အနှုးညွတ် တောင်းပန်ခြင်း

၂၀၁၄ ဇန်နဝါရီလမှာပြုလုပ်သောတစ်နှစ်ပြည့်အထိမ်းအမှတ်ပွဲ အတွက်ေ
အနှုးညွတ် တောင်းပန်ခြင်း လူငယ့်အားမာန်စာကြည့်တိုက်သည်
၁၂.၁၂.၂၀၁၄ မှာစတင်ဖွင့်လှစ်ငှားရမ်းနေပါသည်။
စာကြည့်တိုက်စတင် မဖွင့်လှစ်မှီ စာပေဟောပြောပွဲအကြိုလုပ်ဖြစ်ပါတယ်။
အဲဒီစာပေဟောပြောပွဲဟာ စာရေးဆရာများရဲ့ မေတ္တာဖြင့် ပြုလုပ်ပေးသွားတာဖြစ်ပါတယ်။
သာဝတ္ထိရွာ ရဲ့ စာပေသမိုင်းကြောင်းတစ်လျှောက်မှာ ပထမဦးဆုံးလို့
ဆိုလို့ရပါတယ်ခင်ဗျာ။

ကူညီဟောပြောပေးသွားတဲ့စာရေးဆရာများကတော့
၁။အောင်ဟိန်း(ရေဦး)
၂။ရန်ငြိမ်းသူ(တန့်ဆည်)
၃။ကျော်ရင်မောင်(ရေဦး)
၄။မောင်နေသစ်(ခင်ရေဦး)
တို့ပဲဖြစ်ပါတယ် ။စာရေးဆရာအားလုံး ရဲ့ ကျေးဇူးကိုအစဉ်ထာဝရလေးစားလျှက်ပါ ခင်ဗျာ
နောက်ထပ်တစ်နှစ်ပြည့်အထိမ်းအမှတ်နှင့်စာဖတ်အားအကောင်းဆုံးဆုပေးပွဲအခမ်းအနား
ကိုလည်းတက်ရောက်အားပေးဟောပြောပေးသွားပါတယ်။အဲဒီအတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ……………….
အဲဒီ တစ်နှစ်ပြည့်အထိမ်းအမှတ်ပွဲမှာ အနည်းငယ်နားလည်မှုလွဲသွားတဲ့အတွက် အားလုံးကိုယ်စား ကျွန်တော် ကပဲ စာရေးဆရာအားလုံးကိုတောင်းပန်ပါတယ်

ပထမအချက်။   ။ပွဲကျင်းပဖို့အစအဆုံး အစီအစဉ်စာရွက်ရေးပေးသော်လည်း
ကျွန်တော် မပြန်ခဲ့နိုင်ခြင်း။
ဒုတိယအချက်။  ။ပွဲကျင်းပခါနီး (၂)နာရီအလိုမှာ တာဝန်ခံ မိသာစု ဦးအောင်လင်း+ဒေါ်ခင်စောလှ
တစ်ဦးတည်းသောသား ငယ်လက်ကျိုးသွားခြင်း။
တတိယအချက်။          ။ရွာသားတစ်ဦးမှ စာရေးဆရာတို့၏ကျင့်ဝတ် ကိုနားမလည်းပဲ ဆရာကြီးတို့အားဟောပြောဖို့ တောင်းဆိုခြင်း။
စတုတ္ထအချက်။            ။ကျွန်တော် အစီအစဉ်တကျရေးဆွဲပေးလိုက်သော အစီအစဉ်စာရွက် ထားရှိသည့်
နေရာ မသိခြင်း(တာဝန်ခံကိုအပြစ်တင်ခြင်းမဟုတ်ပါ မိသားစုအခက်အခဲဖြစ်နေချိန်မို့ပါ)

ပဉ္စမအချက်။               ။ဆရာကြီး ဦးကျော်ညွန့် နဲ့ တကွ စာရေးဆရာအားလုံးကို ဖိတ်ကြားခြင်းမှာ
ဆရာတို့ အားလုံး ၏ အကူအညီဖြင့် လူငယ့်အားမာန်စာကြည့်တိုက် ကလေးဟာ တစ်နှစ်အတွင်းမှာ
ဒီလောက် ……ဒီလောက် ……….တော့ အောင်မြင်နေပါပြီ ဟုသိရှိကြည်နှုးစေရန်ဖိတ်ကြားခြင်း

(ဆရာကြီးတို့ကိုဖိတ်ကြားပြီးတစ်နှစ်ပြည့်စာပေဟောပြောပွဲလုပ်ချင်ပါတယ် တာဝန်ခံမှ သူတစ်ဦးတည်းမလုပ်နိုင်ကြောင်း အကယ်၍ ကျွန်တော်ပြန်လာနိုင်မှ စာပေဟောပြောပွဲလုပ်နိုင်ကြောင်း)
စသည့် အချက်များကြောင့် တစ်နှစ်ပြည့်ပွဲမှာ နားလည်မှုလွှဲမှားသွားသော စာရေးဆရာများအား
လူငယ့်အားမာန်စာကြည့်တိုက် ကိုယ်စား ကျွန်တော်  မှ ထပ်ဆင့် အနှုးညွတ်တောင်းပန်အပ်ပါသည် ………….ခင်ဗျား

လူငယ့်အားမာန်စာကြည့်တိုက်
သာဝတ္ထိရွာ။ခင်ဦးမြို့နယ်။

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ