Posts

Showing posts from April, 2019

တောသားတော့ တောသားပဲ Global တောသားဖြစ်ဖို့ ခြေလှမ်းပြင်နေတဲ့

Image
လူငယ့်အားမာန်စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ မှ ခေတ်သစ် သားသမီးများ စစ်ကိုင်တိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက ်နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ တွင် MBAPF မှ တဆင့် လှူဒါန်းပေးသော Supernet Wireless ကို Setup လုပ်ဆောင်ပြီး ဖြစ်ပါတယ်။  ၂၀၁၉ ခုနှစ် ဧပြီလ ၁၄ ရက်မှ စတင်ပြီး လူငယ့်အားမာန်စာကြည့်တိုက် တွင် အင်တာနက် အီးမေး Youtube GoogleDrive နှင့် အခြားသော နည်းပညာ များ ဘာသာ စကားများကို လွတ်လပ်စွာ လေ့လာယူနိုင်ပြီး ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ ကျေးရွာအဆင့်မှ ကမ္ဘာ့ တံခါးပေါက်များ နှင့် အခွင့်အရေးများကို အမိအရ ဆုပ်ကိုင်ပြီး တက်လှမ်းကြမယ်လေ။ ကျေးဇူးအထူးတင်ပါတယ်။ #MBAPF #The Dariu Foundation #Ooredoo လေးစားစွာဖြင့် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်

စာကြည့်တိုက် ဟောင်း ရှိပြီး ဖြစ်ရယ်သား နှင့် အသစ်ဘာကြောင့် ဆောက်ချင်ရသလဲ?

Image
စာကြည့်တိုက်အဟောင်း နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ ***************************************************** မိတ်ဆွေတစ်ဦးမှ အကြုံပြု စကားကို ကြားရပြီး။ အားလုံးသော အလှူရှင်များလည်း ထပ်တူ ထိုမေးခွန်းကို သိချင် ကြလိမ့်မည်ဟု ထင်မိပါသည်။ စာကြည့်တိုက် ဟောင်း ရှိပြီး ဖြစ်ရယ်သား နှင့် အသစ်ဘာကြောင့် ဆောက်ချင်ရသလဲ? ဆိုသည့် မေးခွန်းပါ။ လက်ရှိစာကြည့်တိုက် ပြောင်းရွှေ့ သုံးစွဲခွင့် ရကြောင်း သိခြင်း ************************************************************* လူငယ့်အားမာန်စာကြည့်တိုက် ၂၀၁၂ ခုနှစ် ဦးအောင်လင်း အိမ်ရှေ့ အမှတ်(၄) လမ်းမပေါ်မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် မှ စတင်ပြီး ၂၀၁၄ ခုနှစ် အထိ ဦးအောင်လင်း+ဒေါ်ခင်စောလှ အိမ်တွင် ဖွင့်လှစ်သည်မှ နှစ်နှစ်ကျော် ကြာမြင့်ခဲ့ပါသည်။ လက်ရှိ အသုံးပြု နေသော စာကြည့်တိုက်သည် ယခင် အဖွဲ့အစည်းဟောင်းဖြစ်သော ဦးဖြူ ဦးနီ အစသဖြင့် ဦးဆောင်ပြီး မလေးရှားနိုင်ငံရောက် သာဝတ္ထိရွာသားများ နှင့် ဆရာတော် အလှူငွေ များဖြင့် ဆောက်လုပ်ထားသည်ဟု သိရှိ ယူဆမိပါသည်။ ဆရာတော် ဦးရာဇိန္န ခွင့်ပြု သည်ဟု တစ်ဆင့် စကားကြားရမှုနှင့် အတူ ကျွန်တော်တို့သည် အတိုင်းမသိ ဝမ်းသာမိပါသည်။ ဆရာတော် ကို ကျ...

မတ်လ လချုပ် စာအုပ်ငှားမှတ်တမ်း ( ၂၀၁၉ ခုနှစ် မတ်လ)

Image
ခ င်ဦး-သာဝတ္ထိ- လူငယ့်အားမာန်စာကြည့်တိုက် ၁)စာကြည့်တိုက်အသင်းဝင်ဦးရေ စုစုပေါင်း - ၄၅၆ ( မတ်လ အသင်းဝင်သူ - ၁ ဦး) ၂)စာကြည့်တိုက်သို့ လောက်ရောက်ငှားရမ်းသော လူကြီးအရေအတွက်- ၅၅ ဦး ၃)လူကြီး ငှားရမ်းသော စာအုပ်အရေအတွက် - ၁၈၆ အုပ် ၄)စာကြည့်တိုက်သို့ လာရောက် ငှားရမ်းသော ကလေးအရေအတွက် - ၂၃၄ ဦး ၅)ကလေးငယ်များ ငှားရမ်း စာအုပ်အရေအတွက် - ၈၅၅ အုပ် မတ်လ စုစုပေါင်း ငှားရမ်းသူ - ၂၈၉ ဦး မတ်လ ငှားရမ်းရသော စာအုပ်အရေအတွက် - ၁၀၄၁ အုပ် လေးစားစွာဖြင့် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်

လူငယ့်အားမာန်စာကြည့်တိုက် လချုပ် စာအုပ်ငှားမှတ်တမ်း ( ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ)

Image
၁)စာကြည့်တိုက်အသင်းဝင်ဦးရေ စုစုပေါင်း-၄၅၅(ဖေဖော်ဝါရီလ အသင်းဝင်ဦးရေ- ၂၀ ဦး) ၂)စာကြည့်တိုက်သို့ လောက်ရောက်ငှားရမ်းသော လူကြီးအရေအတွက်- ၃၄ ဦး ၃)လူကြီး ငှားရမ်းသော စာအုပ်အရေအတွက် - ၁၁၁ အုပ် ၄)စာကြည့်တိုက်သို့ လာရောက် ငှားရမ်းသော ကလေးအရေအတွက် - ၁၀၈ ဦး ၅)ကလေးငယ်များ ငှားရမ်း စာအုပ်အရေအတွက် - ၃၃၈ အုပ် ဖေဖော်ဝါရီ လ စုစုပေါင်း ငှားရမ်းသူ - ၁၄၂ ယောက် ဖေဖော်ဝါရီ လ ငှားရမ်းရသော စာအုပ်အရေအတွက် - ၅၁၁ လေးစားစွာဖြင့် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်

၂၀၁၉ ခုနှစ် ဇန်နဝါရီလ စာအုပ်ငှား မှတ်တမ်း

Image
လူငယ့်အားမာန်စာကြည့်တိုက် လချုပ် စာအုပ်ငှားမှတ်တမ်း ( ၂၀၁၉ ခုနှစ် ဇန်နဝါရီလ) ၁)စာကြည့်တိုက်အသင်းဝင်ဦးရေ စုစုပေါင်း-၄၃၅(ဇန်နဝါရီလ အသင်းဝင်ဦးရေ- ၁၃ ဦး) ၂)စာကြည့်တိုက်သို့ လောက်ရောက်ငှားရမ်းသော လူကြီးအရေအတွက်- ၂၀ ဦး ၃)လူကြီး ငှားရမ်းသော စာအုပ်အရေအတွက် - ၆၆ အုပ် ၄)စာကြည့်တိုက်သို့ လာရောက် ငှားရမ်းသော ကလေးအရေအတွက် - ၉၄ ဦး ၅)ကလေးငယ်များ ငှားရမ်း စာအုပ်အရေအတွက် - ၃၃၈ အုပ် ဇန်နဝါရီ လ စုစုပေါင်း ငှားရမ်းသူ - ၁၁၄ ယောက် ဇန်နဝါရီ လ ငှားရမ်းရသော စာအုပ်အရေအတွက် - ၄၀၄ အုပ် လေးစားစွာဖြင့် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်

၂၀၁၉ခုနှစ် နွေရာသီအင်္ဂလိပ်စာသင်တန်း ဆင်းပွဲကျင်းပခြင်း

Image
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက် နှင့် ရန်ကုန်မြို့ဆရာကြီး ဦးမြကြိုင် ပညာဒါန တို့ ပူးပေါင်းဆောင်ရွက်ပြီးသာဝတ္ထိရွာ သာဝတ္ထိရွာ မျိုးဆက်သစ် မောင်မယ်များကို နှစ်စဉ် အင်္ဂလိပ်စာသင်တန်း တစ်လ တာ ဖွင့်လှစ်ခဲ့ကြပါသည်။ ယခုနှစ်သည် ဒုတိယအကြိမ်မြောက်ရှိခဲ့သည် ဟု သိရပါသည်။ သင်တန်းဖြစ်မြောက်အောင် စာကြည့်တိုက်မှတာဝန်ရှိသူများ နှင့် စင်္ကာပူရောက် အလှူရှင်မှ လက်တွဲဆောင်ရွက် သွားခြင်းဖြစ်ကြည်ဟုလည်း သိရပါတယ်။ သာဝတ္ထိရွာသည ်ဟိုယခင် ၁၉၇၀ ဝန်းကျင်းကတည်းက ပညာရေးကို အားပေးသည့် ကျေးရွာ ဖြစ်ကြောင်း ၊ ၁၉၇၀ ဝန်းကျင်ကတည်းက ဘွဲ့ရသူစုစုပေါင်း ၇၅ ဦး ကျော်ရှိသည်ဟု သိရပါသည်။ ပညာရေး အားပေးခြင်း နည်းတူ ပညာရပ်ဖြင့် အသက်မွေးဝမ်းပြုသူများ များ ၊ ရပ်ရွာကို ချစ်မြတ်နိုးသူများ စုပေါင်းပြီး လူသားပန်းခင်းတစ်ခင်း သကဲ့သို့ ပြုစုမျိုးထောင်ပေးလျှက်ရှိပါသည်။ မိဘများ သည် ဟိုးးးယခင် နှစ်များ နှင့် မတူပဲ မိမိတို့ တိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်လာကြခြင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် အတူ ရပ်မိရပ်ဖ များမှ ပူးပေါင်းဆောင်ရွက် လာခြင်း၊ ပညာရေးပိုင်းဆရာ မှ ဆရာ ဆရာမ ...

ဘိလပ်မြေ အလုံး (၁၅၀) လှူဒါန်းခြင်း

Image
Youth's Development & Community Center သည် ၂၀၁၇ မှ စတင် စိတ်ကူးဖြစ်ပြီး ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် Foundation ပြီးစီးခဲ့ပါသည်။ လူငယ့်အားမာန်စာကြည့်တိုက်အတွက် လိုအပ်နေသော ဘိလပ်မြေ အလုံး (၁၅၀) ကို အလှူရှင် - ကိုကျော်မိုးအောင် (Managing Director)+ မထူးထူးအောင် သမီး - မရွှေပြည့်အိမ် Ngwe Pyae Eain Engineering & Construction Co.ltd မိသားစု မှ လှူဒါန်းပါသည်။ နောက်တစ်ဆင့် သွားဖို့ ခက်ခဲနေချိန် မှာ လူငယ့်အားမာန်စာကြည့်တိုက် ကော်မတီ အနေဖြင့် များစွာ ကျေးဇူးတင်မိပါတယ်။ Ngwe Pyae Eain Engineering & Construction Co.ltd အနေဖြင့် လည်း စီးပွားရေး လာဘ်လာဘများ တိုးတက်အောင်မြင်ပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။ လေးစားစွာဖြင့် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်