တကယ်လုပ် အဟုတ်ဖြစ်ရမည်
တကယ်လည်းလုပ်ပါတယ်
အဟုတ်လည်းဖြစ်ခဲ့တာတွေလည်းရှိသလို အကြောင်းအမျိုးမျိုးကြောင့် လွှဲချော်မှုများလည်း ကြုံခဲ့ရပါသည်။
ထိုလွှဲချော်မှု များသည် လက်ခံနိုင်တဲ့ လွှဲချော်မှု များရှိသကဲ့သို့ လက်မခံနိုင်တဲ့
လွှဲချော်မှုများလည်းရှိပါတယ်။ တစ်ခါက ဆရာတစ်ယောက်ပြောဖူးတဲ့ စကားလေးကို သတိရမိပါတယ်
“အမှားဆိုတဲ့
အလုပ်လုပ်တဲ့သူတွေပဲမှားတယ်ကွ
မလုပ်တဲ့သူတွေ
က မမှားဘူး
မမှားတိုင်းလည်း
မကောင်းဘူး
မှားတိုင်းလည်း
မကောင်းဘူး
ဒါကြောင့်
မှားခဲ့ရင်တောင် လက်ခံနိုင်တဲ့အမှားဖြစ်ပါစေ”
တကယ်တော့
တစ်ခါတစ်လေ မနိုင်ဝန် ထမ်းထားရတာ ဟာ ရင်ခုန်ဖို့လည်း ကောင်းတယ် စိတ်ပျက်ဖို့လည်းကောင်းတယ်
စဉ်းစားကြည့်မိတယ် ငါလုပ်တာ မှားများ မှားနေပြီလားလို့
အကြိမ်ကြိမ် ပြန်စဉ်းစားမိတယ် ဟုတ်တယ်လေ သူငယ်ချင်းတွေ ဆီက အကူအညီလောက်နဲ့ စာကြည့်တိုက်လေး
ဖြစ်အောင် ဖန်တီးထားမိတယ် အဲစာကြည့်တိုက် က ရန်ပုံငွေလည်းဟုတ်တိ ပတ်တိ လည်းမရှိ။ နောက်ပြီးတော့
ပင်တိုင်စံ အလှူရှင် ကလည်း ၂၀၁၄ ဧပြီလ လောက် ကမှ ကိုဇော်မျိုးထွန်း က တစ်လတစ်သောင်း
လစဉ် လှူထားတာ လေးပဲ ရှိပါတယ်။ နောက်ပြီး အဖွဲ့အစည်းကလည်းမရှိ အားလုံးပေါင်း မှ နှစ်ယောက်ထဲ
အင်းဘယ်လို ရှေ့ဆက်မှာ လည်း တွေးတော ရင်း ရင်မောမိတယ်…. မလုပ်ပဲလည်းမနေနိုင် သူတည်းတစ်ယောက်
ကောင်းစားဖို့ တစ်ယောက်သော သူရဲ့ဘဝတွေ အချိန်တွေ ငွေကြေးတွေ ရင်းခဲ့ရတာတွေ သိပါစ။စာအုပ်စာပေ
လူ့မိတ်ဆွေ၊ စာပေကိုဖတ် သိဥာဏ်ထက် ဆိုတဲ့ စာပေနဲ့ပတ်သတ်လို့ စကားပုံ အများအများကြီးပဲ
ရှိပါတယ်။ ထိုယုံကြည်ချက်ကြောင့် စာကြည့်တိုက် ကနေ စာပေဟောပြောပွဲ လုပ်ဖြစ်ဖို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်
ကြိုးစား နေလျှက် ပါ။အခက်အခဲတွေ ရှိလာတော့ ရင်မောမိတာပေါ့ မလုပ်တော့ ဘူးဆိုတဲ့ စိတ်ကိုတော့ဘယ်တော့
မှမပေါ်မိပါဘူး ။မဖြစ် ဖြစ်အောင် လုပ်မယ်လို့တော့ မှန်းထားတယ်။ အလွန်ဆုံးအကြွေးတင်လှ
သုံးသိန်း ပေါ့ အဆုံးအစွန် ခြောက်သိန်းပေါ့ ။ဒီတစ်ခါ စာပေဟောပြောပွဲ လုပ်တာ ဒုတိယအကြိမ်ပေါ့။ရန်ကုန်ြမို့က
စာရေးဆရာကြီး တွေလည်း ဖိတ်ထားတာပေါ့။ပထမအကြိမ်တုန်းကတောင် ရန်ပုံငွေလည်းတစ်သောင်းလောက်နဲ့
လုပ်ထားတာပဲ ဆိုတဲ့ စိတ်နဲ့အားတင်းထားတယ်။ယုံလား …..အင်းမယုံပါဘူး ဖြစ်မှ မဖြစ်နိုင်လို့မတွေးလိုက်ပါနဲ့
တကယ်ပါ တကယ်လုပ်ခဲ့တာပါ လိုအပ်မှုတွေတော့ ရှိခဲ့တာပေါ့ စေတနာကောင်းတဲ့ စာရေးဆရာ နှစ်ယောက်ကောင်းမှုကြောင့်
ပထမအကြိမ် စာပေဟောပြောပွဲလေးလုပ်ဖြစ်ခဲ့ပါတယ် မေတ္တာတရားဖြင့် ဟောပြောပေးသွားတဲ့စာရေးဆရာ
များကို ယခုအချိန်ထိ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေတုန်းပါ အဲဒီ စာရေးဆရာနှစ်ယောက်
ကမင်းလာရောက်နားထောင်မယ့် သူတွေများများလာအောင်သာလုပ်ကွာ ဟောဖို့ပြောဖို့ တော့ ငါတို့တာဝန်သာထား
ဆိုပြီး တက်ညီလက်ညီလုပ်လိုက်တာ ၂၀၁၂ ဒီဇင်ဘာလလောက်မှာ လူငယ့်အားမာန်စာကြည့် တိုက် ကလေး
ဆိုပြီး ပေါ်ပေါက်လာ ပါတယ်။အရင်ဆုံး နေရာ မရှိဘူး အဆောက်အဦး မရှိဘူး မရှိနေကွာ စာဖတ်ပရိသတ်ရှိရင်ပြီးတာပဲ
ဆိုပြီး လမ်းဘေးမှာ မိုးကာစ ခင်းပြီး ကလေး တွေ ကို စာ စဖတ်စေပါတယ် ကံကောင်းတယ် ပြောရမှလား
ယခုအတူတွဲလုပ်နေတဲ့ ကိုအောင်လင်း ကသူ့အိမ်ကလေးမှာ
ခဏတာ ဖွင့်ခွင့်ပေးခဲ့တယ် တကယ်စာဖတ်ချင်သူတွေလည်းရှိခဲ့ပါတယ် အဲသူတွေအတွက် လုပ်ပေးရတာ
တကယ်ကြည်နှုးမိပါတယ် အခုဆိုရင် စာဖတ်ပရိတ်သတ် တစ်ရာလောက်ရှိနေပါပြီ။ ကျေးရွာတစ်ခု အနေနဲ့
စာဖတ်အင်အားတစ်ရာဆို တာတကယ်လေးစားလောက်တဲ့ အနေအထား တစ်ရပ်ပါ။စာပေချစ်သူ စာချစ်သူများအတွက်
ယနေ့ ကျွန်တော့်လက်ထဲ မှာ ရန်ပုံငွေ အလွန်ဆုံးရှိလှ တစ်သိန်း လောက်ပါပဲ ။ သို့ပေမယ့်
စိတ်ဓာတ်မကျဘူး သူတို့ အတွက် စာပေဟောပြောပွဲကို ဒုတိယအကြိမ် နိုင်ငံကျော်စာရေးဆရာကြီး
များကို ဖိတ်ထားပြီးပြီ နားထောင်စေရယ် အသိဥာဏ်မြင့်မားစေရမယ် လူလိမ္မာတွေ ပေါများစေရမယ်
ယုံကြည်ချက်တွေနဲ့ ထိုယုံကြည်ချက်တွေနဲ့ လျှောက်လှမ်းနေရတယ် ယခုလည်း ရန်ပုံငွေ မရှိသေးဘူး
နော် ဖြစ်အောင်လုပ်ပြမယ်နော် လူငယ့်အားမာန်တဲ့ စာကြည့်တိုက် အမည်လေးကိုက လူငယ့်အားမာန်
လူငယ့်အားမာန်……..
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊
သာဝတ္ထိကျေးရွာ။
လူငယ့်အားမာန်စာကြည့်တိုက်။
Comments
Post a Comment