ခေါင်းဆောင် ရွေးချယ်ခြင်း အနုပညာ







*************************
LLet' Read Project (စာဖတ်ကြပါစို့) @ လမ်းညွှန်မှုများကို MBAPF & Storyteller Magic မှ သင်ကြားပေးပါသည်။ပြီးခဲ့သော ဒီဇင်ဘာ ဒုတိယ သီတင်းပတ်တွင် စာကြည့်တိုက်တွင် စာလာဖတ်သောကလေးငယ်များကို နှစ်ယောက်တစ်တွဲစာဖတ်ခိုင်းခြင်း ဆောင်ရွက်မှု ကို ပြုလုပ်ခဲ့ပါသည်။ ထို ဆောင်ရွက်မှု မှာ နှစ်ဦး အဖွဲ့စည်းတွင် မိမိ ဆောင်ရွက်လိုသောအချက်ကို အခြား လုပ်ဖော်ကိုင်ဖက်အား စာနာခြင်း ညှိနှိုင်းခြင်း နားလည်ခြင်း စည်းလုံးခြင်း အစသဖြင့် ကောင်းကျိုးများကိုရရှိ ခံစားစေမည် ဖြစ်ပါသည်။ယခု သီတင်းပတ် စာကြည့်တိုက်ဖွင့်ချိန်တွင် အုပ်တစ်ခု တစ်ခု ကို အနည်းဆုံး ငါးယောက်ခန့် အများဆုံး ရှစ်ယောက်ခန့် ဖွဲ့စည်းစေပါသည်။ ထို အဖွဲ့အစည်းမှ မိမိတို့ စိတ်ကြိုက် စာအုပ်ကို ရွေးချယ် ဖတ်ရှု့ စေပါသည်။ ဖတ်ရှု့ပြီး ထို စာအုပ်ကိုပြန်အလှန်
ဆွေးနွေးစေပါသည်။ ထိုမှ တဆင့် မိမိတို့ အဖွဲ့စည်း မှ ခေါင်းဆောင်တစ်ယောက် ကို ရွေးချယ်ပြီး အများရှေ့တွင် မိမိတို့ ဖတ်ရှုဆွေးနွေးချက်များကို ပြန်လည် ရှင်းပြစေခြင်း အမှု ကို ပြုလုပ်စေခဲ့သည်။အုပ်စုဖွဲ့ခြင်းအားဖြင့် ကလေးငယ်များသည် 
(၁)စည်းလုံး ညီညွှတ်မှုကို ဖြစ်စေပါသည်။ စာအုပ်တစ်အုပ်တည်း စုပေါင်းဖတ်ရှု့ ခြင်းအားဖြင့်
(၂) ညှိနှိုင်းဆောင်ရွက်မှုကို ငယ်စဉ်ကတည်းက ရစေပါသည်။ထိုမှ တဆင့် 
(၃) ဆွေးနွေးငြင်းခုန်မှု အမြင်မတူမှု တစ်ပါးသူအယူအဆ ကို လက်ခံ နိုင်ခြင်းမိမိတို့ အဖွဲ့ မှ ခေါင်းဆောင်တစ်ယောက် တင်မြောက်စေခြင်းကြောင့် 
(၄) ခေါင်းဆောင်ထိုက်သူ ဆွေးနွေးနိုင်သူအား ရွေးချယ်တတ် စေခြင်း အစ သဖြင့်ကောင်းကျိုး အထွေထွေ ကို ရရှိစေခြင်း ကြောင့် စုပေါင်း စာဖတ်မှု အားတစ်လ တစ်ကြိမ် သို့တည်း မဟုတ် နှစ်ကြိမ် ဆောင်ရွက်သင့်ပါကြောင်း လူငယ့်အားမာန်စာကြည့်တိုက်မှ အကြံပြုမိပါသည်။

လေးစားစွာဖြင့်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက်

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ