ခေါင်းဆောင် ရွေးချယ်ခြင်း အနုပညာ
************************* LLet' Read Project (စာဖတ်ကြပါစို့) @ လမ်းညွှန်မှုများကို MBAPF & Storyteller Magic မှ သင်ကြားပေးပါသည်။ပြီးခဲ့သော ဒီဇင်ဘာ ဒုတိယ သီတင်းပတ်တွင် စာကြည့်တိုက်တွင် စာလာဖတ်သောကလေးငယ်များကို နှစ်ယောက်တစ်တွဲစာဖတ်ခိုင်းခြင်း ဆောင်ရွက်မှု ကို ပြုလုပ်ခဲ့ပါသည်။ ထို ဆောင်ရွက်မှု မှာ နှစ်ဦး အဖွဲ့စည်းတွင် မိမိ ဆောင်ရွက်လိုသောအချက်ကို အခြား လုပ်ဖော်ကိုင်ဖက်အား စာနာခြင်း ညှိနှိုင်းခြင်း နားလည်ခြင်း စည်းလုံးခြင်း အစသဖြင့် ကောင်းကျိုးများကိုရရှိ ခံစားစေမည် ဖြစ်ပါသည်။ယခု သီတင်းပတ် စာကြည့်တိုက်ဖွင့်ချိန်တွင် အုပ်တစ်ခု တစ်ခု ကို အနည်းဆုံး ငါးယောက်ခန့် အများဆုံး ရှစ်ယောက်ခန့် ဖွဲ့စည်းစေပါသည်။ ထို အဖွဲ့အစည်းမှ မိမိတို့ စိတ်ကြိုက် စာအုပ်ကို ရွေးချယ် ဖတ်ရှု့ စေပါသည်။ ဖတ်ရှု့ပြီး ထို စာအုပ်ကိုပြန်အလှန် ဆွေးနွေးစေပါသည်။ ထိုမှ တဆင့် မိမိတို့ အဖွဲ့စည်း မှ ခေါင်းဆောင်တစ်ယောက် ကို ရွေးချယ်ပြီး အများရှေ့တွင် မိမိတို့ ဖတ်ရှုဆွေးနွေးချက်များကို ပြန်လည် ရှင်းပြစေခြင်း အမှု ကို ပြုလုပ်စေခဲ့သည်။အုပ်စုဖွဲ့ခြင်းအားဖြင့် ကလေးငယ်များသည် (၁)စည်းလုံး ညီညွှတ်မှုကို ဖြစ်စေပါသည်...