မျိုးဆက်သစ်လူငယ်များအတွက် လူငယ်ဖွံ့ဖြိုးရေး စင်တာ

ယနေ့ လူငယ် နောင်ဝယ်လူကြီး၊ ဟုဆိုပင်ငြားသော်လည်း
လူငယ်များအတွက် ……….
လူငယ်များအတွက် ………..
လူငယ်များအတွက်  အစရှိသဖြင့် ………..
လူငယ်… လူငယ်  … လူငယ် တသွင်သွင်ပြောဆိုနေပါသော်လည်း
။ ယနေ့ခေတ်တွင် လူငယ်များသည် အကြောင်းအမျိုးမျိုးကြောင့် တိုင်းတစ်ပါးတွင် သွားရောက် ကြိုးစား ရှာဖွေနေကြရပါသည်။
တစ်ဖက်တွင် ပြည်ပ နိုင်ငံခြား ဝင်ငွေ ရရှိပါသော်ငြားလည်းတစ်ဖက်တွင်  လူသားအရင်အမြစ်များစွာ ဆုံးရှုံးနေသည်မှာ များစွာ ဝမ်းနည်းဖို့ ကောင်းပါသည်။ ထိုအချင်းအရာများကို တစ်ဖက်တစ်လက်မှ ထမ်းပိုးမည်ဟု စိတ်ရည်သန်လျှက်။
၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းမှ စတင်၍ လူငယ့်အားမာန်စာကြည့်နှင့်လူငယ်ဖွံ့ဖြိုးရေး စင်တာ ပထမအဆင့်အနေဖြင့်
စတင် ဆောင်ရွက် နေပါပြီဖြစ်ပါသည်။ ။ လူငယ်ဖွံ့ဖြိုးရေး စင်တာ ဆောက်လုပ်ရခြင်း ရည်ရွယ်ချက်မှာ
ကျေးလက်နေ လူငယ်လူရွယ်များကို အလုပ်အကိုင် အခွင့်အလမ်းများတိုးတက်စေခြင်း၊
မူးယစ်ဆေးဝါးများ ရန်စွယ်မှ ကာကွယ် လွတ်မြောက်စေလိုခြင်း၊မိမိတို့ ဘဝများကို တန်ဖိုးထားတတ်စေခြင်း
အလဟဿ ကုန်ဆုံးစေမည့် အချိန်များကို အသုံးချစေခြင်း၊ မိမိဘဝကိုမြင့်တင့်စေခြင်း
မိမိ ပတ်ဝန်းကျင်ကို တိုးတက်ပြောင်းလဲနိုင် စွမ်းဆောင်စေခြင်း အစသဖြင့်
ကောင်းမွန်စေသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ပါမည် ။ အစဦးပိုင်းတွင်
စာပေ အသိ စာပေ ဗဟုသုတများ ရရှိစေရန ်စာကြည့်တိုက် ဖွင့်လှစ်ပေးပါသော်လည်း
စာကြည့်တိုက်သည် အလေးထားရကောင်မှန်း တန်ဖိုးထားရသည်မှန်း  မသိရှိသေးကြောင်းဝန်ခံရပါမည်။
အဘယ်ကြောင့် ဆိုသော် စာဖတ်ရင် ဘာရမှာလဲ
စာဖတ်လို့ ထမင်းမဝဖူးဟဲ့
စာဖတ်တာ အပိုအလုပ်ပဲ
အလုပ်လုပ်မှ ထမင်းဝမှာဆိုတဲ့
မှန်သော ်စကားဟု   ထင်ရပြီး မှားယွင်းနေတဲ့ အတွေးအခေါ် စကားလုံးများကို ယူငင်သုံးစွဲ
နေသည်မှ ယနေ့အချိန်ထိပါ။ ထိုကြောင့် လူငယ်များသည် အလုပ်လုပ်ခြင်းသည် ထမင်းစားဖို့ တ်စခုတည်းသာလျှင်  ။ မိမိတို့ ပိုက်ဆံ ချမ်းလျှင် သောက်မယ် စားမယ်။နေဝင်ချိန် ဆို ဘုံဆိုင်ကို ချီတက်မယ်။ လူစုပြီးသောက်မယ်။ လူငယ်များ ဆိုဆုံးမဖို့ မလွယ်ကူဘူး  အသိမရှိဘူး မလိမ္မာဘူး ဟု တသွင်
သွင် ပြောဆိုနေသည် လူကြီးများသည် လူငယ်များအတွက် နှလုံးသားအဟာရ ပြည့်ဝအောင် ဆိုဆုံးမခြင်း
စိတ်ဓာတ်ခွန်အားပြည့်ဝသည့် စာတိုပေစ များဖတ်ရှုခြင်းကို မိမိကိုယ်တိုင်လည်း မဖတ်ခဲ့ရ
သလို သားသမိးများျကိုလည်း ဖတ်ရှုဖို့ တွန်းအားပေးရကောင်းမှန် မသိဟူ၍ ဖြစ်နေကြသည်။

ယနေ့ အချိန်ထိမြို့ရွာများမှ အချို့ လူကြီးသူမများကိုယ်တိုင် ဝမ်းစာရေးအတွက် ဆင်းရဲ ကြပ်တည်းလွန်းလှသော
ခေတ်တစ်ခု ကိုဖြတ်သန်းခဲ့ရခြင်း ကျေးလက်နေ ပြည်သူများအတွက် စာပေဖတ်ရှုရန်အတွက် အလှမ်းဝေးကွာ
ခြင်း စာအုပ်စာတမ်း ဈေးကြီးခြင်း အစသဖြင့် အကြောင်းပြချက် အမျိုးမျိုးတို့ကြောင့် စာပေ အရသာ
စာပေ အနှစ်သာရ မခံစား မသိရှိရခြင်းဖြစ်သည်ဟု  ယူဆ ကောက်ချက်ချမိပါသည်။
မိမိတို့ မထိတွေ့ မကိုင်တွယ် မဖတ်ရှုရသော အချင်းအရာများကို ခေတ်သစ် သားပျို သမီ ပျိုများ  မျိုးဆက်သစ် လူငယ်များကို  မည်သို့
မည်ပုံ ညွန်းဆိုမည်နည်း ။ ရင်လေးဖွယ ်အနာဂတ် ဖြစ်ပါပေသည်။

ပြောင်းလဲ လာသော ခေတ် အရ ဒစ်ဂျစ်တယ် ခေတ် အိုင်တီ ခေတ ်အင်တာနက်ခေတ်တွင်
စာပေ ဖတ်ရှု မှု အားနည်းခြင်း လူငယ်များစာကြည့်တိုက်သို့ မသွားကြခြင်း စာအုပ်ထုတ်ဝေမှုအရေအတွက်
နည်းခြင်း အစရှိသဖြင့် တသွင်သွင် အော်နေပြောနေပါသော်လည်း  စာကြည့်တိုက်များအတွက်
မိမိတို့သည် မည်သည့်ရှုထောင့်မှ မည်သို မည်ပုံ ကူညီမည်ဟူသော အသံ ထွက်မလာသည်မှာ ဝမ်းနည်းဖွယ်
ကောင်းလှပေသည်။

ခလုတ်ထိမှ အမိတ သည် ဆိုရိုးအတိုင်း ကျွန်တော်တို့သည် ကလေးငယ်များ ကို ဆိုဆုံးမ မနိုင်တော့မှ
စာမဖတ်ခဲ့လို့ အသိဉာဏ်မရှိလို့ အစသဖြင့် အပြစ်တင်တတ်ကြပါ သည်။ အလားတူ ကျန်းမာခြင်းသည် လာဘ်တစ်ပါးသိကြပါသည် ။
သိကြသည့်နည်းတူ ကျန်းမာနေသည့်အချိန်တွင် တန်ဖိုး မထားကြပဲ မကျန်းမာသည့်အချိန်တွင်
 ကျန်းမာခြင်းသည် တန်ဖိုးရှိပါပေသည်ဟု နောင်တ ရတတ်ကြလေသည် ။

ရေတိုရေရှည် ဟူ၍ မျှော်မြင်တွေးတောမှု အားနည်းကြပြီး  တီထွင်မှု ဉာဏ်စွမ်းအားနည်းခြင်း နှင့် မနာလိုမှု အားများခြင်းဖြင့်
တစ်စုံတစ်ဦးစီးပွားရေးလုပ်လို့ အောင်မြင်ကြလျှင် နောက်တစ်ဦးသည်လည်း ထိုနည်းတူ  လိုက်လုပ်ကြသည်။ နယ်မြေဒေသ ကျဉ်းမြောင်းလှသည့် ပတ်ဝန်းကျင်တွင်
တစ်ယောက် အောင်မြင်သည့့် စီးပွားရေး ကို တစ်ယောက် လိုက်ထောင်ကြသည်။ ထိုအချင်းအားဖြင့်
လက်ရှိအောင်မြင်နေသည်သူသည် တစ်ဝက် နောက်မှ လိုက်လာသူသည် တစ်ဝက်ဖြင့် သူတစ်ပါးလည်း
အပြည့်အဝ မရရှိ မိမိသည်လည်း အပြည့်အဝ မစားသုံးနိုင်။ မိမိ ပြုလုပ်ဖန်တီး တည်ထောင်လိုက်ခြင်းအားဖြင့်
ရှေ့လူ စီးပွားရေး လုပ်ငန်းသည် နှောင့်နှေး ပြောင်းလဲသွားသည်။ ထိုအချင်းအရာကိုကြည့်ခြင်းအားဖြင့်
နယ်သူ နယ်သားများသည် ဘယ်လောက် အကျယ်အဝန်း ဘယ်လောက် လူဦးရေဖြင့် ရှင်သန်
လှုပ်ရှားနေသနည်း ။ မိမိ လုပ်ငန်းတူ တည်ထောင်ပါက ပျက်စီးမည်လော အားလျှော့မည်လော။
တွေးခေါ်ခြင်း အလျှင်း မရှိ။ ဘယ်သူ သေသေ ငတေများရင် ပြီးရော စိတ်ဓာတ်များဖြင့် လည်ပတ်နေလျှက်ရှိသည်။

ထိုသို့သော  အသိုင်းအဝိုင်း ထိုသို့သော ပတ်ဝန်းကျင်တွင် မည်သို့သော  နည်းလမ်းဖြင့် အဖွဲ့အစည်းများကို
ခိုင်မာအောင် တည်ဆောက်ကြမည်နည်း။ အစဉ်အဆက် အမြစ်တွယ်ခဲ့သော တွယ်ကပ်မှု စိတ်ဓာတ်တွေ
သူဖြူရင် ငါမည်း မယ့် စိတ်ဓာတ်တွေ သူလုပ်ရင် ငါတို့ ထိုင်မယ့်စိတ်ဓာတ်တွေဖြင့် ခေတ်သစ် မျိုးဆက်တစ်ခု
ကို ပြောင်းလဲဖို့ ငယ်ရွယ်သူတွေကို တွဲခေါ်ဖို့ မည်သည် ရှုထောင့်သည် လိုအပ်နေပါသနည်း ။
ကျွန်တော်တို့သည် လူသားများဖြစ်သည့်နည်းတူ အမှားတွေ ဖြတ်သန်းဖူး ကြုံတွေ့ဖူးခဲ့၍ ထိုအမှားများမှ
သင်ခန်းစာယူ ဆောင်ရွက်ခြင်းအားဖြင့် ပိုမို ကောင်းမွန်းတဲ့ လမ်းကြောင်း ပိုမို ကောင်းမွန်းတဲ့ ပတ်ဝန်းကျင်
ကို ဖန်တီးဖို့  ဖြစ်ခဲ့ ပြီး သော စိတ်ဓာတ်အမှားတွေ ခံယူချက် အမှားတွေ ကို စွန့်လွှတ်ခဲ့ဖို့ လိုအပ်ပါလိမ့်မည်။

စာဖတ်ခြင်းဖြင့် စိတ်ဓာတ်ခွန်အားပြည့်ဝေစေသည့်အပြင် မလိုလားအပ်သည့် ငြင်းခုန်မှု ရှောင်ရှားခြင်း
မှန်ကန်သော အသိတရား ရရှိခြင်း အကျိုးတရား အကြောင်းတရားများကို သင့်တင့်မှန်ကန်စွာ နှလုံးသွင်းနိုင်စေခြင်း ဘဝ လမ်းကြောင်းအမှန်သို့ စာပေခွန်အားဖြင့် ထိုးဖောက်နိုင်ခြင်း မိမိကိုယ်တိုင် ဦးဆောင်နိုင်ခြင်း အခြားသူများကို လည်း လက်တွဲခေါ်ယူနိုင်ခြင်း အစသဖြင့် ကောင်းကျိုးချမ်းသာများကို ရရှိစေသည်ဟု သိငြားသော်လည်း စာပေ နှင့်ဝေးကွာ နေသော နှလုံးသား ပိုင်ရှင်များလက်အောက်တွင် ကြီးပြင်းလာကြသော ကလေးငယ်များအတွက် ကျောက်ဆောင်ကျောက်သား များကို ထွင်းဖောက် လာရသည့်နှယ်။
ကျောင်းစာနှင့် မသက်ဆိုင်သည့် စာဖတ်ရင် ဖတ်တဲ့စာအုပ်မီးရှို့မယ်။
ဆိုသည့် ပတ်ဝန်းကျင်မှာ တည်ဆောက်ဆဲ မျိုးဆက်သစ်နှလုံးသားများကို ဖန်တီးရသည်မှာ များစွာ ခက်ခဲလေသည်။ မျိုးဆက်သစ်များသည် အိမ်တစ်တွင် ကြမ်းခင်းလေးများ ပမာ အိမ်ခေါင်မိုးအောက်တွင်
တည်ရှိသောကြောင့် မည်မျှပြင် ကြမ်းခင်းများပြုပြင်ပြောင်းလဲ သန့်ရှင်းဆေးကြော သုတ်သင်ထားပါသော်ငြားလည်း အိမ်ခေါ်မိုးမလုံလျှင်ဖြင့် ထိရောက်သော ပြောင်းလဲခြင်းကို လှမ်းကိုင်နိုင်မည်မဟုတ်ပါ။
ခရီးတိုသွားခြင်းအားဖြင့် လည်းကောင်း ခရီးရှည်သွားခြင်း အားဖြင့် လည်းကောင်း ထိုခရီးတွင် ဦးဆောင်ဦးရွက်ပြုသော ခေါင်းဆောင်ကောင်း အမှန်တကယ်လိုအပ်ပေသည် ။။
ဆရာ သမားကောင်း မိဘကောင်း  အတန်းခေါင်းဆောင်ကောင်း ရပ်ရွာ ခေါင်းဆောင်ကောင်း မြို့နယ် ခေါင်းဆောင်ကောင်း ခရိုင် ခေါင်းဆောင်ကောင်း တိုင်းခေါင်းဆောင်ကောင်း နိုင်ငံခေါင်းဆောင်ကောင်း
နေရာတိုင်း နေရာတိုင်းတွင် ခေါင်းဆောင်ကောင်းများ များစွာ လိုအပ်နေပေသည်။ လိုအပ်သော နေရာများတွင် အစားထိုး လည်ပတ် လုပ်ဆောင်ရန်အတွက် လူသားအရင်းအမြစ် မျိုဆက်သစ် ခေတ်လူငယ်များ တန်ဖိုးရှိစွာ အသိဉာဏ်မြင့်မားစွာ ကိုယ်ကျင့်တရားခိုင်မာ စွာ ကိုယ်ချင်းစာစိတ်အဖြင့်  ပြည့်ဝသော နှလုံးသားလှပိုင်ရှင်များ အဖြစ် အဆင်သင့် ရှိနေရန်အတွက် ကျွန်တော်တို့တွင် များစွာ တာဝန်ရှိပါသည်။ ခေါင်မိုးမလုံသော အိမ်များအောက်တွင် နေထိုင်ကြသော ခေတ်လူငယ် မျိုးဆက်သစ်များကို အလုပ်အကိုင် ခွင့်အလမ်းများဖန်တီးပေးခြင်း ၊ မိမိတို့ ဘဝကို မိမိတို့ ခြေထောက်ပေါ်တွင် ရပ်တည်စေခြင်း၊မိမိတို့ ခွန်အားကို တန်ဖိုးထားတတ်စေခြင်း အသုံးချမှု မှန်ကန်စေခြင်း၊ပညာပြည့်ဝသော နှလုံးရည် ခိုင်မာ သော စိတ်ဓာတ်ပိုင်ရှင်များ ဖြစ်အောင် လူငယ်များအတွက် နားခိုရာ နေရာ လူငယ်များအတွက် တီထွင်ဖန်တီးမှု များ ပြုလုပ်ရာနေရာ လူငယ်များအတွက် ခံစားမှု ဖန်တီးမှု  ဆေးရေးခြယ်မှု ကဗျာ ပန်းချီ လက်မှုလုပ်ငန်း မိမိတို့ ဘဝ မိမိတို့ အနာဂတ် တိုင်းပြည် အနာဂတ်အတွက် လူငယ်များအတွက် အမှန်တကယ်လိုအပ်နေသည်မှာ လူငယ်ဖွံ့ဖြိုးရေးစင်တာ။


ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)

၁၀-၂-၁၀၈

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ