အခက်အခဲများသည် လှေခါးထစ်များလား ?




ဟိုတစ်နေ့က စစ်ကိုင်းတိုင်းလူငယ်ရေးရာဖွံ့ဖြိုးရေးစင်တာ ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဖြစ်မယ် ထင်ပါတယ်။အင်မတန် အားကျဖို့ ကောင်းပါတယ်။
Youth Center (or) Community Center ဆိုတာ စကားလုံးကလည်း သိပ်မရင်းနှီးကြသေးတာလည်း ဖြစ်ပါလိမ့်မယ်။ အားလုံးကို မဆိုလိုပါ။
ကျွန်တော်တို့ သာဝတ္ထိဟာ ရွာပါ ။ အိမ်ခြေ ၅၀၀ ကျော် လူဦးရေ ၂၅၀၀ နီးပါး တောင်သူ အများစု ဖြင့် အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။
စာကြည့်တိုက်ဆိုတဲ့စကားလုံးဖြင့် ရင်းနှီးကျွမ်းဝင်အောင် အားပေးလာအောင် ၈ နှစ်နီးပါး အချိန်ယူခဲ့ရပါတယ်။ အခုရော ကြိုစားဆဲပါ။
စာဖတ်ရင် ဘာရမှာလဲ ?
မင်းက စာဖတ်ခိုင်းတာ ဟုတ်ပါပြီး ငါ့သမီး ငါ့သား ဘာဖြစ်မှာလဲ?
ဟုတ်ကဲ့ ကျွန်တော် ကြိုးစားနေဆဲပါ။
Library & Community Development Center(TharWutHti) ကိုဖြစ်အောင် ကြိုးစားနေဆဲပါ။
စကားကြုံလို့ပဲ ဖြစ်ဖြစ် တိုက်ရိုက်မေးတာပဲ ဖြစ်ဖြစ် နားလည် တတ်ကျွမ်းသူများ လာရင် မေးကြည့်ပါ
" Community Development Center" ဆိုတာဘာကြီးလဲလို့။
နောက်ပြီး
၁)Computer သင်ပေးတယ်။
၂)English သင်ပေးတယ်။
၃)Internet & Email သင်ပေးတယ်။
၄) Scratch Programming သင်ပေးတယ်။
အဲဒါတွေ က သင်ဖို့ လိုသလား ။ မြို့တွေရော သင်ပေးလား ဘယ်နေရာကရော အဲဒါသင်ပေးလဲ ဆိုတာ မေးကြည့်ပါ။
ဒီနေ့ ပန်းရံ လုပ်ငန်းစတင်ပါတယ်။ နွေရေမပေးတာကြောင့် တစ်ရွာလုံးနီးပါး နှမ်းစိုက်ပျိုးကြပြီး ရေစုတ်စက်များဖြင့် ရေတင်ကြရပါတယ်။ တစ်ရွာလုံး အလုပ်မအားတာ တစ်ကြောင်း အခြား အကြောင်းကြောင်းများကြာင့် foundation ထဲ ရေထည့်ဖို့ ခက်ခဲနေပါတယ်။ - ကိုမင်းသူနောင် အိမ် မှ ကူညီမည်ဟု ဖုန်းဆက်ပါသည်။
မြေနေရာ ရဖို့ ခက်ခဲပါတယ်။
အဆောက်အဦး စတင်ဖို့ ခက်ခဲပါတယ်။
ပြီးစီးဖို့ အင်မတန် ခက်ခဲပါတယ်။
ရေတင် ဖို့ ခက်ခဲပါတယ်။ (အနီးဆုံးတွေက အဝေးဆုံး မှာ ဖြစ်သွားတတ်ပါတယ်)
အခက်အခဲများသည် ကျွန်တော်တို့ ကို ပိုမို သန်မာလာအောင် လေ့ကျင့်ပေးသည့် သင်ခန်းစာများသာ။
ကျေးဇူးတင်စွာဖြင့်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက်ကော်မတီ

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ