စည်းလုံး ညီညွှတ်ခြင်းဖြင့် အောင်မြင်မှုဆီ သွားကြပါစို့


တစ်ခါက ဖတ်ခဲ့ဖူးတဲ့ ကျောက်ခဲ ဟင်းချို ပုံပြင်လေးက အင်မတန် ခံစား ဖတ်ရှု လိုက်နာဖို့ ကောင်းပါသည်။
တစ်ခါ မယုံ ဆယ်ခါ ဆယ်ခါမယုံ တစ်သက်လုံး။
လူတစ်ဦး တစ်ယောက်ခြင်း သော်လည်းကောင်း အဖွဲ့အစည်း တစ်ခုချင်းဆီလည်းကောင်း
ထိုက်သင့်တဲ့ ယုံကြည်မှုမျိုး နှင့် တာဝန်ယူမှု တာဝန်ခံမှုတို့ ရှိရမည် ဖြစ်သည်။
သို့မှ သာလျှင် မိမိ တို့ သွားလိုသော လမ်း သွားလိုသော ဦးတည်ချက်ကို ရပ်ရွာနေ ပြည်သူအများမှ
ဝိုင်းဝန်းပံ့ပိုးလုပ်ဆောင်မည်ဖြစ်ပါသည်။ ရှေ့ဆောင် နွားလား ဖြောင့်ဖြောင့်သွားမှ
နောက်နွားတစ်သိုက် ဖြောင့်ဖြောင့် လိုက်မည်။ထို စကားပုံတွေ သည် အင်မတန်မှ တန်ဖိုးရှိပါသည်။
ထိုစကားပုံများနှင့်နည်းတူ အဖွဲ့အစည်းများ ထိုအဖွဲ့အစည်းမှ ပါဝင်နေသော သူများ သိရှိ နားလည်
လိုက်နာဖို့ လိုပါမည်။ ကျွန်တော်တို့ လူငယ့်အားမာန်သည် လည်း ရှိသင့် ရှိထိုက်သော စည်းမျဉ်းများနှင့်အတူ
လုပ်ဆောင်သင့်သည်များကို လည်း အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ဆောင်သွားပါမည်။
လုပ်ဆောင်ခဲ့သော အဆင့်ဆင့်များမှာ မြေဆောက်အဦး အကျယ်အဝန်း တိုင်းတာပြီး တာဝန်ခံ အင်ဂျင်နီယာထံ
ပေးပို့ခြင်း လိုအပ်သော ကုန်ကြမ်းပစ္စည်း ဝယ်ယူရေး တွက်ချက်ပေးခြင်း၊အဆောက်အဦး design ရေးဆွဲပေးခြင်း
မြေကျင်းတူးခြင်း၊ကုန်ကြမ်းဝယ်ယူခြင်း၊လုပ်ငန်းခွင် စတင်ခြင်းတို့ ဖြစ်ပါသည်။
လုပ်ငန်းခွင် စတင်ဖို့ နေ့ရက်ကောင်း ရွေးချယ်ပြီး စတင်ပါတော့မည်။ ဤအဆောက်အဦးသည်
စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ ဖြစ်သည့်အတွက် ရေရှည်သွားရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။
ထိုလုပ်ငန်းစဉ်များကို စာကြည့်တိုက် တာဝန်ခံများ သည် အစ အလယ် အဆုံး ဖြည်းဖြည်း နှင့် မှန်မှန် သွားရောက်ဖို့
လိုသလို ရပ်မိရပ်ဖများသည်လည်း လိုအပ်သော ကြည့်ရှု စောင်မ မှု လိုအပ်သည်ဟု ထင်မြင်မိပါသည်။
ဥပမာအားဖြင့် လက်မ လက်ညှိုး လက်ခါးလယ် လက်သန်းကြွယ် လက်သန်း အစဖြင့် ညီညီညာညာ ထမ်းရွက်ပါမှ
လက်တစ်ချောင်းအဖြစ် အသုံးဝင် လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ ငါကြောင့် ကွ သူ့ကြောင့်ကွ ဘယ်သူပါလို့ ကွ
ဟု မာန်မာန ထောင်လွှားကြပြီး ကောင်းခြင်းသည် ဖြစ်စေ ဆိုးခြင်းမှာဖြစ် ညီညွတ်မှု မရှိသော အသင်းအဖွဲ့ အစည်းများပျက်စီးသွားကြသည်။
ဥပမာယူဆောင်ဖို့ ပြောသော်ငြားလည်း လိုက်နာမှု အားနည်းသော မိမိတို့ လူသားများသည် စည်းကမ်းက တခြား လိုက်နာမှုသည်
တခြား ဖြစ်နေပါသည်။ ထိုအချင်းအရာများကို နမူနာယူပြီး မိမိတို့နယ်မြေဒေသမှာရှိသော ခေတ်ပညာတတ် လူငယ်များအဖြစ် ပြုစုပျိုးထောင်ခြင်း
တတ်မြောက်ပြီးသော လူငယ်လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးခြင်း၊ စိတ်ဓာတ်ခွန်အား ကောင်းမွန်လာအောင် စာပေဖြင့်
ပြုစုပျိုးထောင်ပျိုးခြင်း ၊ အဖွဲ့အစည်းများဖြင့် ပူးပေါင်း ဆောင်ရွက်တတ်အောင်သင်ကြားပေးခြင်း ၊ ဂဏန်းလို လူများ မဖြစ်အောင် ပြုစု ပျိုးထောင် ပေးမည် ဟု ရည်ရွယ်ထားပါသည်။
ထိုရည်ရွယ်ချက်များ အထမြောက်ဖို့ လူတိုင်းလူတိုင်း မိမိတို့ ထမ်းဆောင်နိုင်သော ရှုထောင့်မှ ညီတူ ညီမျှ ထမ်းဆောင်ခြင်းဖြင့် လူသားအရင်အမြစ် စင်တာ
လူငယ် ဖွံ့ဖြိုးရေးစင်တာ အောင်မြင်ဆောင်ရွက်ကြပါစို့ ဟု တိုက်တွန်း နှိုးဆော် မေတ္တာရပ်ခံအပ်ပါသည်။


လေးစားစွာဖြင့်
လူငယ့်အားမာန်စာကြည့်တိုက်
ပြန်ကြားရေးကော်မတီ

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ