ကလေးသူငယ်နှင့် စာကြည့်တိုက် ဆွေးနွေးပွဲ


ကလေးသူငယ်နှင့် စာကြည့်တိုက် ဆွေးနွေးပွဲ
ဒီဆွေးနွေးပွဲတက်ရောက်ပြီးတော့ ကျွန်တော့်အတွေးတစ်ခု ရခဲ့ပါတယ်။
အားလုံးက ကလေးတွေ စာဖတ်ဖို့ ကလေးတွေအနာဂတ် ကလေးစာပေ ကလေးအတွက် မျိုးဆက်သစ်အတွက် ဆိုပြီး နည်းလမ်းအမျိုးမျိုး တွေးခေါ်ကြံဆ မှု အမျိုးမျိုးလုပ်ကြပါတယ်။
ကျွန်တော်ကိုယ်တိုင်လဲ အားကျ ပါတယ်စိတ်ဝင်စားပါတယ် လေ့လဲ လေ့လာပါတယ် အားပေးပါတယ် လုပ်ဆောင်နေပါတယ်။အဲအထဲကမှ တစ်ခုကို ကျွန်တော် စဉ်းစားမိခဲ့ပါတယ် ။ ကလေးနဲ့လူကြီးမှာ ကျွန်တော်တို့ထင်တာက ကလေးသာရင်အဓိက ကလေးတွေသာပြုပြင် ပြောင်းလဲ နောင်မျိုးဆက်သစ်အတွက်စိတ်အေးရပြီး။
ဟုတ်ပါတယ် မှန်လဲ မှန်ပါတယ် ဒါရယ်သားနဲ့ မင်းက ဘာများ အတွန့်တက်ချင်သေးသလဲလို့ မေးစရာရှိပါတယ် ။ ဟုတ်ကဲ့ ကလေးဆိုတဲ့အမျိုးက လူကြီးကို မှီခိုနေသူတွေပါ ဒါကြောင့် ကလေးတွေဘယ်လောက်စာဖတ်ချင် စာဖတ်ချင် လူကြီးက ခွင့်ပြုမှ ဖြစ်တာပါ ။ လူကြီးတွေက မင်းကျောင်းစာတော့မလုပ်ဖူး မဟုတ်တဲ့စာတွေတော့ဖတ်နေတယ် ။ ကျောင်းစာတော့ ဘိတ်ချီး သူများနောက်က အုန်းဆိုပြီး ကျောကုန်းရိုက်။နောက်ဘယ်တော့မှမဖတ်နဲ့ ငါရှေ့မှာ ကျောင်းစာကလွယ်ရင် ဘယ်စာအုပ်မှ မမြင်ချင်ဘူး တွေ့တာနဲ့ မီးရှို့ပစ်မယ်။နောက်တစ်ခါ လပတ်စာမေးပွဲ အဆင့်လျော့လို့ကတော့ငါနဲ့အတွေ့ပဲ။မင်းထမင်းမကြွေးဘူး အငတ်ထားမှာ အစသဖြင့် ရပ်ကွက်ထဲမှာရော ရပ်ရွာထဲမှာရေ ဒီလို လွှဲမှားတဲ့စကားလုံးတွေကို မကြားချင်မှ အဆုံး ကျွန်တော်တို့ဟာကြားနေရပါတယ်။ ကျောင်းစာတစ်ခုထဲ တော်နေရုံနဲ့ဘဝမှာ မပြီးပြည့်စုံဘူးဆိုတာ မိဘများကို သိစေချင်ပါတယ်။ ကျောင်းစာသည်လဲ ထိုက်သင့်သလောက် အရေးကြီးပါတယ် ပြင်ပ ဗဟုသုတသည်လဲ မသေမချင်းသုံးနေရမဲ့ ဘွဲ့မပေးတဲ့ ပညာရေးတစ်ခုပါဆိုတာ ရဲရဲကြီးပြောရဲပါတယ်။ကလေးငယ်တွေကို ကျောင်းမှာ အဆင့်သတ်မှတ်ချက်မကောင်းရုံနဲ့ မင်းဟာညံ့ဖျင်းတဲ့ကောင် မင်းဟာအသုံးမကျတဲ့ကောင်လို့ မိဘတွေကစ မပြောသင့် မနိမ့်ချင့်တဲ့အရာပါ ကျောင်းစာမတော်ပေမယ့် ဘဝမှာ အတိုင်းအတာတစ်ခုထိ တော်နေ အဆင်ပြေနဲ့ သူတွေအများကြီးပါ။ကျွန်တော်ဥပမာ တစ်ခု ပေးရရင် ကလေးငယ်တွေဟာ အိမ်တစ်အိမ်မှာ ကြမ်းခင်းနဲ့ တူပါတယ် ကြမ်းခင်းဟာ ကျွန်တော်တို့ အိပ်စက်ခြင်းမှာလက်တွဲဖို့ ကြမ်းခင်းကောင်းကလေးများ ဖြစ်လာဖို့ ကျွန်တော်တို့ဘယ်လောက်ပဲ ပြုပြင် နေပါစေ ပြောင်းလဲနေပါစေ ခေါင်းမိုးက မိုးမလုံရင် ခေါင်မိုးက နေမလုံရင် ခေါင်မိုးက လေမလုံရင် ကျွန်တော်တို့ ကြမ်းခင်းဟာ ပျက်စီးမှာပါ ။ဒါကြောင့် ကလေးလူငယ်တွေစာပေလဲ တိုးတက်အောင်ပြုလုပ်သလို လူကြီးသူမ များကိုလဲ ကလေးများကိုစာဖတ်ခွင့်ပြုအောင် စာဖတ်ခြင်းမှာမွေ့လျော်လာအောင် ဝိုင်းဝန်းပံ့ပိုးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ လူကြီးများကိုလဲ ပညာဘယ်လောက်တတ်တတ် စာရိတ္တ ကိုယ့်ကျင့်တရား မကောင်းရင် အလကားပဲဆိုတာ သိစေချင်ပါတယ်။ငယ်ငယ်ကကြားဖူးဖတ်ဖူးတစ်ခု က ပညာမဲ့သူတစ်ယောက် မိုက်ရင် သတ်ရင် လူတစ်ယောက်ပဲ သေစေပါတယ်။ ပညာတတ်တစ်ယောက် အသိတရားမရှိ မိုက်မဲရင် လူဘယ်နှယောက်သေဆုံးမလဲဆိုတာ ခန့်မှန်းလို့မရပါဘူး။ ဒါကြောင့် သင်ညာလဲ တတ် ပညာလဲ တတ်အောင် ကူညီကြစေလိုပါတယ်။ လူတစ်ယောက်မှာ လက်နှစ်ဖက်ပါ မှ လုပ်ငန်းဆောင်တာများကို နေ့တဓူဝ လုပ်ဆောင်မှုများကို အဆင်ပြေပြေလုပ်ဆောင်နိုင်မှာပါ။ ဘယ်ဘက်မှာ အညစ်အကြေးပေရင် ညာဘက်နဲ့ ဆေးကြောနိုင်သလို ညာဘက်မှာအညစ်အကြေးပေရင်လည်း ဘယ်ဘက်နဲ့ ဆေးကြောနိုင်မှာဖြစ်ပါတယ်။အသိပညာက ဘယ်ဘက်ဆိုရင် အတတ်ပညာဟာ ညာဘက်ပါ။မိမိတို့ရင်သွေးငယ်များ အနာဂတ် သားကောင်းရတနာ သမီးကောင်းရတနာများဖြစ်စေဖို့ မိဘများက ဝိုင်းဝန်းပြုစုပျိုးထောင် ပေးကြပါ စာဖတ်ဖို့ တတ်တွန်းပါ။ မိမိကိုယ်တိုင်ကလဲ စာဖတ်ပါ ။ကလေးသူငယ်များကိုလဲ ဘာသာရေးအဆုံးအမ နှင့်မကင်းကွာအောင် စာပေဖြင့် နှလုံးသားနုညံ့အောင်မိမိရပ်ရွာကိုချစ်တတ်အောင် မိမိနိုင်ငံ မိမိ စာပေ မိမိ လူမျိုး ချစ်တတ်အောင် မှန်ကန်တဲ့ ရှက်ခြင်း မှန်ကန်တဲ့ကြောက်ခြင်းမျိုး ရှိလာအောင် ငယ်စဉ်ကတည်းက သွန်သင်လမ်းပြ ပေးနိုင်ဖို့ စာအုပ်စာပေများဖြင့် ကုစားကြပါစို့ လို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
လူငယ့်အားမာန်စာကြည့်တိုက်

photo credit: Ko Maung Maung Soe

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ