စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက်
ကျောက်တုံးတစ်တုံးပေါ်ကို
အလင်းရောင် ကျနေတယ်...
အလင်းကွယ်သွားတဲ့အခါ ကျောက်တုံးပေါ်
မှောင်ရိပ်ကျလာမှာပဲပေါ့။
ကျောက်တုံးဟာ ဘာမှ မပြောင်းလဲ သွားပါဘူး။
လူတွေဟာ ကိုယ်ကောင်းမှုပြုတဲ့အခါ
တစ်လောကလုံး သိစေချင်ကြတယ် ....
ကိုယ်က မကောင်းမှုပြုတဲ့အခါကျတော့
တစ်လောကလုံး ဘယ်သူမှ မသိစေချင်ကြပြန်ဘူး။
လောကကတော့ ဘာမှ မပြောင်းလဲပါဘူး။
သင့်စိတ်ကသာ အလင်း-အမှောင်ကို ထွန်းညှိနေတာပါ
Credit: မင်းခိုက်စိုးစံ
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက်
Comments
Post a Comment