"ကျိန်စာမိနေရင်လည်း ကျေပါစေတော့"





ဒီ……….လို………..လေဗျာ……….အမေရ
ရန်ကုန်ရောက်ပြီးသောအခါဝယ်
တိုက်ခန်းခတွေဈေးကြီးတယ်
အတော်အသင့်ပိုက်ဆံနဲ့မလောက်ဟယ်
ရှိသမျှလေးပေါင်ကာ ငှားပစ်တယ်
ဝမ်းဗိုက်ကလေးအတွက်စိတ်ပူတာပေါ့
ကြက်ဥကြော်ချက် ညမနက်နဲ့
နေလာခဲ့တာ နှစ်ချီကြာ
သြော်ကျောင်းသားဘဝလေး တမ်းတကာ
ဒီဟင်းဒီထမင်းနဲ့ လှည်ပတ်ရှာ
အလုပ်ကလေးတော့ ရမှာပေါ့လို့
တွေးကာထင်တိုင်း တင်မိတယ်
ခေါ်တော့ခေါ်တယ် အင်တာဗျူးက
အတွေ့အကြုံမရှိလို့ ပြန်တော့ကွယ်
ပါသမျှလက်မှတ်တွေရယ် ကူးပါများတော့
မိတ္တူဖိုးနဲ့မွဲတော့မယ်
မင်းတို့ဘာတတ်ဘာလက်မှတ်မို့
ဒီလောက်လစာတောင်းနေတယ်
အဘရယ်ဒီခရီး ဘီးအီးပေမို့
သက်သက်ညှာညှာပြောလိုက်မယ်
အေးကွယ်လိုတော့ ဖုန်းဆက်ပါ့မယ်
ကဲ……..ခုတော့ကွယ်
မရေရာလှတဲ့ အတွေးကြောထဲ
ကျောင်းတက်တုန်းက မျှောမြဲ
ယခုမျှောဆဲ
တောင်ပံတစ်စုံသာရှိရင်ပျံသန်းကြမယ်လို့
ဒီပါးစပ်တွေ ကြိမ်စာနတ်ဆိုးသင့်ခဲ့ပါပြီ
အမေ………………..

ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ