လူတိုင်းအတွက် နှစ်ဆယ့်လေး
နှစ်ဆယ့်လေးနာရီတစ်ရက်၊
မူလတန်းစာမျက်နှာပေါ်မှာ
ဆရာမသင်ကြားမှု၊ခုထိမှတ်မိနေတယ်။
ဟုတ်ကဲ့-
ဗိုလ်ဆန်ဆန် ပြောကြည့်ရရင်ပေါ့
မတွမ်တီဖိုးအာဝါတဲ့
ဒါလူတိုင်းအခမဲ့ရရှိတဲ့အချိန်
အဲဒီအပေါ်မှာလေးစား
တန်ဖိုးထားအသုံးပြုသူတွေဟာ
လူများစွာအပေါ် ခေါင်းတစ်လုံးမြင့်
ပွဲလယ်တင့်တာ မငြင်းနိုင်ဘူး
အမေရိကန်သမ္မတ လင်ကွန်းဟာ
နှစ်ဆယ့်လေးနာရီကိုအသုံးချ
သမ္မတဖြစ်ခဲ့တယ်။
သောမတ်အက်ဒီဆင်ဟာ
နှစ်ဆယ့်လေးနာရီကို
အသုံးပြု
အောင်မြင်မှု ရခဲ့တယ်။
ရှိတ်စပီးယားဟာ
နှစ်ဆယ့်လေးနာရီကို
အလေးထား
အောင်မြင်ကျော်ကြားခဲ့တယ်။
နှစ်ဆယ့်လေးနာရီကို ပိုင်နိုင်စွာရယူသူချင်းအတူတူ
ကြိုးစားသူက ထိပ်ဆုံး
မကြိုးစားသူက အောက်ဆုံး
နှစ်ဆယ့်လေးနာရီ အဆုံးအဖြတ်ဟာ
မျက်နှာမလိုက်ပါဘူး။
ကိုယ့်ကိုကိုယ် အောင်မြင်လိုသူတစ်ယောက်
သေချာပေါက်ဖြစ်ဖို့ရာ
နှစ်ဆယ့်လေးနာရီကိုရွှေရောင်တင်
ဖြစ်ချင်တာကိုကြိုးစား
ပစ်မှတ်ကိုထိသွားမှာမလွဲဘူး
ကဲ အချိန်တွေမဖြုန်းနဲ့
နှစ်ဆယ့်လေးနာရီကိုအသုံးပြု
အောင်မြင်မှုသရဖူကိုဆောင်း
ကမ္ဘာကို ခါးစောင်းတင်ရအောင်
မောင်နှင်းပန်း (ရေနံချောင်း)
Comments
Post a Comment