၂၀၁၉ခုနှစ် နွေရာသီအင်္ဂလိပ်စာသင်တန်း ဆင်းပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက် နှင့် ရန်ကုန်မြို့ဆရာကြီး ဦးမြကြိုင် ပညာဒါန တို့ ပူးပေါင်းဆောင်ရွက်ပြီးသာဝတ္ထိရွာ
သာဝတ္ထိရွာ မျိုးဆက်သစ် မောင်မယ်များကို နှစ်စဉ် အင်္ဂလိပ်စာသင်တန်း တစ်လ တာ ဖွင့်လှစ်ခဲ့ကြပါသည်။
ယခုနှစ်သည် ဒုတိယအကြိမ်မြောက်ရှိခဲ့သည် ဟု သိရပါသည်။ သင်တန်းဖြစ်မြောက်အောင် စာကြည့်တိုက်မှတာဝန်ရှိသူများ နှင့် စင်္ကာပူရောက် အလှူရှင်မှ လက်တွဲဆောင်ရွက်
သွားခြင်းဖြစ်ကြည်ဟုလည်း သိရပါတယ်။
သာဝတ္ထိရွာသည ်ဟိုယခင် ၁၉၇၀ ဝန်းကျင်းကတည်းက ပညာရေးကို အားပေးသည့် ကျေးရွာ ဖြစ်ကြောင်း ၊ ၁၉၇၀ ဝန်းကျင်ကတည်းက ဘွဲ့ရသူစုစုပေါင်း ၇၅ ဦး ကျော်ရှိသည်ဟု
သိရပါသည်။ ပညာရေး အားပေးခြင်း နည်းတူ ပညာရပ်ဖြင့် အသက်မွေးဝမ်းပြုသူများ များ ၊ ရပ်ရွာကို ချစ်မြတ်နိုးသူများ စုပေါင်းပြီး လူသားပန်းခင်းတစ်ခင်း သကဲ့သို့
ပြုစုမျိုးထောင်ပေးလျှက်ရှိပါသည်။
မိဘများ သည် ဟိုးးးယခင် နှစ်များ နှင့် မတူပဲ မိမိတို့ တိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်လာကြခြင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် အတူ ရပ်မိရပ်ဖ များမှ ပူးပေါင်းဆောင်ရွက်
လာခြင်း၊ ပညာရေးပိုင်းဆရာ မှ ဆရာ ဆရာမ များ နှင့် လူငယ့်အားမာန်စာကြည့်တိုက် မှူးတို့ လက်တွဲပြီး ဆောင်ရွက်ခြင်း အားဖြင့် လူသားပန်းခင်းမှ ထွက်ပေါ်လာမည် ဖြစ်သော
လူသား ပန်းကလေးများ တန်ဖိုးသည် အတိုင်းအဆမရှိ တန်းဖိုး မြှင်ချင်တိုင်း မြှင်နေပေတော့မည် ဟု ထင်မိပါသည်။ ပန်းကလေး တစ်ပွင့် တန်ဖိုးသည် တစ်ရာလား တစ်ထောင်လား
တစ်သိန်းလား သတ်မှတ်ချက် တစ်ခု တော့ ရှိနေလိမ့်မည်။ လူသားတစ်ယောက် တန်ဖိုးရှိလာလျှင် မည်သို့ပင်ဆိုစေကာမှု ပန်းတစ်ထက် တန်ဖိုးကြီးမည်ဟု ယူဆလျှက်။
အနှစ်ချုပ်အားဖြင့် သင်တန်းတစ်လျှောက်လုံး မရပ်မနားဆောင်ရွက်ခဲ့ကြသော စာကြည့်တိုက်မှူး နှင့် ကိုနိုင်ရာဇာထွန်း၊သင်တန်းဆရာ များ၊ နံနက်စာ နေ့လည်စာ ညနေစာ
တည်ခင်းကျွေးမွေးကြသော ရပ်မိရပ်ဖများ၊ပညာဒါန မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်း ၊ သာဝတ္ထိ အလက ကျောင်းအုပ်ဆရာကြီး ဦးရဲမြင့် ၊ သာဝတ္ထိ ရပ်ရွာအုပ်ချုပ်ရေးမှူး
ဦးအောင်ဦး ၊ အစသဖြင့် နွေရာသီအင်္ဂလိပ်စာသင်တန်းဖြစ်မြောက်အောာင် မတည် လှူဒါန်းပါသော အလှူရှင် ကိုထွန်းနောင်စိုး(စင်္ကာပူ) နှင့် သင်တန်းဖြစ်မြောက်အောင်
တစ်ထောင့်တစ်နေရာမှ ကူညီပါဝင်ဆောင်ရွက်သူ များအားလုံး ကျေးဇူးအထူးတင်ရှိပါသည်။
လေးစားစွာဖြင့်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက်
Comments
Post a Comment