ကြွေသုန်းသွားခဲ့မင့်မျက်လုံးများ



ကြွေသုန်းသွားခဲ့မင့်မျက်လုံးများ

မှန်မျဉ်းတန်းကလေး တရေးရေးဖြင့်
သူမ မျက်နှာ ကွယ်နေပါလည်း
ရင်မှာမြင်ရ ကြင်သရဖြင့်
စိတ်လိုတစ်ဆိတ် ခပ်တိတ်တိတ်ပဲ
ကြည့်မိပါသည်………
ဘဝအကျိုးပေးကံ ဟန်ပန်လေတော့
သူ့စီးသည့်ကား ကိုယ်လိုက်သွားမိ
မေးသော်မေးလား ဝံ့မသွားပဲ
လာပါနောက်လိုက် လိုက်မိတော့၏
တစ်ဖန်တန်ခိုး ထက်တိုးလေတော့
သူလာလေဆုံ မွေးနေ့ဘုံမှာ
ရွှင်ပျော်လို့သွား တူတူသွားကြ
အော်ဟစ်သီဆို သူလူ့ ကိုမူ
စိတ်မှာတမ်းတ လွမ်းတသသဖြင့်
ဖျော်ဖြေစိတ်ဖျောက် သီချင်းလောက်ဖြင့်
သိစေချင်သည် မောင်ငယ်လွင်မည်
ကိုယ့်မှာသည်းမဲ ရှာဖွေဆဲမို့
တွေ့ပါသော်လည်း ဒီအဖြူသဲကို
 ကွဲကြေဝမ်းနည်း အဆွေးပွဲဖြင့်
နောက်ပါလိုက်လျှက် ကိုယ့်ကကပ်မည်
 သူငြင်သည်ထက် ခင်သည်ထက်ပို
လာတော့ ရှားမီး ထိန်ထိန်ညီး ကဲ့
ပူရင်းလှောင်ရင်း ခံစားရပါမည်……..

ပိုးပေါက် (နည်းပညာတက္ကသိုလ်) 

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ