Posts

Showing posts from July, 2020

လူငယ့်အားမာန်စာကြည်တိုက် ဖွင့်လှစ်ရတဲ့ အကြောင်း

Image
နံပါတ်(၁) မခံချင်စိတ်။ နံပါတ်(၂) ယုံကြည်စိတ်။ နံပါတ်(၁-၁) ဘာကြောင့် မခံချင်စိတ်ဖြစ်ရတာလဲ။  ကျွန်တော်တို့ရွာကလေးကို မန်းးလေးမြို့က အသိမိတ်ဆွေ သားချင်းတစ်ခု Nissan ကားလေး နဲ့ ဝင်လာပါတယ်။ကားပေါ်က ဆင်းဆင်းချင်းပဲ  မိသန်း နင့် တို့ရွာက လူတွေ ရိုင်းလိုက်တာ။  ဟောတော် ဦးလေးက လည်း ခရီးရောက်မစိုက် တော်။ နင့်တို့ရွာ စာကြည့်တိုက် မရှိဘူးမို့လား။လို့တန်းမေးပါတယ်။ ဟုတ်ပါတယ်။သူ့မေးသည့်အချိန်က စာကြည့်တိုက်မရှိသေးပါ။ ဘာကြောင့် သူ ရိုင်းတယ်လို့ပြောခြင်းအချက်ကို မှားတယ် မှန်တယ် မဆိုလိုပါဘူး။ အလိမ္မာ စာမှာရှိ ဆိုသည့် ဆိုရိုးစကားအတိုင်း စာပေက  ပေးတဲ့ အသိ စာပေ ကပေးသည့်ပညာသည် ဘယ်တော့ မှ သုံးမကုန်သည့် တန်ဖိုးရှိသည့်အရာများသာ။ ဒါကြောင့် ထိုဦးလေး ကြီးပြောတဲ့ နင့်တို့ရွာရိုင်းတာ မင်းတို့ရွာ ရိုင်းတာ လို့ ပြောတာကိုမခံချင်ပါဘူး။  ထိုဦးလေးကို ကို မုန်းလည်း မမုန်းသလို ချစ်လည်း မချစ်မိပါဘူး။သို့ပေမယ့် သူကို အချိန်တိုင်းသတိရနေပါသည်။ ကျေးဇူးလည်း တင်မိပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန် မှာ မင်းတို့ သာဝတ္ထိရွာများ အရင်ကလောက်မရိုင်းတော့ဘူးဆိုတာတေ့ာ သက်သေပြချင်မိပါတယ်။ (ဒါကတစ်ချက် ) နံပါတ်(၁-၂) ကျွန်တော...

ကျွန်တော်ဘာကြောင့် စာဖတ်ဖြစ်လဲ

Image
ပထမအချက် အနေဖြင့် ဆယ်တန်းအောင်ပြီး တော့ ဖခင် နဲ့ တော်တော်များများ အယူအဆ တွေ ကွဲလွဲခဲ့ပါတယ်။ စကားကို လိပ်ပတ်လည်အောင် မပြောတတ်။ဒီအဖေက မွေးမှတော့ ဒီသားက ဖခင်နဲ့တူသာ မဆန်းပါဘူး။ ဖခင်လည်း စကားပြောရင် ပြတ်သလို သူ့မွေးတဲ့သား ကျွန်တော်လည်းပြတ်ခဲ့ပါတယ်။ ဖခင်ကိုယ်တိုင်ကလည်း  မှန်တယ်ထင်ရင် မလျော့သလို ကျွန်တော်ကိုယ်တိုင်လည်း မလျှော့ခဲ့ပါဘူး။ ကိုယ် ယုံကြည်ရာကို ပြောဆို ဖို့ နောက်မတွန့် ရင်းကနေ အဖေနဲ့ သား ကြားမှ စတင်ကွဲလွဲလာပါတော့တယ်။ အထူးသဖြင့် ဆယ်တန်းအောင်ပြီး နောက်ပိုင်း ကျွန်တော့် ဖခင်သည် အဝေးသင်ကိုပဲ တက်စေချင်ပါသည်။မိခင်ကတော့ သက်မွေးပညာရပ်တစ်ခု  ကိုသွားစေချင်ဟန်။သို့သော် ကိုယ့်ပညာရေး ရည်ရွယ်ချက်ကို လမ်းကြောင်းပေးသူ ညွှန်ပြပေးသူမရှိခဲ့ပါဘူး။ ကျွန်တော့် အတွက် ဘုရားပေးလက်ဆောင်တစ်ခု ဟု ဆိုလို့ရသည့် ထီရောင်းသူ အစ်မ တစ်ယောက်က ညွှန်ပြပေးရင်းကနေ အင်ယာ ကျောင်းကို တက်ဖြစ်ခဲ့ပါတယ်။ ကျောင်းတက်နေရင်းကာလတွေမှာ အဖေ နဲ့ မကြာခဏဆိုသလို ပြဿနာများဟာ တက်နေခဲ့ တက်နေမြဲပါ။ စဉ်စားမိသွားတာ တစ်ခုက ကျွန်တော်တို့ သားဖနှစ်ယောက် ရှိမလာခင် ကတည်းက သားနဲ့ အဖေ အဖေ နဲ့သား မပြေလည်သူတွေ တော့ ရှိခဲ့မှာပဲ။နောက်လည်း ရှိဦးမှာ...

လူကို လူဖြင့် ပြန်လည် ကုစားခြင်း

၁)များပြားလာတဲ့ အလုပ်တာဝန်တွေ နဲ့ စာကြည့်တိုက်မှူး လူငယ့်အားမာန်စာကြည့်တိုက်မှူး ဟာ ခေတ်ပညာတတ် မိန်းကလေးတစ်ဦးပါ။ သူဟာ သာဝတ္ထိ တစ်ယောက်ဖြစ်ကြောင်း အထူးထောက်ခံချက် မလိုပါဘူး ။ ဘူးတီး နဲ့ ဝက်တား ဆိုရင် သာဝတ္ထိသူ သာဝတ္ထိသားပါပဲ ဒါဟာလည်း ငယ်စဉ်က ရှက်စရာ ကောင်းလို့ ပီပြင်အောင်ပြောခဲ့ကြသလို အသက်ရွယ်ရလာချိန်မှာ တစ်နည်း ချစ်စရာ့ စကားသံ တစ်ခု ဖြစ်လာခဲ့တာပါပဲ။ သူမဟာ အသက်အရွယ်အားဖြင့် သုံးဆယ်ဝန်းကျင် ၊ အသားညိုညို ၊ ဆံပင်ရှည်ရှည် ၊ အရပ်အမောင်း ကောင်းကောင်း နဲ့ ကလေးတွေကို ပြုစုပျိုးထောင်ပေးနေသူ တစ်ယောက်ပါ။ စာကြည့်တိုက်တာဝန်ဝတ္တရားများ အနေဖြင့် ၊ အသစ်ဝင်သော စာဖတ်သူ အသစ်များ စာရင်းသွင်းခြင်း၊စာအုပ်အသစ်များ ရရှိလာခဲ့သော် စာရင်းသွင်းခြင်း၊ တံဆိပ်တုံးထုခြင်း၊တစ်ပတ် နှစ်ရက် စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ စာအုပ်ငှား၊စာအုပ်အပ်၊စာကြည့်တိုက်စာလာဖတ်သူ စာရင်း၊စာဖတ်ရှိန် မြင့်တင့်ခြင်း Activity တစ်လတစ်ကြိမ်ဆောင်ရွက်ခြင်း၊ပုံပြောပြောခြင်း၊ပုံဆွဲလေ့ကျင့်စေခြင်း၊နှစ်ယောက် တစ်တွဲ သုံးယောက်တစ်တွဲ စာဖတ်စေခြင်း၊အုပ်စုလိုက်စာဖတ်ပြီး ပြန်လည် ရှင်းပြစေခြင်း၊ကွန်ပျူတာ အခြေခံသင်တန်း၊Scratch Programming အခြေခံ သင်တန်း၊အင်တာ...

အားကောင်းမောင်းသန် စီးဆင်းလာသော မြစ်တစ်စင်းအတွက် ရပ်တန့်စေသော Covid-19

Image
ရွှေဘိုမြောက်ခြမ်း မှ ရွာကလေးတစ်ရွာ ၊ ပညာရေးကို ကြိုးစားမြင့်တင့်လိုသော ရွာကလေး။ စာကြည့်တိုက်ဦးဆောင်သူများ မှ တဆင့် ချိပ်ဆက်ကာ ရန်ကုန်မြို့ ဆရာကြီး ဦးမြကြိုင် ပညာဒါန သို့ နှစ်စဉ် နှစ်တိုင်း လျှောက်လွှာတင်ပြီး လျှောက်ထားခဲ့ပါသည်။ ယခုနှစ်ပါဖြင့်ဆို သုံးနှစ်မြောက် သုံးကြိမ်မြောက် ရှိခဲ့ပါပြီ ။ (၂၀၁၈,၂၀၁၉,၂၀၂၀) တစ်ဆက်တည်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ တစ်နှစ် နှင့် တစ်နှစ် ပြောင်းလဲလာ၊ စိတ်ဝင်စားမှုမြင့်လာပြီး ပညာရေး ကို တိုးတက်မြင့်မားလိုသော နီးစပ်ရာ ကျေးရွာများဖြင့် ပူးပေါင်းခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ကျောင်းသားအင်အား ခန့်မှန်း ၄၀၀ ဝန်းကျင်ခန့် တက်ရောက်လာသည်ကို တွေ့ရပါသည်။ အခက်အခဲပေါင်းများစွာဖြင့် ချိပ်ဆက်ဆောင်ရွက်ရသည်ဖြစ်သည့်အတွက် စိတ်မော လူမော ဖြစ်ခဲ့ရသည်များလည်း ရှိပါသည်။ မည်သို့ပင် ခက်ခဲစေသော်လည်း အင်္ဂလိပ် နှင့် အင်တာနက် မတတ် မြို့မတက် နဲ့ လို့ ပြောမယ်ဆိုရင် ပြောလို့ရပါသည်။ တစ်ဆက်တည်း တက္ကသိုလ်ပညာရေး ကိုပဲ သွားသွား အပြင်အလုပ်အကိုင်အခွင့်အလမ်းဘက်ကိုပဲ သွားသွား ထို နှစ်ချက် သည် များစွာ လိုအပ်ပါသည်။ သာဝတ္ထိအပြင် ၊ ရွှေကာ ၊ မုံလှ ၊ သရက်ကုန်း ၊ မြင်းကျ ရွာများ ဖြင့် ပူးပေါင်းပြီး နောက်နှစ်များ...

၂၀၂၀ ခုနှစ် အင်္ဂလိပ်စာသင်တန်း ငွေစာရင်း ရှင်းတမ်း

Image
စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေး စင်တာ မှ တတိယအကြိမ်မြောက် ဦးဆောင် ကျင်းပသော ၂၀၂၀ ခုနှစ် အင်္ဂလိပ်စာသင်တန်း ငွေစာရင်း ရှင်းတမ်း ၂၀၂၀ ခုနှစ် အင်္ဂလိပ်စာသင်တန်း အတွက် စုစုပေါင်း အလှူငွေ - ၆၅၂၅၀၀ ကျပ် ၂၀၂၀ ခုနှစ် အင်္ဂလိပ်စာသင်တန်း အတွက် အသုံးပြုငွေ- (-) ၅၆၆၈၅၀ ကျပ် _________________________________________________ ၂၀၂၀ ခုနှစ် အင်္ဂလိပ်စာသင်တန်း လက်ကျန် ရန်ပုံငွေ - ၈၅၆၅၀ ကျပ်