မုန့်မြို့တော် ခေါင်းစဉ်ဖြင့် သရုပ်ဖော်စာအုပ် ကို ၈ တန်းကျောင်းသူ ဖန်တီး
**********************************************
စာကြည့်တိုက်ဆိုတာ စာဖတ်ရုံတစ်ခု တည်း ဖန်တီးပေးလို့ မရဘူးဆိုတာ
ဒီနေ့ သိလိုက်ရပါတယ်။ စာကြည့်တိုက် ဆိုတာ လူငယ်တွေ အတွက်
ဖန်တီးဖို့ အခွင့်အလမ်း ကောင်းတွေ ဖြင့် ဆွဲဆောင် သင့်ပါတယ်။
ပန်းချီးရေးချင်သူများလည်း ပန်းချီရေးကြသလို အားကစား အနေဖြင့်
ကြက်တောင်ရိုက်ခြင်း၊ဂိမ်းကစားခြင်း စသဖြင့် ဆော့ကစားကြ
လူငယ်တွေ စွမ်းအင် လူငယ်တွေ ထုတ်ကုန် လူငယ်တွေ ဦးနှောက်မှ
ပေါ်ထွက်လာသော အရင်းအမြစ်များကို တန်ဖိုးထား ဂုဏ်ယူခြင်းဖြင့်
လူငယ်တွေကို ပြုစုပျိုးထောင်ကြရအောင်ပါ။
ကျွန်းသစ်တွေကို အလုံးလိုက်တင်ပို့တာထက် စာရင် ကုန်ချောအဖြစ်ဖန်တီးပြီး
ရောင်းချမယ်ဆိုရင် နိုင်ငံအတွက် များကြီး အသုံးဝင်သလို လူငယ်တွေကိုလည်း
ဖန်တီး တီထွင်မှုပေါင်းများစွာဖြင့် တိုင်းပြည်အတွက် အထောက်အပံ့ကောင်းများစွာ
ရရှိအောင် ဆောင်ရွက်ဖို့ စာကြည့်တိုက်အနေဖြင့်ပြုစုပျိုးထောင်ပေးသင့်တယ်လို့ ယူဆမိပါတယ်။
ဒီနေ့ မှာ ၈ တန်းကျောင်းသူ မအိသူဝင်း ဖန်းတီးထားသော သရုပ်ဖော် လက်ရာ ဖြစ်ပါတယ်။
ဒီလို လူငယ်တွေ အတွက် မှန်ကန်သော လက်တည့် စမ်းသပ်မှု ဖန်တီးမှုများကို ကြိုဆိုသင့်ပါတယ်။
လေးစားစွာဖြင့်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက်
Comments
Post a Comment