမာရေးမကောင်းပါသဖြင့် စာပေဟောပြောပွဲသို့လိုက်နိုင်ပါကြောင်းနှင့် ဆရာမောင်သာချို Thesis စာမေးပွဲ
ရက်တိုက်ဆိုင်ပါသောကြောင့် ဆရာကြီး နစ်ယောက်လုံး ကျွန်တော့်တို့ စာပေဟောပြောပွဲ ကိုလာရောက်ဟောပြောမှာမဟုတ်တော့ပါဘူးခင်ဗျာ....
၁။ဟောပြောပွဲနေရာ ကတော့ ရွှေဘုံသာကျောင်းကြီးအောက်ထပ်မှာကျင်းပပါမည်။
၂။ရွှေပြည်အေး ဆေးခန်းမှ ဆောက်လုပ်ထားသော စာကြည့်တိုက် အဆောင်သစ်အား
ကျွန်တော် တို့ လူငယ့်အားမာန်စာကြည့်တိုက် အားတရားဝင်ဖွင့်ခွင့်ပြုလိုက်ပါသည်ဆိုသည့်အကြောင်းကို ဆရာဦးစိုးဝင်းကျော်မှ
ပြောကြားပေးပါသည်။
၃။ စာကြည့်တိုက်ဖွင့်ရက် ကို စနေ၊တနင်္ဂနွေ နှစ်ရက် နေ့လည်(၂း၀၀)မှ ညနေ(၅း၀၀)အထိ ဖွင့်လှစ် ငှားရမ်းပေးမည့် စေတနာဝန်ထမ်းနေရာကို
အန်တီ စောစောမှ တာဝန်ယူလုပ်ဆောင်ပေးပါမည် ဆိုသည့်အကြောင်းပြောကြားသွားပါသည်။
၎။ဆရာဦးစိုးဝင်းကျော် နှင့် ဦးအောင်လင်း တို့နှစ်ယောက်အား အလှူငွေ
၁၀ သိန်းကျပ်တိတိ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ကျန်လိုအပ်သည့်ကိစ္စရပ်များကိုလည်း အသေးစိတ်ဆွေးနွေးပြီး
အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးသွားပါသည်။
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်
သာဝတ္ထိရွာ
လူငယ့်အားမာန်စာကြည့်တိုက်

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ