စာကြည့်တိုက်ကို အခြေခံသည့် ပညာရေးစနစ်ကို ယုံကြည်ကြသူများ ဆွေးနွေးခြင်း
********************************************************
ကာဘိုးစံပြ ကျေးရွာ မှ ကျောင်းစာကြည့်တိုက်မှူး၊ကျောင်းအုပ်ဆရာမကြီး၊ အရပ်ဖက် အဖွဲ့အစည်း တို့ နှင့်
လူငယ့်အားမာန်စာကြည့်တိုက် မှူး နှင့် စာကြည့်တိုက် ကော်မတီတို့ ဆွေးနွေးဖြစ်ခဲ့ကြပါသည်။ ထိုအကြောင်းအရာသည်
စာကြည့်တိုက် ကို အခြေခံသည့် ပညာရေးစနစ် ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လိုကြခြင်းဖြစ်ပါသည်။
ကာဘိုးစံပြကျေးရွာ သည် ကျောင်းစာကြည့်တိုက်တွင် အထိုက်အလျောက်အားဖြင့်အောင်မြင်သော်လည်း
ပြည်သူ့စာကြည့်တိုက်အခန်း ကဏ္ဍတွင် အတေ်ာ အားနည်းသဖြင့်သာဝတ္ထိ လူငယ့်အားမာန်စာကြည့်တိုက်မှူး မနွဲ့ယဉ်အေးဖြင့် ဆွေးနွေးကြပါသည်။ ပိုမိုကောင်းမွန်သော နည်းလမ်းများဖြင့် စာကြည့်တိုက် ဖွံ့ဖြိုးတိုးအောင် ဆောင်ရွက်ကြမည်ဟု
အဖွဲ့အစည်းနှစ်ခုလုံး ရည်မှန်းထားကြပါသည်။ ပေါင်းစည်းခြင်း မျှဝေခြင်းများဖြင့်သာဝတ္ထိ နှင့် ကာဘိုး လက်တွဲဆောင်ရွက်ပါမည်။ လူငယ့်အားမာန်စာကြည့်တိုက် သည် ၂၀၁၂ ခုနှစ် တွင် စတင်ဖွင့်လှစ်ခဲ့သော အစဉ်မပြတ် လည်ပတ်နိုင်သော စာကြည့်တိုက်တစ်ခု ဖြစ်ပါသည်။ ယနေ့ ၂၀၁၉ အချိန်ထိ စနေ တနင်္ဂနွေ ဖြည်းဖြည်း နှင့် မှန်မှန် လမ်းလျှောက်နေသာ
ကလေးသာသာ အရွယ် စာကြည့်တိုက် တစ်ခု ဖြစ်ပါသည်။
ထိုစာကြည့်တိုက် မှ အစီအစဉ်တစ်ရပ် အနေဖြင့် အောက်ပါ ဆောင်ရွက်မှုများကိုဆောင်ရွက်နေပါသည်။ (ခင်ဦးမြို့နယ်အတွင်းသာ)
Supporting Re Development Public and School Library(Khin-U)
ခင်ဦးမြို့နယ်အတွင်း ကျောင်းစာကြည့်တိုက်(၅) တိုက်မြောက် စတင် လက်တွဲ ဆောင်ရွက်ခြင်း
ပိတ်ထားသော စာကြည့်တိုက်များ ပြန်လည် ဖွင့်လှစ်နိုင်ဖို့ ကျောင်းစာကြည့်တိုက်များ အသက်ဝင်အောင် ကူညီဆောင်ရွက်ပေးဖို့ အစီအစဉ် တစ်ရပ် ရေးဆွဲထားလျှက်ရှိပါသည်။ စိတ်ဝင်စားသော ခင်ဦးမြို့နယ်အတွင်းမှ ကျေးရွာ အုပ်ချုပ်ရေးမှူး များ ကျောင်းစာကြည့်တိုက် ဆောင်ရွက်လိုသော ဆရာ ဆရာမများ လူငယ့်အားမာန်စာကြည့်တိုက်မှူးကို ဆက်သွယ် စုံစမ်းနိုင်ပါသည်။
ယခုအခါ လူငယ့်အားမာန်စာကြည့်တိုက်ဖြင့် လက်တွဲ ဆောင်ရွက်နေသော ကျောင်းစာကြည့်တိုက်များမှာ
၁)ခင်ဦး-ဇီးတော အမက ကျောင်းစာကြည့်တိုက်
၂)ခင်ဦး-ဥယျာဉ် အမက ကျောင်းစာကြည့်တုက်
၃)ခင်ဦး-သာဝတ္ထိ အလက ဦးကြီး ကျောင်းစာကြည့်တိုက်
၄)ခင်ဦး-ရေအေးကုန်း အမက ကျောင်းစာကြည့်တိုက်
၅)ခင်ဦး-ကျွန်းတောကြီး အမက ကျောင်းစာကြည့်တိုက်
လေးစားစွာဖြင့်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက်
Comments
Post a Comment