“အုန်း”၊ “အုံး” နဲ့ “ဦး” တို့အကြောင်း
“အုန်း”၊ “အုံး” နဲ့ “ဦး” တို့အကြောင်း
—————————————
မြန်မာစာရေးသားရာမှာ အသံထွက်ကြောင့်မှားတတ်တဲ့အထဲ “အုန်း”၊ “အုံး” နဲ့ “ဦး” တို့ ပါဝင်ပါတယ်။
ဥပမာ -
“စားကြပါအုန်း” လို့ ရေးရမှာလား၊ “စားကြပါအုံး” လို့ ရေးရမှာလား၊ “စားကြပါဦး” လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။
“မင်းဆီကို ငါ လာအုန်းမယ်” လို့ ရေးရမှာလား၊ “မင်းဆီကို ငါ လာအုံးမယ်” လို့ ရေးရမှာလား၊ “မင်းဆီကို ငါလာဦးမယ်” လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။
“အုန်း” ကို မြန်မာအဘိဓာန်မှာ -
“အုန်း၊ န - ပင်ဖျားတွင် အလက်များစုဝေးထွက်၍ အရည်ပြည့်အသီးလုံးကြီးများ အခိုင်လိုက်သီးသော ပင်စောက်တစ်မျိုး။”
လို့ အနက်ဖွင့်ပါတယ်။
နာမ်အနက်ဖြစ်ပါတယ်။ အသုံးမှားစရာအကြောင်းမရှိပါ။
ဥပမာ -
“ယခုအချိန်၌ ပင်လယ်ကမ်းခြေတွင် ရေကူး၊ အုန်းရည်သောက်၊ အုန်းသီးစား၍ အေးအေးလူလူနေနိုင်သော ဘဝများရှိသကဲ့သို့ သဘာဝဘေးဒုက္ခကြောင့် မိုးထဲရေထဲတွင် ဆင်းဆင်းရဲရဲအသက်ရှင်နေရသော ဘဝများရှိသည်ကို ကျွနု်ပ်တို့ သတိပြုသင့်လှသည်။”
ဆိုတဲ့ဝါကျကိုကြည့်ပါ။ “အုန်းသီး”၊ “အုန်းရည်” ဆိုတဲ့စကားလုံးတွေမှာ “အုန်း” ကိုသုံးကြောင်း တွေ့နိုင်ပါတယ်။
“အုံး” ကို မြန်မာအဘိဓာန်မှာ ...