2020 နွေရာသီ အဂ်လိပ်စာသင်တန်း
I = Internet & Email (လူငယ့်အားမာန်စာကြည့်တိုက် မှာ သင်နေပါတယ်) C= Comupter (လူငယ့်အားမာန်စာြကည့်တိုက် မှာ သင်နေပါတယ်) E = English (သုံးနှစ်ဆက်တိုက် ရန်ကုန်မြို့ အဂ်လိပ်စာ ပညာဒါန ဆရာဦးမြကြိုင် တပည့်များမှ လာရောက်သင်ကြားပေးမည် ဖြစ်ပါသည်) ကျွန်တော်သည် အဂ်လိပ်စာ အင်မတန် အားနည်းပါသည်။ မုံလှ တွင် နေစဉ် (၉)တန်းတွင်လည်း လပတ် စာမေးပွဲ တွင် အဂ်လိပ်စာ ကျဖူးပါတယ်။ ဆယ်တန်း ရေဦး ပညာမွန် ဘော်ဒါဆောင် နေစဉ်မှာလည်း အခြား ဘာသာရပ်များတွင် ၆၀ ၇၀ ရဖို့မခဲယဉ်းသောလည်း အဂ်လိပ်စာတွင် ၅၀ ကျော်ဖို့ အင်မတန် ကြိုးစားရပါတယ်။ နောင် မုံရွာ နည်းပညာတက္ကသိုလ် (ဘီအီး) နှစ်တွင်လည်း အဂ်လိပ်စာကြောင့်ပဲ နောက်တစ်နှစ် ထပ်ဖြေခဲ့ရပါတယ်။ တစ်လျှောက်လုံး အဂ်လိပ်စာသည် အရေးကြီးသည့် အခန်း နေရာမှ တစ်လျှောက်လုံး လိုက်နေခဲ့ပါသည်။ ယနေ့ အလုပ်ခွင် အထိ အဂ်လိပ်စာ ကို လေ့လာနေရဆဲ ဖြစ်ပါတယ်။ နောက် သာဝတ္ထိရွာက ထွက်သူတိုင်း အယောက် ၁၀၀ မှာ ၈၀ နီးနီး အဂ်လိပ်စာ ညံ့ပါတယ်။ မည်သူ ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါ။ လိုအပ်မှုကို သိမှ ဖြည့်ဆည်း နိုင်မှာ ဖြစ်ပါတယ်။ အခု အင်ဂျင်နီယာ ကျောင်းပြီးသွားတဲ့ ညီငယ် တစ်ယောက် ကို မေးကြည့်တဲ့အခါ သူကိုယ်တိုင်လည...