ရေအိုးလေးရဲ့ရာဇဝင်
အဖေ
ကျွန်တော်ဟာ ရေအိုးဘဝကိုရောက်နေပါပြီ
ရေအိုးလေးကိုယ်တိုင် ရေမခတ်နိုင်ပေမယ့်
ရေအိုးလေးထဲကို ရေလာထည့်ပေးမယ့်သူက
ပုန်းကြီးအသွယ်သွယ်နဲ့ထည့်ပေးပါတယ်
အဲဒီလိုပဲ
လာရောက်သောက်သုံးတွေကလည်း
အလှည့်ကျကိုယ်ဆီ တစ်ခွက်စီ
သောက်သုံးသွားပါတယ်
အချိန်တန်တော့ အိုးထဲကရေ
ကုန်သွားပါတယ် နောက်တော့လည်း
ရေပြန်ပြည့်လာပါတယ်
ကျွန်တော်ကိုယ်တိုင်ရေမခတ်နိုင်
ခတ်မတိုက်နိုင်ပေမယ့်………လေ
အဖေ
သားကိုယ်တိုင် ကအများသောက်တဲ့
သောက်ရေအိုးလေးမို့ပါ
ပိုးပေါက်
11.8.2014
သာဝတ္ထိရွာ
Comments
Post a Comment