ဒုတိယအကြိမ် သာဝတ္ထိ နွေရာသီအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်ခြင်း














စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက် ကော်မတီ မှ ဦးဆောင်ပြီး နွေရာသီ အင်္ဂလိပ်စာသင်တန်းကို ၂၀၁၉ ခုနှစ် မတ်လ ၂ ရက် နေ့လည် ၁ နာရီ တွင် သာဝတ္ထိရွာ အလက ကျောင်းတွင် ဖွင့်လှစ်ခဲ့ပါသည်။
ထိုဖွင့်ပွဲတွင် အရပ်ဖက်အဖွဲ့အစည်းအဖြစ် ကာဘိုးစံပြ ကျေးရွာ မှ ကျောင်းအုပ်ဆရာမကြီး ၊ကာဘိုးစာကြည့်တိုက်မှ စာကြည့်တိုက် မှူး ၊ သာဝတ္ထိရွာ အလက ဒု ကျောင်းအုပ် ဆရာကြီး ဦးရဲမြင့် ၊ ရန်ကုန်မြို့ဆရာကြီး ဦးမြကြိုင် ပညာဒါန မှ  သင်ကြားရေး ဆရာ နှစ်ယောက် နှင့် လူငယ့်အားမာန်စာကြည့်တိုက် ကော်မတီ တို့ တက်ရောက်ဖွင့်လှစ်ခဲ့ပါသည်။
ကာဘိုးစံပြ ကျေးရွာ မှ ဆရာ ဦးမြင့်သူ နှင့်အဖွဲ့ သည် ရန်ကုန် ကလေးငယ်များ ပညာရေး နှင့်ပတ်သတ်ပြီး အတွေ့အကြုံများ ၊ အလက ဒုကျောင်းအုပ် ဆရာ ဦးရဲမြင့် မှ ကောင်းမွန်စွာ ဂရုစိုက်သင်ကြားဖို့ ကလေးငယ်များကို မှာကြားခြင်း၊ စင်္ကာပူ ပညာရေး နှင့် အတွေ့အကြုံများကို ဖလှယ်ခြင်း ကို ဆရာမ ဒေါ်ချိုချိုခင် တို့ ဟောပြောပေးခဲ့ကြပါသည်။
သင်တန်းတွင် စုစုပေါင်း စတုတ္ထတန်း ဖြေဆိုထားသူများ မှ တက္ကသိုလ် တက်ရောက်နေသူများ ဆရာ ဆရာမများအထိ  တက်ရောက်နိုင်ကြောင်း နှင့် နွေရာသီ အင်္ဂလိပ်စာသင်တန်းကို ဒုတိယအကြိမ် ဖွင့်လှစ်ကြောင်း နောက်နှစ်များတွင်လည်း  ဆက်လက်ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ ကျေးရွာတွင် ရှိသော ကလေးငယ်များ အင်္ဂလိပ်စာ အရည်အသွေးမြင့်မားစေရန်အတွက်  ရည်ရွယ်ပြီး ဖွင့်လှစ်ကြောင်း လူငယ့်အားမာန်စာကြည့်တိုက်မှူး မနွဲ့ယဉ်အေးထံမှ သိရပါသည်။
ထိုသင်တန်းဖွင့်လှစ်သည်ကို အနီးအနားရှိ ကျေးရွာများမှ သိရှိပြီး ဥယျာဉ်၊ကျွန်းတောကြီး၊မြင်းကျ ကျေးရွာများမှ လည်း  လာရောက် တက်ရောက်သည်ဟု သိရပါသည်။  လူငယ့်အားမာန်စာကြည့်တိုက်သည် နွေရာသီ အင်္ဂလိပ်စာသင်တန်းအပြင် Scratch Programming သင်တန်းပါ ဖွင့်လှစ်မည်ဖြစ်ကြောင့် နှင့် လူငယ့်အားမာန်စာကြည့်တိုက် သည် စာကြည့်တိုက်အပြင် Youth's Development & Community
Center ပါ ဆောက်လုပ်နေကြောင်းသိ ရှိရပါသည်။

လေးစားစွာဖြင့်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက်

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ