လူငယ့်အားမာန်ရွှေ့လျားစာကြည်တိုက် မွေးဖွားဖို့စတင်ခြင်း
လူငယ့်အားမာန်ရွှေ့လျားစာကြည်တိုက် မွေးဖွားဖို့စတင်ခြင်း
စာကြည့်တိုက် တာဝန်ခံ ကိုအောင်လင်း ထံ သို့ အလုပ်တောင်းခံလာပါတယ် ကိုအောင်လင်းမှတဆင့်
ကျွန်တော့် ထံ သို့ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပါတယ်
ရပ်ရွာရှိ အမျိုးသမီးတစ်ဦး က စာကြည့်တိုက် မှာ အလုပ်လုပ်ချင်ကြောင်း သင့်တော်သော လုပ်အားခ
ဖြင့် တာဝန်ယူချင်ကြောင်း ပြောကြားလာပါတယ်
ဖုန်းဆက်လျှင် ဆက်ချင်းပဲ ကျွန်တော့် စာကြည့်တိုက်တွင် စေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး
အန်တီစောစော ရှိနေ ၍ မလိုအပ်ကြောင်း အကယ်၍ စာကြည့်တိုက် ရှင်းလင်းရန် စာအုပ်စီရန်
သန့်ရှင်းပေး ရန် ရှိလာပါက နေ့စားဖြင့် ခေါ်ယူပေးပါမည် ဟုအကြောင်းပြန်လိုက်ပါသည်။
တဖန်ပြန်စဉ်းစားသောအခါ ကျွန်တော်သည် လူငယ့်အားမာန်စာကြည့်တိုက် ကိုတစ်ခု ထဲလုပ်ရန်
မဟုတ်ပါ။ငွေကြေးတတ်နိုင်ရင် တတ်နိုင်သလောက် ဆက်လက်ဆင့်ပွား တခြားကျေးရွာများ အထိ
ကူညီဖွင့်လှစ်ပေးရန်ရည်ရွယ်ပါသည်။ ယခုနှစ်တွင် စာကြည့်တိုက် အသစ်တစ်ခု ဖွင့်လှစ်ပေးရန်
ငွေကြေးအင်အားမလုံလောက်သေးပါသဖြင့် ဆိုင်ငံ့ထားခြင်းဖြစ်ပါသည်။ တခြားတတ်နိုင်တာက
ထိုကျေးရွာသို့ စာကြည့်တိုက်တစ်တိုက်အဖြစ် မထူထောင်နိုင်သေးခင်မှာ ရွှေ့လျားစာကြည့်တိုက်
အဖြစ် ပထမခြေလှမ်း စက်ဘီးဖြင့် စာအုပ်များကို ငှားရမ်းခြင်း ဖြင့် စတင်မည် ဟုဆုံးဖြစ်မိပါသည်။
ထို့ကြောင့် အလုပ်လိုချင်သော အမျိုးသမီးလည်း အဆင်ပြေ ကျွန်တော့် လူငယ့်အားမာန်ဆင့်ပွား
စာကြည့်တိုက်လည်း အဆင်ပြေ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် စက်ဘီးဖြင့် ကျေးရွာများ
အထိငှားရမ်းပေးသော ရွှေ့လျားစာကြည့်တိုက် လူငယ့်အားမာန်စာကြည့်တိုက် (၁) အဖြစ်
စတင်တော့ မည်ဟုဆုံးဖြစ်မိပါသည်။
Comments
Post a Comment