မုန်တိုင်းမိငှက်ငယ်ရဲ့ ငိုငြီးသံ ” အမေ, ဟိုး…ခပ်ဝေးဝေး ယုဂန်စွန်းက နေ၀န်းကွယ်ကာပျောက်လို့ လမသာသေးတဲ့ အချိန်မှာပေါ့ မရေရာတဲ့အတွေးနဲ့ highway ပေါ်မှာ ပြန်စရာအိမ် မရှိရှာဘူး အမေ…………။ မွန်းကြပ်လှတဲ့ မြို့ပြစနစ်မှာ အကုသိုလ်ပန်းတွေ ဝေပုံကလည်း အဖူးပေါ်အညွှန့်တက်လို့ တပ်မက်စရာပါလား………………။ အမှောင်စိတ်ကို ချောင်ပိတ်ပြီး လောကဓံက တည်ခင်းတဲ့ အသီးအပွင့်တွေကို မစားမိရလေအောင် သား ကြိုးစားပြီး ရှောင်ရှားခဲ့ပါတယ်………။ ဒါပေမယ့် အမေရယ် အာကာပြင်မှာ မိုးတိမ်ကင်းစင်ပြီး လေတွေထန်နေလေလေ သားမှာ ကြေကွဲရလေလေပါပဲ…………။ မုန်တိုင်းထန်တယ်ဆိုတာလဲ တကယ်တော့ လောကဓံ တရားပါလား…………။ အိပ်စရာ မရှိတဲ့ညတွေမှာဆို မိုးတွေ သိပ်ရွာတာပဲ အမေရယ်………။ ဒါတွေကိုလည်း အားမငယ်ပါဘူး သား စိတ်ကူးထဲမှာ မိုးခိုစရာ အမေ့မေတ္တာ ရှိနေတာပဲ………။ သား စိတ်ထဲမှာ ပေါက်ကွဲချင်နေတာ အမေ မသိဘူးလား… လူတွေရဲ့ အပြုံးမှာ ကုန်ဈေးနှုန်းတွေ ပါနေတယ် အမေရဲ့……။ background နဲ့ အ၀တ်စားကောင်းမှ ဆက်ဆံတတ်တဲ့ လူတွေရဲ့ သဘောထားကို သား တူးတူးခါးခါး မုန်းတယ် အမေ……။ ဒါပေမယ့်...