စေတနာစကား သိစေသား



စေတနာစကား သိစေသား


စာပေချစ်သူစာချစ်သူများ
စာပေကိုဖတ်သိဥာဏ်ထက်လို့
ဖတ်ခြင်းအခါခါထိုထိုစာကို
ပြန်ကာအပ်ပါတောင်းပန်ပါ၏ ။

စာကြည့်တိုက်ဟာတည်မြဲဖို့ရာ
စာရှုသူကပထမ
စည်းကမ်းရှိပါ တို့ပြည်ရွာက
ကူညီပါမှတော်ကာကျ၏။

ဖျက်လို့ဖျက်စီးပျက်စီးလည်း
ဘယ်သူမနာကိုယ်သာနာ၏
ထိုထိုအခါ ထိုပြည်ရွာမှာအသိဥာဏ်နည်း
ဆန်နှင့်ဖွဲ မကွဲ၍သာရှိပါမည်၏။

ရွာ၏သမိုင်းမရိုင်းစေဖို့
သမိုင်းတွင်ရာဤသာဝတ်မြေမှာ
ကူကာဖာထေး မြင့်မားရေးမို့
လူတိုင်းကိုယ်စီစည်းကမ်းရှိရမည်။

သို့ပြည်အခါ တို့ပြည်ရွာမှာ
အသိဥာဏ်တိုးပွားထိုခွန်အားဖြင့်
မိဘမေတ္တာဆပ်စေလိုပါ
သာသနာရောင်ဝါ ထွန်းကားလိုပါ
ဆန်ရေစပါးပွားများလိုပါ
ဤအသိဥာဏ်ဟာစာကြည့်တိုက်ရဲ့မေတ္တာစကားပါ

ပိုးပေါက်
(နည်းပညာတက္ကသိုလ်၊မုံရွာ)
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ
လူငယ့်အားမာန်စာကြည့်တိုက်အတွက်

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ