လူငယ့်အားမာန်စာကြည့်တိုက် လူငယ်ဖွံ့ဖြိုးရေးစင်တာ တည်ဆောက်ရေးလုပ်ငန်းစဉ်
လူငယ့်အားမာန်စာကြည့်တိုက် လူငယ်ဖွံ့ဖြိုးရေးစင်တာ တည်ဆောက်ရေးလုပ်ငန်းစဉ်
လေးစားအပ်ပါသော အနယ်နယ် အရပ်အရပ်မှ အလှူရှင်များ မိတ်ဆွေအပေါင်းအသင်းများ သာဝတ္ထိကျေးရွာမှ ရပ်မိရပ်ဖများ ကူညီပံ့ပိုးမှုများနှင့် အတူ လူငယ့်အားမာန်စာကြည့်တိုက် လူငယ်ဖွံ့ဖြိုးရေးစင်တာ လုပ်ငန်းဆောင်တာများပြန်လည် အသက်ဝင်လှုပ်ရှားနေပြီ ဖြစ်ပါသည်။ ရာသီဥတုဖောက်ပြန်ခြင်း နှင့်အတူ လူငယ့်အားမာန်စာကြည့်တိုက် တာဝန်ခံများ၏ ကျန်းမာရေး လူမှုရေးမာျားကြောင့် လုပ်ငန်းစဉ်များ နှောင့်နှေးရခြင်းအတွက် အထူးပင် အနူးညွတ်တောင်းပန်ပါသည်။ ယခု အချိန်တွင် ဖောင်တေးရှင်းအတွက် လိုအပ်သော သံ အုတ် သဲ ကျောက် ဘိလပ်များ ဝယ်ယူပြီး ဝယ်ယူဆဲ ဖြစ်ပါသည်။
ငွေကြေး သက်သာ ချောင်ချိရေးအတွက် အုတ်များကို ကိုယ်တိုင် ပြုလုပ်ခြင်းအားဖြင့် မကုန်သင့် မကုန်ထိုက်တာ မကုန်ရလေအောင် ဆောင်ရွက်နေပါသည်။ စက်အုတ် လက်အုတ် များအစား ဘိလပ်အုတ်များဖြင့် အစားထိုး ဆောင်ရွက်မည်ဟု ဆုံးဖြတ်ထားပါသည်။ ကောက်ခံ ရရှိထားသော ရန်ပုံငွေအားပေါ် မူတည်၍ အကောင်းဆုံးနှင့် ဈေးနှုန်းအသက်သာဆုံးဖြစ်အောင် အင်ဂျင်နီယာများ အကူအညီယူ၍ တည်ဆောက်သွားပါသည်။ လူငယ်ဖွံ့ဖြိုးရေးစင်တာသည် အနယ်နယ်အရပ်ရပ်မှ မတည် လှူဒါန်းငွေဖြင့် တည်ဆောက်ဆဲ နှင့် နောက်ဆက်တွဲ လုပ်ငန်းဆောင်များကို အကူအညီများ လိုအပ်နေလျှက်ရှိပါသည်။ လက်ရှိ အမာခံ ကုန်ကျငွေများကို တွက်ချက်ပြီး ကျန်ရှိသော ရန်ပုံငွေများကို ဖောင်တေးရှင်း မြေကျင်းတူးခြင်း လက်သမား ပန်းရံ လက်ခများ ပေးချေခြင်း ထောင့်စေ့ လောက်င အောင် အတတ်နိုင်ဆုံး အသုံးချသွားပါမည်။ တာဝန်ခံများ ရပ်မိရပ်ဖများ တက်ကြွသော လှုပ်ဆောင်မှုများနှင့် အတူ လူငယ်ဖွံ့ဖြိုးရေးစင်တာ ပြီးစီးအောင်မြင်အောင် ဆောင်ရွက်ကြပါလိမ့်မည်။
လိုအပ်သော အကြံအဉာဏ်များနှင့်အတူ လူငယ့်အားမာန်စာကြည့်တိုက် လူငယ်ဖွံ့ဖြိုးရေးစင်တာ ဖြစ်မြောက်ဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြပါစို့။
လေးစားစွာဖြင့်
လူငယ့်အားမာန်စာကြည့်တိုက်
ပြန်ကြားရေးကော်မတီ
Comments
Post a Comment