Posts
Showing posts from March, 2020
Youth's Strength Library & Community Development Center (၂၀၂၀ အဆောက်အဦးအတွက် ငွေစာရင်း ရှင်းတမ်း)
Image
အခက်အခဲများသည် လှေခါးထစ်များလား ?
Image
ဟိုတစ်နေ့က စစ်ကိုင်းတိုင်းလူငယ်ရေးရာဖွံ့ဖြိုးရေးစင်တာ ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဖြစ်မယ် ထင်ပါတယ်။အင်မတန် အားကျဖို့ ကောင်းပါတယ်။ Youth Center (or) Community Center ဆိုတာ စကားလုံးကလည်း သိပ်မရင်းနှီးကြသေးတာလည်း ဖြစ်ပါလိမ့်မယ်။ အားလုံးကို မဆိုလိုပါ။ ကျွန်တော်တို့ သာဝတ္ထိဟာ ရွာပါ ။ အိမ်ခြေ ၅၀၀ ကျော် လူဦးရေ ၂၅၀၀ နီးပါး တောင်သူ အများစု ဖြင့် အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ စာကြည့်တိုက်ဆိုတဲ့စကားလုံးဖြင့် ရင်းနှီးကျွမ်းဝင်အောင် အားပေးလာအောင် ၈ နှစ်နီးပါး အချိန်ယူခဲ့ရပါတယ်။ အခုရော ကြိုစားဆဲပါ။ စာဖတ်ရင် ဘာရမှာလဲ ? မင်းက စာဖတ်ခိုင်းတာ ဟုတ်ပါပြီး ငါ့သမီး ငါ့သား ဘာဖြစ်မှာလဲ? ဟုတ်ကဲ့ ကျွန်တော် ကြိုးစားနေဆဲပါ။ Library & Community Development Center(TharWutHti) ကိုဖြစ်အောင် ကြိုးစားနေဆဲပါ။ စကားကြုံလို့ပဲ ဖြစ်ဖြစ် တိုက်ရိုက်မေးတာပဲ ဖြစ်ဖြစ် နားလည် တတ်ကျွမ်းသူများ လာရင် မေးကြည့်ပါ " Community Development Center" ဆိုတာဘာကြီးလဲလို့။ နောက်ပြီး ၁)Computer သင်ပေးတယ်။ ၂)English သင်ပေးတယ်။ ၃)Internet & Email သင်ပေးတယ်။ ၄) Scratch Programming သင်ပေးတယ်။ အဲဒါတွေ က သင်ဖ...
တစ်ဆင့်ပြီး တစ်ဆင့် ဖြည်းဖြည်း မှန်မှန် ဆက်လျှောက်
Image
Foundation ပြီး ၂ နှစ်နီးပါး နေ မှ ဆက်လက် အကောင်အထည်ဖော်ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ Steel Structure ကို ခန့်မြန်မာခွန်အားသစ် Company မှ ကူညီဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။(တစ်နည်း ၁၀ သိန်း နီးပါး အမြတ်မယူပဲ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်) ပန်းရံ အလုပ်ခွင် ယနေ့ စတင်ဆောင်ရွက်ပါကြောင်း အလှူရှင်းအပေါင်းအား လေးစားစွာ အသိပေးအပ်ပါသည်။ ကျေးဇူးတင်စွာဖြင့် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်ကော်မတီ
သာဝတ္ထိ သင် သိပါသလား ?
Image
သင် သိပါသလား ? များသော အားဖြင့် မြို့တွေ နဲ့ ချမ်းသာပြီး ငွေကြေးသင့်တင့်မျှတ စွာ တတ်နိုင်တဲ့ မိဘာတွေ မှ ဝယ်ပေးနိုင်တဲ့ Compueter ကို သာဝတ္ထိလို တောရွာ လေး မှာ မည်သူ မဆို လွတ်လပ်စွာ သင်ကြား နိုင် ကိုင်တွယ်နိုင်တယ်ဆိုတာ ..................... သင်သိပါသလား ? အင်ဂလိပ်စာ ညံ့ခဲ့လို့ တက္ကသိုလ်တက်စဉ် တဘုန်းဘုန်းကျခဲ့တဲ့ စီနီယာတွေ ဦးဆောင်ပြီး နောင်မျိုးဆက်သစ်တွေကို English သင်တန်းကို ရန်ကုန်မြို့ ဆရာကြီး ဦးမြကြိုင် COC ပညာဒါန လာရောက်သင်ကြားပေးနေတာ.......... သင်သိပါသလား ? အင်တာနက် အီးမေးလ်ဆိုတာ တက္ကသိုလ်အဆင့်တောင် လက်တွေ့သင်ကြားပေးဖို့ ကြိုးစားနေကြချိန် မှ အဆင့်မှီတဲ့ Laptop များ ဖြင့် လူငယ်အားမာန်စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ မှာ အခမဲ့သင်နေတာ သာဝတ္ထိရွာ နဲ့ နီးပါသလား သင့်မျိုးဆက် အနာဂတ်အတွက် သင့်ဆုံးဖြတ်ချက် ဟာ သင့်မျိုးဆက်အတွက်........... Class-1 @ Computer Basic - 10 ယောက် Class-2 @ Computer Basic - 10 ယောက် Class-3 @ Computer Basic - 10 ယောက် English စာသင်ပေးတယ် Computer သင်ပေးတယ် Internet & Email သင်ပေးတယ် တီထွင်ဆန်းသစ်မှုများအတွက် You...
နွေရာသီ English သင်တန်း(First Day)
Image
နွေရာသီ English သင်တန်း ပထမရက် လာရောက်တက် ကြတဲ့ ကျေးရွာ အသီးသီးမှ ကျောင်းသားကျောင်းသူများတစ်ဦးတစ်ယောက်ချင်းဆီ မိတ်ဆက်ကြပါတယ်။ နွေရာသီ English သင်တန်းကို တန်းခွဲ သုံးခု ဖွင့်လှစ်ပါတယ်။ Class - 1 ( ၄ တန်း ၊ ၅ တန်း ၊ ၆ တန်း) Class - 2 ( ၇ တန်း ၊ ၈ တန်း) Class-3 (၉ တန်း ၁၀ တန်း နှင့်အထက် ) Class - 1 ( ၄ တန်း ၊ ၅ တန်း ၊ ၆ တန်း) အတန်း မှာ စုစုပေါင်း ကျောင်းသားကျောင်းသူ အရေအတွက် (၉၇) ယောက်ရှိပါတယ်။ မြင်းကျ မှ ကျောင်းသားကျောင်းသူ - ၄၇ ယောက် သာဝတ္ထိ မှ ကျောင်းသားကျောင်းသူ - ၄၈ ယောက် မုံလှ မှ ကျောင်းသားကျောင်းသူ - ၂ ယောက် Class - 2 ( ၇ တန်း ၊ ၈ တန်း) အတန်း မှ စုစုပေါင်း ကျောင်းသားကျောင်းသူ အရေအတွက် (၅၃) ယောက် ရှိပါတယ်။ မြင်းဒေါင်း မှ ကျောင်းသားကျောင်းသူ- ၁ ယောက် ရွှေကာ မှ ကျောင်းသားကျောင်းသူ - ၁ ယောက် သရက်ကုန်း မှ ကျောင်းသားကျောင်းသူ - ၅ ယောက် သာဝတ္ထိ မှ ကျောင်းသားကျောင်းသူ - ၄၆ ယောက် Class-3 (၉ တန်း ၁၀ တန်း နှင့်အထက် ) အတန်း မှ စုစုပေါင်း ကျောင်းသားကျောင်းသူ အရေအတွက် (၄၀) ယောက် ရှိပါတယ်။ ငါးရုံကြီး မှ ကျောင်းသားကျောင်းသူ - ၂ ယောက် သရက်ကုန်း မှ ကျောင်းသားက...
2020 Youth's Strength Library & Community Development Center(TharWutHti-Village) Summer English Class Ceremony
Image
2020 Youth's Strength Library & Community Development Center(TharWutHti-Village) Summer English Class Ceremony ၂၀၂၀ မတ်လ ၉ ရက်။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် သာဝတ္ထိ Youth's Strength Library & Community Development Center(TharWutHti-Village) မှ ဦိးဆောင်ပြီး ရန်ကုန်မြို့ ဆရာကြီး ဦးမြကြိုင်ပညာဒါန ကျောင်းဖြင့် ချိပ်ဆက်ကာ နွေရာသီ English စာသင်တန်းကို ဖွင့်ပွဲ နှင့် စာဖတ်အား အကောင်းဆုံးဆု ပေးပွဲအခမ်းအနားကို ၂၀၂၀ မတ်လ ၉ ရက် ညနေ ၃ နာရီ တွင် ဖွင့်လှစ်ခဲ့ပါသည်။ နွေရာသီ English စာသင်တန်း ဖွင့်ပွဲ နှင့် စာဖတ်အား အကောင်းဆုံးဆု ပေးပွဲအခမ်းအနား အုပ်ချုပ်ရေးမှူး ဦိးအောင်ဦး အငြိမ်းစား ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ဝင်း ကျောင်းအုပ်ဆရာကြီး ဦးခင်ကိုကြီး ၊ ဆရာကြီး ဦးရဲမြင့် ၊ ဆရာကြီး ဦးမြကြိုင်ပညာဒါန ကျောင်း မှ ဆရာမ များ နှင့် သာဝတ္ထိရွာ အထက ကျောင်း မှ ဆရာ ဆရာမ များ ၊ ကျေးရွာအတွင်းမှ ရပ်မိ ရပ်ဖ များ ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ ကြွရောက်လာြကသော ရပ်မိရပ်ဖ များ နှင့် ကျောင်းသား ကျောင်...
Next Step
Image
ဟို တစ်စ ဒီတစ်စ လိုက်ကောက်ရပါတယ်။ တစ်စ တစ်စ တွေ စုံတော့ အလုံးအထည်အတွက် ပြင်ဆင်ပါတော့မယ်။ ဒီခြေလှမ်းတွေဟာ ဟိုးယခင် က လှောင် ခံခဲ့ရပါတယ်။ ကိုယ်အလုပ်ကိုယ်တောင် မရှာနိုင်သေးတဲ့ ဒီကလေးက ဒါတွေ(2012) လုပ်နေတာ အပိုတွေပါကွာ။ စာကြည့်တိုက် နှစ်ခု ရှိတော့ ရွာနာလိမ့်မယ်။(၂၀၁၂) ၂၀၂၀ အရက်ဆိုင် နှစ်ခု ရှိတာလောက် မဆိုးပါဘူး။(မအိုဆေး စပ်ဘီအီး အရက်ဆိုင်) Community Development Center(TharWutHti) အုတ် 😍 😀 😚  တစ်ချပ် ၁၁၅ ကျပ်။ သဲတစ်ကျင်း  😍  ၁၂၀၀၀ ကျပ်။ ကျောက်တစ်ကျင်း  😍  ၆၀၀၀၀ ကျပ်။ ကောက်ခံပေးပါသော Volunteer များ အလှူရှင်များ တစ်ဦးတစ်ယောက်ချင်ဆီတိုင်း ကျေးဇူးတင်ပါတယ်။ PhotoCredit: ဆရာ ဦးဝင်းကြိုင်