စာရွက်တွေ စုတ်ပြဲမှာကို မကြောက်ပါနဲ့
ကလေးတွေ နှလုံးသား စုတ်ပြဲမှာကိုပဲ ကြောက်ပါ။ တဲ့
ဒီစကားကို ပြောသွားတဲ့ ဆရာကြီးကို အာလုံး သိကြ သတိရကြမှာပါ။
ဆရာကြီး ဦးအောင်သင်း ။ စာပေလူကြမ်းမင်းသားကြီး။
စာပေမှာ လူကြမ်းမင်းသားလို့ အများက ခေါ်ကြသလို
တစ်ဖက် က နှလုံးသားနှုးညံ့သော မြန်မာစာဆရာကြီး။
တပည့်တွေနဲ့ စာဖတ်သူ မြန်မာပြည်တွင်း ပြည်ပ မျိုးဆက်သစ်တွေ
က အရမ်းချစ်တဲ့ ဆရာကြီး၊ လူငယ်တွေ ကို ချစ်သလို
လူငယ်တွေ အင်အားကိုလည်း တန်ဖိုးထားဖို့ ၊မြေတောင်မြှောက်ပေးဖို့
ပြောဆိုဆုံးမခဲ့တဲ့ဆရာကြီး။
လူကြီးတွေ ကစားတော့ အားကစား။
လူငယ်တွေ ကစားတော့ ကမြင်းကြောထ။
ကဲ......ဘယ်လောက်တရားသလဲ။
လူငယ်တွေကြောင့် စစ်ပွဲဖြစ်တာ ရှိလား?
လူငယ်တွေတည်ဆောက်ထားတဲ့ အရက်စက်ရုံရှိလား?
လူငယ်တွေ စိုက်ထားတဲ့ ဘိန်းခင်းတွေ ရှိလား?
လူငယ်တွေကို စောင့်ရှောက်ပါ။
လူငယ်တွေကို နားခိုဖို့
နေရာတိုင်း စာကြည့်တိုက်
ဖွင့်နိုင်အောင်ကြိုးစားပါ။
လူငယ်တို့ နုလုံးသားတွေ နုညံ့ယဉ်ကျေးလာအောင်
စာပေဖြင့် စာကြည့်တိုက်ကို အသုံးပြုခြင်းဖြင့်
ကောင်းမွန်တဲ့ အနာဂတ်တွက် ပိုင်ဆိုင်ဖို့
အနာဂတ်မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့။
စာကြည့်တိုက် ကို သွားကြစို့။
လူငယ့်အားမာန်စာကြည့်တိုက်
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်
ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ
facebookpage=>https://www.facebook.com/fieryladdielibrary/
blog=>www.fieryladdie.blotspot.com
Comments
Post a Comment