Posts

ဤစာကြည့်တိုက် မှ အသီးအပွင့်များကို နောင်လာနောင်သား မျိုးဆက်သစ်များ ချိုမြိန်စွာ တန်ဖိုးရှိစွာ စားသုံးကြပါကုန်လော့။

Image
စာကြည့်တိုက် ကိုဘာကြောင့်ဖွင့်ချင်တာလဲ။ စာကြည့်တိုက် ဖွင့်လှစ်ရတဲ့ အကြောင်း အရင်းကတော့ ၁. မခံချင်စိတ်။ ၂.ယုံကြည်စိတ်။ ၁.ဘာကြောင့် မခံချင်စိတ်ဖြစ်ရတာလဲ။ ၁.၁။အချက်။ ကျွန်တော်တို့ရွာကလေးကို မန်းးလေးမြို့က အသိမိတ်ဆွေ သားချင်းတစ်ခု Nissan ကားလေး နဲ့ ဝင်လာပါတယ်။ကားပေါ်က ဆင်းဆင်းချင်းပဲ   မိသန်း နင့် တို့ရွာက လူတွေ ရိုင်းလိုက်တာ။ ဟောတော် ဦးလေးက လည်း ခရီးရောက်မစိုက် တော်။ နင့်တို့ရွာ စာကြည့်တိုက် မရှိဘူးမို့လား။လို့တန်းမေးပါတယ်။ ဟုတ်ပါတယ်။သူ့မေးသည့်အချိန်က စာကြည့်တိုက်မရှိသေးပါ။ ဘာကြောင့် သူ ရိုင်းတယ်လို့ပြောခြင်းအချက်ကို မှားတယ် မှန်တယ် မဆိုလိုပါဘူး။ အလိမ္မာ စာမှာရှိ ဆိုသည့် ဆိုရိုးစကားအတိုင်း စာပေက   ပေးတဲ့ အသိ စာပေ ကပေးသည့်ပညာသည် ဘယ်တော့ မှ သုံးမကုန်သည့် တန်ဖိုးရှိသည့်အရာများသာ။ ဒါကြောင့် ထိုဦးလေး ကြီးပြောတဲ့ နင့်တို့ရွာရိုင်းတာ မင်းတို့ရွာ ရိုင်းတာ လို့ ပြောတာကိုမခံချင်ပါဘူး။ ထိုဦးလေးကို ကို မုန်းလည်း မမုန်းသလို ချစ်လည်း မချစ်မိပါဘူး။သို့ပေမယ့် သူကို အချိန်တိုင်းသတိရနေပါသည်။ ကျေးဇူးလည်း တင်မိပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန် မှာ မင်းတို့ သာဝတ္ထိရွာများ...

စာကြည့်တိုက် မှူး အန်တီစောစော

Image
တစ်ပတ်လျှင် တစ်ခါ သို့မဟုတ် ၂ ပတ်လျှင် တစ်ခါတော့ အမြဲတမ်း စာကြည့်တိုက် မှူး အန်တီစောစော နှင့် ဖုန်းဆက်ဖြစ်ပါတယ်။ ဒီတစ်ခါ ဆက်လာတဲ့ အကြောင်းအရင်းက ကိုဇော်ဝင်းမောင်ရေ ဆရာတော် ဦးဝဏ္ဏ က ဆေးပုံးအပိုတွေ ရှိတယ် စာကြည့်တိုက် ကို သုတ်ပေးချင်တယ်။ အဲဒါကို စာကြည့်တိုက် က လုပ်အားခ ကို ရှင်းပေးရမယ်တဲ့ ရှင်းပေးနိုင်မလား ။ ကျမ လက်ခံလိုက်ရမလားလို့ မေးလာပါတယ်။ ဟုတ်ဆရာမကြီး ရှင်းပေးနိုင်ပါတယ်။ စာကြည့်တိုက် ကို ဆေးသုတ်လိုက်ပါ။ ယခုတော့ စာကြည့်တိုက်လေး ဟာ ရှုချင်စဖွယ် နေချင်စဖွယ်လေး တော့ဖြစ်သွားပါပြီ။ ယခု စာကြည့်တိုက်စာ ရွှေပြည်အေးသာသနာ့ ရိပ်သာ ဦးရာစိန္နက အသုံးပြုခွင့်ပေးထားတာဖြစ်ပါတယ်။ အဲအတွက်ဆရာတော်ကို လည်းအမြဲ ကျေးဇူးတင်မိပါတယ်။ ဆေးသုတ်ဖို့ကို လည်း ဆရာတော် ကျောင်းဆောက်လုပ်လှူဒါန်းထားတဲ့ အဆောက်အဦး ဆေးသုတ်ရင်း ပိုလျှံတဲ့ ဆေးတွေ အသုံးပြုခွင့်ရတာပါ။ အဲအတွက် လည်း ကျေးဇူးတင်မိပါတယ်။ စာကြည့်တိုက်မှူးအန်တီစောစော ကို လည်းအစစအရာရာ အဆင်ပြေအောင် ဆောင်ရွက်ပေးသည့်အတွက်ကျေးဇူးတင်မိပါသည်။ FieryLaddie Library Sagaing Division,Khin-U Township TharWutHti Village. fieryladdie.tharwuthti@gmail.com f...

ကိုဟိန်းစိုးမှ ၂၆ နှစ်ပြည့် မွေးနေ့အကြိုအထိမ်းအမှတ်

Image
ကလေးငယ်လေးများအတွက် စာဖတ်စားပွဲ နှင့် စာဖတ်ခုံလေးများ ဝယ်ယူရန် ကိုရီးယားနိုင်ငံရောက် ကိုဟိန်းစိုးမှ ၂၆ နှစ်ပြည့် မွေးနေ့အကြိုအထိမ်းအမှတ်အဖြစ် လူငယ့်အားမာန်စာကြည့်တိုက်သို့ အလှူငွေ တစ်သိန်းကျပ်တိတိ လှူဒါန်းပါသည်။ ပြည်ပတွင် အလုပ်အကိုင်များကျန်းမာရေး၊အစားအသောက်များ အဆင်ပြေပါစေ။ မွေးနေ့မှတိုင် နောင်နှစ်ပေါင်းများစွာတိုင် ချစ်ခင်သောသူများဖြင့် ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။ FieryLaddie Library Sagaing Division,Khin-U Township TharWutHti Village. fieryladdie.tharwuthti@gmail.com fieryladdie.blogspot.com 09-73551087

စာအုပ်စဉ် အသစ်လေးရပါပြီ

Image
စာအုပ်စဉ် အသစ်လေးရပါပြီ စာအုပ်တွေ ထားစရာနေရာမရှိတော့လို့ စာအုပ်တွေ မပို့ပါနဲ့ဦး စာကြည့်တိုက်မှူး က ပြောလို့။စဉ်းစားရပြန်တယ်။ ရန်ကုန်မှာ စာအုပ်နှစ်သိန်းဖိုးလောက်ဝယ်ထားပြီး ခဏဆိုင်းထားရတယ်။ ဒီစာအုပ်စဉ်လုပ်ဖို့အစီအစဉ်ကို သင်္ကြန်ကာလတွင်း ကတည်းကစီစဉ်ခဲ့တာပါ။ သင်္ကြန်တွင်းလေပြင်းတွေကျတော့ တော်တော်နဲ့ လက်သမားတွေ ငှားလို့မရခဲ့ဘူး ခုတော့ စာအုပ်စဉ်နှစ်စဉ် သပ်သပ်ရပ်ရပ်လေးနဲ့ ပြီးသွားပါပြီ။ အဲအတွက် အများကြီးပျော်ပါတယ်။ လက်ရာလေးကို သဘောကျပါတယ်။လက်သမားကိုတင်ဆန်းကိုလည်း ကျေးဇူးတင်ပါတယ်။ စာကြည့်တိုက်ကို ပို့ပေးပါသော အဖေကိုလည်း ကျေးဇူးတင်ပါတယ်။ စာအုပ်စဉ် အသစ်ရပြီ။ စာအုပ်တွေ ထပ်ဖြည့်လို့ရပါပြီ။ လူငယ့်အားမာန်စာကြည့်တိုက်။ FieryLaddie Library Sagaing Division,Khin-U Township TharWutHti Village. fieryladdie.tharwuthti@gmail.com fieryladdie.blogspot.com 09-73551087

လူငယ့်အားမာန်စာကြည့်တိုက်

Image
လူငယ့်အားမာန်စာကြည့်တိုက် အတွက် မအေးယုစိုး မွေးနေ့ အထိမ်းအမှတ် အဖြစ် အလှူငွေ တစ်သိန်းကျပ်တိတိ ကို ကိုသန်းဆွေဦး + မအေးယုစိုး မိသားစု မှ လှူဒါန်းပါသည်။ အစ်ကို အစ်မ တို့သည် ကျွန်တော်တို့ လူငယ့်အားမာန်စာကြည့်တိုက် စတင်ထူထောင်သည့်နှစ်မှ စ၍ အလှူငွေများ လှူဒါန်းခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်ပါသည်။ စာပေဝါသနာ ပါသည် က တစ်ကြောင်း မိမိတို့ရပ်ရွာမှ ယခင်က မရှိခဲ့ဖူးသည့်စာကြည့်တိုက်ကိုတည်ထောင် ဦးဆောင်သည်က တစ်ကြောင်း မိမိတို့ရပ်ရွာအတွက်လိုအပ်သည့်နေရာများတွင်လည်း တတ်နိုင်သလောက် အမြဲပါဝင်လှူဒါန်းသည်က တစ်ကြောင်း မိမိတို့ကျေးရွာရှိ သူငယ်တန်းမှအဌမတန်းအထိ ဆုတံဆိပ်များနှင့်စာရိတ္တဆုကို နှစ်စဉ်ချီးမြင့်လှူဒါန်းသည်က တစ်ကြောင်း အလှူအတန်းအမျိုးမျိုးကို မိမိတို့တတ်နိုင်သလောက် ကူညီပံ့ပိုးလှူဒါန်းကြပါသည်။ ရပ်ရွာအတွက် စာသင်ကျောင်းအတွက် လမ်းတံတားအတွက် ရှေးဟောင်းဘုရားများပြုပြင်ရန်အတွက် ကျွန်းတောမူလတန်း(လေကြောင့်ပျက်စီး)အတွက် လူငယ့်အားမာန်စာကြည့်တိုက် လှူဒါန်းမှု အစုစု တို့ကို နတ်လှူသာဓု ခေါ်ပါစေ။ကျွန်တော့်အနေနဲ့ ရော စာကြည့်တိုက် စာဖတ်သူများအနေ ရော ရွာသားတစ်ယောက်အနေဖြင့်ပါ ကျေးဇူးတင်မိပါသည...

ကလေးသူငယ်နှင့် စာကြည့်တိုက် ဆွေးနွေးပွဲ

Image
ကလေးသူငယ်နှင့် စာကြည့်တိုက် ဆွေးနွေးပွဲ ဒီဆွေးနွေးပွဲတက်ရောက်ပြီးတော့ ကျွန်တော့်အတွေးတစ်ခု ရခဲ့ပါတယ်။ အားလုံးက ကလေးတွေ စာဖတ်ဖို့ ကလေးတွေအနာဂတ် ကလေးစာပေ ကလေးအတွက် မျိုးဆက်သစ်အတွက် ဆိုပြီး နည်းလမ်းအမျိုးမျိုး တွေးခေါ်ကြံဆ မှု အမျိုးမျိုးလုပ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ အားကျ ပါတယ်စိတ်ဝင်စားပါတယ် လေ့လဲ လေ့လာပါတယ် အားပေးပါတယ် လုပ်ဆောင်နေပါတယ်။အဲအထဲကမှ တစ်ခုကို ကျွန်တော် စဉ်းစားမိခဲ့ပါတယ် ။ ကလေးနဲ့လူကြီးမှာ ကျွန်တော်တို့ထင်တာက ကလေးသာရင်အဓိက ကလေးတွေသာပြုပြင် ပြောင်းလဲ နောင်မျိုးဆက်သစ်အတွက်စိတ်အေးရပြီး။ ဟုတ်ပါတယ် မှန်လဲ မှန်ပါတယ် ဒါရယ်သားနဲ့ မင်းက ဘာများ အတွန့်တက်ချင်သေးသလဲလို့ မေးစရာရှိပါတယ် ။ ဟုတ်ကဲ့ ကလေးဆိုတဲ့အမျိုးက လူကြီးကို မှီခိုနေသူတွေပါ ဒါကြောင့် ကလေးတွေဘယ်လောက်စာဖတ်ချင် စာဖတ်ချင် လူကြီးက ခွင့်ပြုမှ ဖြစ်တာပါ ။ လူကြီးတွေက မင်းကျောင်းစာတော့မလုပ်ဖူး မဟုတ်တဲ့စာတွေတော့ဖတ်နေတယ် ။ ကျောင်းစာတော့ ဘိတ်ချီး သူများနောက်က အုန်းဆိုပြီး ကျောကုန်းရိုက်။နောက်ဘယ်တော့မှမဖတ်နဲ့ ငါရှေ့မှာ ကျောင်းစာကလွယ်ရင် ဘယ်စာအုပ်မှ မမြင်ချင်ဘူး တွေ့တာနဲ့ မီးရှို့ပစ်မယ်။နောက်တစ်ခါ လပတ်စာမေး...

စာဖတ်မှု အရှိန်မြှင့်တင်ရေး လှုပ်ရှားမှုပြုလုပ်

Image
Reading Promotion Campaign ကိုယ့်တတ်နိုင်တဲ့ဖက်က ကူညီခွင့်ရလို့ ကျေးဇူးတင်ပါတယ် ဒီပွဲလေးဖြစ်မြောက်အောင် သပြေကလေးလူငယ်စာကြည့်တိုက် ဗဂျီအိမ်ရွှေလျားစာကြည့်တိုက် ညောင်ပင်သာ ကလေးစာကြည့်တိုက်တို့မှ စာဖတ်ရှိန်မြင့်တင်ရေး အတွက် ရွှေလျားစာကြည့်တိုက် လှုပ်ရှားမှုများကို မှတ်တမ်းတင် ဂုဏ်ပြု့ပါသည်

သင်တန်း ဆရာတစ်ယောက် Idea လေးပါ

Image
လူငယ့်အားမာန်စာကြည့်တိုက် သင်တန်း ဆရာတစ်ယောက် Idea လေးပါ

social media ကိုစိတ်ဝင်စားသူများ

Image
ကျေးရွာအုပ်ချူပ်ရေးမှူးနှင့်လူမှုကူညီရေးအသင်းသားများ ဒါအပြင် social media ကိုစိတ်ဝင်စားသူများ မည်သူမဆိုတက်ရောက် ဆွေးနွေးနိုင်ပါသည်။ ၁၃-၄-၂၀၁၆ ည ၇ နာရီ မှ စတင်ဆွေးနွေးနိုင်ပါသည်။ လူငယ့်အားမာန်စာကြည့်တိုက်မှာပြုလုပ်ပါမည်။ လူငယ့်အားမာန်စာကြည့်တိုက်