ဘဝတွေခြားတဲ့ သင်္ကေတ
ကလေး…လေးရေ
မူလတန်း အလယ်တန်းမှာ
မင်းဆော့ကစားပါ
ပျော်ပါရွှင်ပါ
အထက်ရောက်ရင်
သတိထား
အထက်တန်းဆိုတဲ့
အမည်နဲ့လိုက်အောင်
မင်းကြိုးစားမှ အထက်တန်းရောက်မယ်
အဲဒီကောင်ကြီးက
ဘဝတွေကိုခြားနားတဲ့
သင်္ကေတစ်ခုပါပဲ
ညီငယ်…..လေးရေ
မင်းတက္ကသိုလ်ဆိုတဲ့
ပညာဗိမ္မာန်ကြီးကိုသွားရတော့မယ်
စဉ်းစားပါ
ဆင်ခြင်ပါ သုံးသပ်ပါ
မင်းတကယ်
စိတ်ဝင်စားတဲ့ ဘာသာရပ်မှာတက်ပါ သင်ယူပါ
အဲဒီမှာ မင်းပညာတစ်ခုထဲ
ပေးသင်တယ် မထင်ပါနဲ့
လူမှုရေး၊စီးပွားရေး၊ပညာရေး၊ကြင်ယာရှာဖွေရေး
နည်းလမ်းပေါင်းစုံ
မင်းစိတ်ဝင်စားသလောက်
သင်ယူနိုင်ပါတယ်
တက္ကသိုလ်ပညာဆိုတာ
တက်နေစဉ်အတွင်းသာ
သင်ယူခွင့်ရှိတာပါ
ပေါ့ပေါ့လေးလို့
မထင်လိုက်ပါနဲ့
ဘဝရဲ့ ဒုတိယ
သင်္ကေတတစ်ခုပါ
သူငယ်ချင်း….လေးရေ
“ကျွန်မှာ
ကုလား မယားတောသူ ”
သစ္စာတရား
စေ့စပ်တယ် သေချာတယ်
လုပ်တတ် ကိုင်တတ်တယ်
ဆိုတဲ့ ဂုဏ်ပုဒ်တွေကြောင့်
ခုမှာတော့
ကုလားတွေက ကျွန်မလုပ်တော့ဘူး
တောသူမယားတွေလည်း
ကြီးကြီးကျယ်ကျယ်
“သမီးလေးကို
ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ထားတာ”
ဆိုတဲ့ မပြိုင်သင့်တဲ့ဂုဏ်ပုဒ်တွေနဲ့
တောသူမယားတွေလည်း
အိမ်ထောင်မှု မနိုင်တော့ဘူး
အဲတော့……
လောကီရေးရာ
ရှုတ်ထွေးလှတဲ့လောကကြီးမှာ
နားလည်မှု
နဲ့ တွဲဖက်ထားတဲ့အိမ်ထောင်ဖက်
ကောင်းတစ်ယောက်ကို
မှန်ကန်စွာရွေးချယ်မှုသည်
တတိယ သင်္ကေတစ်ခု
ဖြစ်တယ်
ကလေးဘဝတွေခြားတဲ့
သင်္ကေတ
ညီငယ်ဘဝတွေခြားတဲ့
သင်္ကေတ
သူငယ်ချင်းတွေခြားတဲ့
သင်္ကေတ
အဲဒီ…………အဲဒီ…………….
သင်္ကေတတွေ……သတိထားမိပါစ……
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
၁၂-၆-၂၀၁၄
သိပ်ကိုကောင်းတဲ့ မှတ်သားစရာစာသားလေးပါပဲ
ReplyDeleteအသေအချာမှတ်သားသွားပါတယ်ဗျာ
နောက်လည်း ဒီ့ထက်ကောင်းတာများရှိရင် ဆက်တင်ပေးပါဦးလို့(မသေခင်)