“ခုတ်မောင်းနေဆဲ ရထားအို”
ဒီအခြေအနေမှာ
ဘဝဆိုတဲ့
အနှစ်သာရဆိုတာ
ငါသိချင်လိုက်တာ။
ငယ်ငယ်က ကျောင်းတက်နေရတာ
ဘဝလား?
တက္ကသိုလ်တက်နေတာ
ဘဝလား?
အလုပ်တစ်ခု
လုပ်နေမှ ဘဝလား?
အလုပ်မလုပ်တော့
ဘဝမရှိတော့ပြီလား?
ဘဝဆိုတာ ရပ်တည်မူတစ်ခုပေါ့
ဘာအတွက် ရပ်တည်ကြတာပါလိမ့်?
အသက်ရှင်ဖို့
သေချာတာပေါ့
ဘာအတွက် အသက်ရှင်တာပါလိမ့်
အောင်မြင်မှုအတွက်လား
ငွေအတွက်လား
ခံစားမှုအတွက်လား
သေချာတာတစ်ခုကတော့
ဘဝဆိုတာ
မှတ်တိုင်မရှိပဲ
ခုတ်မောင်းနေတဲ့
ရထားအိုကြီးတစ်စင်းပါပဲ….လို့
ငါမြင်တယ်
အတန်းကျောင်းတွေတစ်တန်းပြီးတစ်တန်း
တစ်မှတ်တိုင်းပြီးတော့တစ်မှတ်တိုင်
အလုပ်တွေ
အောင်မြင်မှုတွေ
တစ်ခုပြီးတစ်ခု
ဒီတစ်မှတ်တိုင်ရောက်ပြီး
နောက်တစ်မှတ်တိုင်ထွက်ချင်တာ
ရထားသဘာဝ
တစ်ခုအောင်မြင်ပြီးနောက်တစ်ခု
အောင်မြင်ချင်တာ
လူ့လောဘ လူ့သဘာဝ
အဲတော့
ငါတို့ရဲ့ရှင်သန်မှုဘဝဆိုတာကြီးက
ဘယ်မှာဆုံးမလဲဘယ်မှာအပြီးအပိုင်ရပ်နားမလဲ
သေချာတစ်ခုကတော့
ရထားအိုကြီး
မီးဇာကုန် ဆီခမ်းရင်
ဒီရထားကြီး
ရပ်နားလိမ့်မယ်
ငါတို့ဘဝတွေ
ကလည်း
လူတိုင်းရှောင်လို့မရတဲ့
သေခြင်းဘူတာမှာ
ခိုနားလိမ့်မယ်
အဲဒါလူ့ဘဝရဲ့ဆက်ရန်မရှိဘူတာကြီးပဲ
အဲဒီအတွက်………….
ရှင်သန်မှုအတွက်….
မောင်းနှင်မှုအတွက်…..
ငါတို့ ဘူတာအိုလေးကို
နေမဝင်ခင်အရောက်နှင်မယ်
ပိုးပေါက်
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်။
သာဝတ္ထိကျေးရွာ။
နည်းပညာတက္ကသိုလ်(မုံရွာ)
၁၇-၆-၂၀၁၄
Comments
Post a Comment