စာကြည့်တိုက်ကို အခြေခံသည့် ပညာရေးစနစ်ကို ယုံကြည်ကြသူများ ဆွေးနွေးခြင်း
******************************************************** ကာဘိုးစံပြ ကျေးရွာ မှ ကျောင်းစာကြည့်တိုက်မှူး၊ကျောင်းအုပ်ဆရာမကြီး၊ အရပ်ဖက် အဖွဲ့အစည်း တို့ နှင့် လူငယ့်အားမာန်စာကြည့်တိုက် မှူး နှင့် စာကြည့်တိုက် ကော်မတီတို့ ဆွေးနွေးဖြစ်ခဲ့ကြပါသည်။ ထိုအကြောင်းအရာသည် စာကြည့်တိုက် ကို အခြေခံသည့် ပညာရေးစနစ် ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လိုကြခြင်းဖြစ်ပါသည်။ ကာဘိုးစံပြကျေးရွာ သည် ကျောင်းစာကြည့်တိုက်တွင် အထိုက်အလျောက်အားဖြင့်အောင်မြင်သော်လည်း ပြည်သူ့စာကြည့်တိုက်အခန်း ကဏ္ဍတွင် အတေ်ာ အားနည်းသဖြင့်သာဝတ္ထိ လူငယ့်အားမာန်စာကြည့်တိုက်မှူး မနွဲ့ယဉ်အေးဖြင့် ဆွေးနွေးကြပါသည်။ ပိုမိုကောင်းမွန်သော နည်းလမ်းများဖြင့် စာကြည့်တိုက် ဖွံ့ဖြိုးတိုးအောင် ဆောင်ရွက်ကြမည်ဟု အဖွဲ့အစည်းနှစ်ခုလုံး ရည်မှန်းထားကြပါသည်။ ပေါင်းစည်းခြင်း မျှဝေခြင်းများဖြင့်သာဝတ္ထိ နှင့် ကာဘိုး လက်တွဲဆောင်ရွက်ပါမည်။ လူငယ့်အားမာန်စာကြည့်တိုက် သည် ၂၀၁၂ ခုနှစ် တွင် စတင်ဖွင့်လှစ်ခဲ့သော အစဉ်မပြတ် လည်ပတ်နိုင်သော စာကြည့်တိုက်တစ်ခု ဖြစ်ပါသည်။ ယနေ့ ၂၀၁၉ အချိန်ထိ စနေ တနင်္ဂနွေ ဖြည်းဖြည်း နှင့် မှန်မှန် လမ်းလျှောက်နေသာ ကလေးသာ...