အမေ




အမေ
သားသမီးတွေအတွက်
ဈေးတောင်းခေါင်းရွက်အသုပ်ရောင်းလို့
ကျောင်းဈေးသည်လည်းဖြစ်ခဲ့ဖူးတယ်
အမေ
သာသမီးတွေအတွက်
ကြံတစ်ချောင်းတစ်ချောင်းတစ်ကျပ်ငါးမူးမြတ်ဖို့
ပွဲဈေးသည်လည်းဖြစ်ခဲ့ဖူးတယ်
အမေ
သားသမီးတွေအတွက်
ငွေရင်းတိုးပွားပေးကာထားလို့
ဘောက်သူကြီး(နေ့စာအလုပ်သမားခေါင်းဆောင်)လည်းဖြစ်ခဲ့ဖူးတယ်
အမေ
သားသမီးတွေအတွက်
လျှော်ဖွတ်ချက်ပြူတ်အမေအလုပ်မို့
လစ်ဟင်းမှုမရှိမနားမနေလုပ်ခဲ့ဖူးတယ်
အမေ…………..အမေ
မေမေရဲ့မေတ္တာအားက
မြင့်မိုရ်တောင်ဦးအထူးကြီးလှ
ဆပ်နိုင်ပါစေ သားတို့တစ်တွေ  ...

ပိုးပေါက်(လမင်းကြယ်စင်) 
နည်းပညာတက္ကသိုလ်(မုံရွာ)
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်
သာဝတ္ထိရွာ


Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ