အားကောင်းမောင်းသန် စီးဆင်းလာသော မြစ်တစ်စင်းအတွက် ရပ်တန့်စေသော Covid-19
ရွှေဘိုမြောက်ခြမ်း မှ ရွာကလေးတစ်ရွာ ၊ ပညာရေးကို ကြိုးစားမြင့်တင့်လိုသော ရွာကလေး။ စာကြည့်တိုက်ဦးဆောင်သူများ မှ တဆင့် ချိပ်ဆက်ကာ ရန်ကုန်မြို့ ဆရာကြီး ဦးမြကြိုင် ပညာဒါန သို့ နှစ်စဉ် နှစ်တိုင်း လျှောက်လွှာတင်ပြီး လျှောက်ထားခဲ့ပါသည်။ ယခုနှစ်ပါဖြင့်ဆို သုံးနှစ်မြောက် သုံးကြိမ်မြောက် ရှိခဲ့ပါပြီ ။ (၂၀၁၈,၂၀၁၉,၂၀၂၀) တစ်ဆက်တည်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ တစ်နှစ် နှင့် တစ်နှစ် ပြောင်းလဲလာ၊ စိတ်ဝင်စားမှုမြင့်လာပြီး ပညာရေး ကို တိုးတက်မြင့်မားလိုသော နီးစပ်ရာ ကျေးရွာများဖြင့် ပူးပေါင်းခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ကျောင်းသားအင်အား ခန့်မှန်း ၄၀၀ ဝန်းကျင်ခန့် တက်ရောက်လာသည်ကို တွေ့ရပါသည်။
အခက်အခဲပေါင်းများစွာဖြင့် ချိပ်ဆက်ဆောင်ရွက်ရသည်ဖြစ်သည့်အတွက် စိတ်မော လူမော ဖြစ်ခဲ့ရသည်များလည်း ရှိပါသည်။ မည်သို့ပင် ခက်ခဲစေသော်လည်း အင်္ဂလိပ် နှင့် အင်တာနက် မတတ် မြို့မတက် နဲ့ လို့ ပြောမယ်ဆိုရင် ပြောလို့ရပါသည်။ တစ်ဆက်တည်း တက္ကသိုလ်ပညာရေး ကိုပဲ သွားသွား အပြင်အလုပ်အကိုင်အခွင့်အလမ်းဘက်ကိုပဲ သွားသွား ထို နှစ်ချက် သည် များစွာ လိုအပ်ပါသည်။
သာဝတ္ထိအပြင် ၊ ရွှေကာ ၊ မုံလှ ၊ သရက်ကုန်း ၊ မြင်းကျ ရွာများ ဖြင့် ပူးပေါင်းပြီး နောက်နှစ်များမှာလည်း ဆက်လက်ကြိုးစားသွားဖို့ ရှိပါသည်။ အကြံတူရင် ရန်သူလို့ စကားပုံ ကြားဖူးပေမယ် တူညီတယ်ဆိုရင် စုပေါင်းဆောင်ရွက်လို့လည်း ရပါတယ် လမ်းချင်း တူရင် လူချင်းတွေ့တာ မဆန်းပါဘူး ။ ပညာရေးကို အားပေးလိုသော ရပ်ကွက်၊ကျေးရွာ၊မြို့ပြသည် တဆင့်မြင့်မားဖို့ပဲ ရှိပါသည် ။
တစ်လသင်တန်းတွင် အင်္ဂလိပ်စာသင်တန်း၊ကွန်ပျူတာ အခြေခံသင်တန်း၊Scratch Programming သင်တန်း၊ Internet & Email (Youtube -Child) သင်တန်းများ အားကောင်းမောင်းသန်ဖြင့် လူငယ့်အားမာန်စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ မှ စီးဆင်း ဆောင်ရွက်နေပါသော်လည်း ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်ပွားတဲ့ အတွက် မရပ်တန့်ချင်သော်လည်း ရပ်တန့်ခဲ့ပါသည်။
တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် မတစ်ထောင်ဖွား ကျောင်းသားကျောင်းသူပေါင်း ၄၀၀ နီးပါးကို အသွားအပြန် သင်တန်းတက်နေစဉ်ကာလများ အစသဖြင့် ခေါင်းကိုက် ခေါင်းခဲ တာဝန်ယူဆောင်ရွက်ပေးကြပါသော လူငယ့်အားမာန်စာကြည်တိုက် တာဝန်ခံများ နှင့် သက်ဆိုင်ရာ ဆရာ ဆရာမ များ နှင့် ကျေးဇူးတင်ထိုက်သူအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
ဆက်လက်ပြီး ပညာရေးကို ယုံကြည်သော အားပေးသော တက်ကြွသော ရပ်ဝန်းဖြစ်သည်နှင့်အညီ အကြောင်းအမျိုးမျိုး ကြောင်း ၂၀၂၀ မှာ ရပ်တန့်ခဲ့သော်လည်း ကျန်နောက်နှစ် နောက်နှစ်တွေ မှာ အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်ဦး-သာဝတ္ထိ
လူငယ့်အားမာန်စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ
(မှတ်ချက်- ဓာတ်ပုံများသည် Covid-19 မဖြစ်ပွားခင် ကာလ မှ ဓာတ်ပုံများ ဖြစ်ပါသည်။)
Comments
Post a Comment